Wednesday 24 December 2014

လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်

Photo: လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်
Wednesday, December 24, 2014

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုမိန့် တင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း အရေးယူ ဆောင်ရွက်ရန် ရှိ မရှိကိုမူ ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် မပြောနိုင်ကြောင်း ဒဂုံမြို့မရဲစခန်းက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး နယ်နိမိတ် အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက မြေကော်စက်၊ ဘက်ဖိုးများဖြင့် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် စီမံကိန်း နယ်မြေအတွင်းရှိ လိပ်ခွံတောင် အနီးတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့ အနောက်ဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်းဒေသရှိ ဒေသခံ ဆန္ဒပြသူများကို နှိမ်နင်းမှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီကြောင်း၊ ဆက်လက်ဖြစ်ပွားလာမည့် အခြေအနေများကို အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်မိကြောင်း၊ မြန်မာအစိုးရ အနေနှင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းရပ်တန့်ရေး ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း မီးလောင်ဗုံးဖြင့် အင်အားသုံး ဖြိုခွဲခဲ့ဖူးပြီး ဦးဆောင် သံဃာတော်များနှင့် ပြည်သူအချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

The Voice Weekly
တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်း ပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့ တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုမိန့် တင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း အရေးယူ ဆောင် ရွက်ရန် ရှိ မရှိကိုမူ ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် မပြောနိုင်ကြောင်း ဒဂုံမြို့မရဲစခန်းက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး နယ်နိမိတ် အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက မြေကော်စက်၊ ဘက်ဖိုးများဖြင့် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် စီမံကိန်း နယ်မြေအတွင်းရှိ လိပ်ခွံတောင် အနီးတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ် ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့ အနောက်ဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်းဒေသရှိ ဒေသခံ ဆန္ဒပြသူများကို နှိမ်နင်းမှု တွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီကြောင်း၊ ဆက်လက်ဖြစ်ပွားလာမည့် အခြေ အနေ များကို အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်မိကြောင်း၊ မြန်မာအစိုးရ အနေနှင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းရပ်တန့်ရေး ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော် များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း မီးလောင်ဗုံးဖြင့် အင်အားသုံး ဖြိုခွဲခဲ့ဖူးပြီး ဦးဆောင် သံဃာတော်များနှင့် ပြည်သူအချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

The Voice Weekly 

No comments:

Post a Comment