Wednesday 24 December 2014

ကျိုက်ထိုတွင် ကမ္ဘာလှည့်ခရီးသွားတစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မွန်ပြည်နယ် ကျိုက်ထိုတွင်ဒီဇင်ဘာ ၂၀ ရက်နေ့က ကမ်္ဘာလှည့် ခရီးသွား တစ်ဦးအား အဓမ်္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကျိုက်ထိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““တရားခံကို ဖမ်းမိပါပြီ။ဒေသခံထဲက အလုပ်သမားတစ်ဦးပါပဲ။အခုစစ်ဆေးနေ ပါတယ်””ဟု ၎င်းင်းက ပြောသည်။

ဖစ်စဉ်မှာ ဒီဇင်ဘာ ၂၀ရက်နေ့တွင် ကျိုက်ထီးရိုးခြေကျင်တောင်တက်လမ်း ကျိုက်ထို ကင်မွန်းချောင်း ကျေးရွာအနီးတွင် ပီးရူးနိုင်ငံသူ ခရီးသွားဧည့်သည်တစ်ဦးအား စွန်းကျေးရွာနေ ကျားကြီး(ခ)ဇော်မင်းလတ် မှာ အဓမ်္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကိစ်္စနှင့်ပတ်သက်၍ခရီးသွားလုပ်ငန်းရှင်တစ်ဦးမှ““မဖြစ်သင့်တဲ့ ကိစ်္စတစ်စုပါပဲ၊ အခုလို ခရီးသွား ကာလမှာ နိုင်ငံရဲ့ပုံရိပ်ကိုလည်း ကျစေပါတယ်။ ခရီးသွားလုပ်ငန်းကိုလည်း ခြိမ်းခြောက်ရာရောက်ပါတယ်””ဟု ၎င်းင်းက ပြောသည်။

အထက်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအားကင်မွန်းချောင်း နယ်မြေရဲစခန်းမှအလို မတူဘဲ သားမယားပြုကျင့်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကျိုက်ထိုမြို့နယ် ရဲစခန်းမှ သိရသည်။

VenusNews  

No comments:

Post a Comment