Wednesday 24 December 2014

ယာဉ်တင် သွင်းမှုပါမစ် လျှောက်ထားရက် တိုးမြှင့်ရန် တောင်းဆို ပါမစ်မကပ် ရသေးသော ဆိပ်ကမ်းရောက်ပြီး ကားများ အသိမ်းခံ ရဖွယ်ရှိနေ

Photo: လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်
Wednesday, December 24, 2014

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုမိန့် တင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း အရေးယူ ဆောင်ရွက်ရန် ရှိ မရှိကိုမူ ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် မပြောနိုင်ကြောင်း ဒဂုံမြို့မရဲစခန်းက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး နယ်နိမိတ် အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက မြေကော်စက်၊ ဘက်ဖိုးများဖြင့် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် စီမံကိန်း နယ်မြေအတွင်းရှိ လိပ်ခွံတောင် အနီးတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့ အနောက်ဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်းဒေသရှိ ဒေသခံ ဆန္ဒပြသူများကို နှိမ်နင်းမှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီကြောင်း၊ ဆက်လက်ဖြစ်ပွားလာမည့် အခြေအနေများကို အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်မိကြောင်း၊ မြန်မာအစိုးရ အနေနှင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းရပ်တန့်ရေး ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း မီးလောင်ဗုံးဖြင့် အင်အားသုံး ဖြိုခွဲခဲ့ဖူးပြီး ဦးဆောင် သံဃာတော်များနှင့် ပြည်သူအချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

The Voice Weekly
တင်သွင်းမော်တော်ယာဉ်များထားရှိသော သီလ၀ါဆိပ်ကမ်းအတွင်းမြင်ကွင်းကို တွေ့ရစဉ်။ ရန်ကုန် ဆိပ်ကမ်း ရောက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းခွင့် ပါမစ်မပြနိုင်သောကားများကို နိုင်ငံပိုင် အဖြစ် သိမ်းယူမည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည) 
ယခု ၂၀၁၄ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက် လွှာများကို ဒီဇင်ဘာ ၂၄ရက် နောက် ဆုံးထားလျှောက်ထား ရန်သတ်မှတ် ထားခြင်းကို ရက်တိုးမြှင့်ပေးရေး တင်ပြထား သော်လည်း အကျိုးသက် ရောက်မှုမ ရှိသဖြင့် အခက် အခဲများစွာ ရှိနေသည် ဟုမြန်မာနိုင်ငံမော် တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချသူများအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မော်တော်ယာဉ်တင်သွင်းမှု ပါမစ်လျှောက်လွှာ အမျိုးအစားအားလုံးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထားပြီး ပါမစ်လျှောက်ထား ရမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်း တင်သွင်း ခွင့်ပါမစ် လျှောက်ထား မှုများကို ရပ်ဆိုင်းထားမည်ဟုလည်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာကြီးကြပ် မှုကော်မ တီက ထုတ်ပြန် ထားသည်။

မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်လျှောက်လွှာများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နောက်ပိုင်းမှသာ ပြန်လည်လက်ခံ ဆောင်ရွက် မည်ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အတွက် ၎င်းသတ်မှတ် ရက်ကို တိုးမြှင့်ပေးရန် တောင်းဆို ထားခဲ့ပြီး အစိုးရအဖွဲ့က အကြောင်းပြန် ကြားခြင်း မရှိဘဲဖြစ် နေသည်ဟု ဆိုသည်။ အသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်းက “တင်သွင်း ခွင့်ရက် သတ်မှတ်ချက် တိုးမြှင့်ပေးဖို့ တောင်းဆို တာက အခုထိ အကြောင်း မပြန်သေးတော့ (ဒီဇင်ဘာ ၂၃ ရက်မွန်း လွဲ ၂ နာရီအထိ) သတ်မှတ် ရက်အတိုင်း သွားရမယ ပုံစံဖြစ်နေ ပါတယ်”ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၃၁ ရက်အတွင်း တင်သွင်းခွင့် ပါမစ်မကျဘဲ ရန်ကုန်ဆိပ်ကမ်း တွင်ရောက်ရှိနေသည့် ကားများ ကိုလည်း နိုင်ငံတော် ဘဏ္ဍာပိုင် အဖြစ်သိမ်း ယူသွား မည်ဟုလည်း ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ ပါမစ်လျှောက်လွှာ မကျသေးဘဲ ကြိုတင်ကားတင်သွင်း သူများသည် အခက်အခဲ များဖြစ်နေ သည်ဟု၎င်း အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြော ကြားသည်။

၎င်းက “ဒီနေ့မှ လျှောက်ရမယ်ဆိုတဲ့ ကားပါမစ်က ဒီဇင်ဘာ ၃၁ ရက်အတွင်း ကျဖို့မသေချာဘူး။ တကယ် လို့ ဒီဇင်ဘာ ၃၁ ရက်အထိ ပါမစ်မကျဘူး ဆိုရင်ဆိပ် ကမ်းမှာ ရောက်နေတဲ့ ကားတွေက နိုင်ငံတော်ပိုင် အဖြစ် သိမ်းတဲ့ အထဲမှာ အကျုံးဝင်သွားပြီ။ အဲဒါကြောင့် အရမ်းကို ခက်ခဲနေတာပါ”ဟု ပြောသည်။

ထို့အတူ အိုဟောင်းယာဉ် အစားထိုးပါမစ်ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို လက်ရှိတွင် အခွန် ကောက်ခံမှု ၂၀ ရာခိုင်နှုန်း လျှော့ချပေး ထားသည်။ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပါမစ်ရရှိပြီး တင်သွင်း သည့် အိုဟောင်းအစားထိုးယာဉ်များကိုလည်း အခွန်လျှော့ပေါ့ခွင့်ပေးတော့မည် မဟုတ်ဟု မော်တော် ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီက ထုတ်ပြန် ထားပြီးဖြစ်သည်။

၎င်းအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးကျော်စွာက “သတ်မှတ်ရက်က တစ်ရက်ပဲ ကျန်တော့ တာပါ။ အခုဆိုရင် (ဒီဇင် ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ) စီးပွား/ ကူးသန်းရုံးမှာ ပါမစ်လျှောက် တဲ့သူတွေ ပုံပြီး တော် တော်ဒုက္ခဖြစ်နေတယ်။ နောက်တစ်ချက်က သင်္ဘော တင်ထားပြီးဖြစ်နေ တဲ့ကား တွေကလည်း ပါမစ်ကျ မယ့်ရက်နဲ့ မကိုက် ရင် အသိမ်းခံရ မလိုတောင်ဖြစ် နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှု မြင့်မား လာသဖြင့် ၎င်းကိုဖြေရှင်းရန် ကား ရပ်နားရန်နေရာ ရှိသူ များ ကိုသာတင်သွင်း ခွင့်ပြုမည့် အစီအစဉ် ကိုလည်း ဖော်ဆောင် လျက်ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment