Wednesday 24 December 2014

ကိုယ်ဝန်ဖျက်ချပြီးမှ ကလေးလိုချင်လာ၍ ကိုယ်ဝန်ဆောင် ဗိုက်အတွင်းမှ ကလေးကို ထုတ်ယူ

Photo: ကိုယ်ဝန်ဖျက်ချပြီးမှ ကလေးလိုချင်လာ၍ ကိုယ်ဝန်ဆောင် ဗိုက်အတွင်းမှ ကလေးကို ထုတ်ယူ
Wednesday, December 24, 2014

ကိုယ်ဝန်ရှိချိန်တွင် အသက်မပြည့် သောကြောင့် ကိုယ်ဝန်ဖျက်ချခဲ့သည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက နောင်တရ ပူဆွေး နေရာမှ သူ ဖျက်ချ မိသည့် ကလေး နေရာတွင် အစားထိုးရန် ကိုယ်ဝန်သည် တစ်ဦးကို သတ်ကာ ဗိုက်တွင်းမှ မမွေးသေးသည့် ကလေးကို ထုတ်ယူခဲ့မှု မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ကိုယ်ဝန်အရင့်အမာ ရှိနေပြီ ဖြစ်သည့် အသက် ၂၀ အရွယ် နက်တလီ ကားတက်စ် လီယွန်ဆိုသည့် အမျိုးသမီးသည် ကလေးထိန်း တစ်ဦးကို ဖေ့ဘုတ်တွင် ရှာဖွေခဲ့ရာ အသက် ၁၇ နှစ် အရွယ် ဆယ်လီနက်စ် ဟာနန်ဒက်ဇ်နှင့် ဆက်သွယ်မိ ခဲ့သည်။ အွန်လိုင်းတွင် ထိုသို့ တွေ့ ဆုံပြီးနောက်တွင် ကိုယ်ဝန်ရှစ်လ ရှိသူ နက်တလီက ဟာနန်ဒက်ဇ် အိမ်သို့ အလည်သွား ခဲ့သည်။ နက်တလီက ဟာနန်ဒက်ဇ် အိမ်တွင်းသို့ လှမ်းဝင်ရောက်ရှိလျှင် ရောက်ရှိချင်းပင် ဟာနန်ဒက်ဇ်က နက်တလီ၏ ခေါင်းအား တုံးသည့် အရာဝတ္ထုဖြင့် ရိုက်ပစ်သည်ဟု ဆိုသည်။ အကြိမ်များစွာလည်း ထိုးကြိတ်ကန်ကျောက် ခဲ့သည်ဟု သိရသည်။ ဆိုးဆိုးဝါးဝါး ဝေဒနာ များဖြင့် နက်တလီ သေ ဆုံး ခဲ့ပြီးနောက် ဗိုက်တွင်းမှ ကလေးကို  ခွဲထုတ်ယူခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်သည် တမ်မူလီပတ်စ် ပြည်နယ် ရေနိုဆာမြို့  တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက် တုန်လှုပ်သွား ရသည့် မှုခင်းလည်း ဖြစ်သည်။

အစပိုင်းတွင် နက်တလီ ပျောက်ဆုံးမှု သတင်းများသာ ထွက်နေခဲ့ပြီးမှ ဟာနန်ဒက်ဇ်က ကလေးအသေ မွေးပါသည်ဟု ငိုယိုကာ ဆေးရုံ သို့ ရောက်ရှိလာ ခဲ့ရာမှ လူသတ်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ဟာနန်ဒက်ဇ်က ကလေးအသေလေး မွေးသည်ဟု တတွတ်တွတ် ပြောနေ သော်လည်း ဆရာဝန်များက သူသည် ကလေးမိခင် မဟုတ်ကြောင်း ချက်ချင်းပင် ရိပ်မိခဲ့သည်။

ကလေးသည် သဘာဝအလျှောက် သေဆုံးခြင်း မဟုတ်ကြောင်း၊ မိခင်ဖြစ်သူ သေဆုံး၍ ဗိုက်တွင်း မွန်းကျပ် သေဆုံးခြင်းသာ ဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ ရဲများက ဟာနန်ဒက်ဇ်အား စစ်ဆေး မေးမြန်း ချိန်တွင်မှ ကလေးမိခင်ကို ပြီးခဲ့သည့် ရက်အတွင်းက သတ်ဖြတ် ခဲ့သည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဟာနန်ဒက်ဇ် အိမ်သို့ ရဲများ သွားရောက်ရှာဖွေရာ ရုပ်ဆင်း ပျက်နေသည့် လူသေလောင်း တစ်လောင်း ကို တွေ့ ရှိခဲ့သည်။

ဟာနန်ဒက်ဇ်သည် ရည်းစားဖြစ်သူနှင့် လွန်ကျူးခဲ့ပြီးမှ ကိုယ်ဝန်ရလာချိန်တွင် အသက်မပြည့် သေးသောကြောင့် ကြောက်လန့်ကာ ကိုယ်ဝန် ကို ဖျက်ချခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင်မူ ဖျက်ချလိုက်သည့် ရင်သွေးအတွက် အကြီးအကျယ် နောက်တရကာ စိတ်ထိခိုက်ပြီး ယခုကဲ့သို့ အသိစိတ်မဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese  

သတ်ဖြတ်ခံလိုက် ရသည့် ကိုယ်ဝန်ဆောင် မိခင် နတ်တလီ

သတ်ဖြတ်ခံလိုက် ရသည့် ကိုယ်ဝန်ဆောင် မိခင် နတ်တလီ
ကိုယ်ဝန်ရှိချိန်တွင် အသက်မပြည့် သောကြောင့် ကိုယ်ဝန်ဖျက်ချခဲ့သည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက နောင်တရ ပူဆွေး နေရာမှ သူ ဖျက်ချ မိသည့် ကလေး နေရာတွင် အစားထိုးရန် ကိုယ်ဝန်သည် တစ်ဦးကို သတ်ကာ ဗိုက်တွင်းမှ မမွေးသေးသည့် ကလေးကို ထုတ်ယူခဲ့မှု မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ကိုယ်ဝန်အရင့်အမာ ရှိနေပြီဖြစ်သည့် အသက် ၂၀ အရွယ် နက်တလီကားတက်စ် လီယွန် ဆိုသည့် အမျိုးသမီးသည် ကလေးထိန်းတစ်ဦးကို ဖေ့ဘုတ်တွင်ရှာဖွေခဲ့ရာ အသက် ၁၇ နှစ် အရွယ် ဆယ်လီနက်စ် ဟာနန်ဒက်ဇ်နှင့် ဆက်သွယ်မိခဲ့သည်။ အွန်လိုင်းတွင်ထိုသို့ တွေ့ ဆုံပြီးနောက်တွင် ကိုယ်ဝန် ရှစ်လရှိသူ နက်တလီက ဟာနန်ဒက်ဇ် အိမ်သို့ အလည်သွားခဲ့သည်။ နက်တလီက ဟာနန်ဒက်ဇ် အိမ်တွင်း သို့ လှမ်းဝင်ရောက်ရှိလျှင် ရောက်ရှိချင်းပင် ဟာနန်ဒက်ဇ်က နက်တလီ၏ ခေါင်းအား တုံးသည့် အရာ ဝတ္ထုဖြင့် ရိုက်ပစ်သည်ဟုဆိုသည်။ အကြိမ်များစွာလည်း ထိုးကြိတ်ကန်ကျောက် ခဲ့သည်ဟုသိရသည်။ ဆိုးဆိုးဝါးဝါး ဝေဒနာများဖြင့် နက်တလီ သေဆုံးခဲ့ပြီးနောက် ဗိုက်တွင်းမှကလေးကို  ခွဲထုတ်ယူခြင်း ဖြစ် သည်။ ယင်းဖြစ်ရပ်သည် တမ်မူလီပတ်စ် ပြည်နယ် ရေနိုဆာမြို့  တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက် တုန်လှုပ်သွား ရသည့် မှုခင်းလည်း ဖြစ်သည်။

အစပိုင်းတွင် နက်တလီ ပျောက်ဆုံးမှု သတင်းများသာ ထွက်နေခဲ့ပြီးမှ ဟာနန်ဒက်ဇ်က ကလေးအသေ မွေးပါသည်ဟု ငိုယိုကာ ဆေးရုံသို့ ရောက်ရှိလာခဲ့ရာမှ လူသတ်မှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဟာနန်ဒက်ဇ် က ကလေးအသေလေး မွေးသည်ဟု တတွတ်တွတ် ပြောနေ သော်လည်း ဆရာဝန်များက သူသည် ကလေးမိခင် မဟုတ်ကြောင်း ချက်ချင်းပင် ရိပ်မိခဲ့သည်။

ကလေးသည် သဘာဝအလျှောက် သေဆုံးခြင်း မဟုတ်ကြောင်း၊ မိခင်ဖြစ်သူ သေဆုံး၍ ဗိုက်တွင်း မွန်းကျပ် သေဆုံးခြင်းသာ ဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ ရဲများက ဟာနန်ဒက်ဇ်အား စစ်ဆေး မေးမြန်း ချိန်တွင်မှ ကလေးမိခင်ကို ပြီးခဲ့သည့် ရက်အတွင်းက သတ်ဖြတ် ခဲ့သည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဟာနန်ဒက်ဇ် အိမ်သို့ ရဲများ သွားရောက်ရှာဖွေရာ ရုပ်ဆင်း ပျက်နေသည့် လူသေလောင်း တစ်လောင်း ကို တွေ့ ရှိခဲ့သည်။

ဟာနန်ဒက်ဇ်သည် ရည်းစားဖြစ်သူနှင့် လွန်ကျူးခဲ့ပြီးမှ ကိုယ်ဝန်ရလာချိန်တွင် အသက်မပြည့် သေးသော ကြောင့် ကြောက်လန့်ကာ ကိုယ်ဝန် ကို ဖျက်ချခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင်မူ ဖျက်ချလိုက်သည့် ရင်သွေးအတွက် အကြီးအကျယ် နောက်တရကာ စိတ်ထိခိုက်ပြီး ယခုကဲ့သို့ အသိစိတ်မဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese  

No comments:

Post a Comment