Wednesday 24 December 2014

တရုတ်သို့ ရေနံပို့လွှတ်ရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းအသင့်ဖြစ်ပြီ ရခိုင်ကမ်းရိုး တန်းနှင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံစိုးရိမ်

ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တန်ချိန်တစ်သိန်းထိ တင်ဆောင်နိုင်သောရေနံ တင်သင်္ဘော များလာ မည့် ဇန်န၀ါရီလ တွင်စတင် ဆိုက် ကပ်တော့ မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်ခင် ကပြောသည်။

အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် သယ်ဆောင် လာမည့် ရေနံများကို ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းတွင် အခြေစိုက်သည့် တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီ CNPC ၏ ရေနံလှောင် ကန်များတွင် ထားရှိကာ တရုတ်သို့ပိုက် လိုင်းဖြင့်ပို့ လွှတ်ရန် စီစဉ် ထားသည်။

“တရုတ်နိုင်ငံ လောင်စာဆီအတွက် အဓိကထားမှာ။ မြန်မာအစိုးရ ဘက်ကတော့ သိုလှောင် ထားတာ။ ပိုက် လိုင်းဖြတ်သန်း တာအတွက် အကျိုးခံ စားခွင့်ရမှာ” ဟု ဦးကျော်ခင်က ဆိုသည်။

ဇန်န၀ါရီလတွင် ဆိုက်ကပ်မည့် ရေနံတင် သင်္ဘော များတွင် တစ်ကြိမ်ဆိုက် ကပ်ပါက တန်ချိန်သုံး သိန်းထိ ပါဝင်မည် ဖြစ်ပြီး တစ်လလျှင် အများဆုံး သုံးခေါက် ထိ ဆိုက်ကပ် ရန်ရှိ သည်ဟု ၎င်းကပြောသည်။

ဒေသခံတို့ကမူရေနံတင် သင်္ဘောများ ဆိုက်ကပ်ပါက ဆိပ်ကမ်း အတွင်း ရေနံယိုဖိတ် မှုများနှင့် မတော်တဆ မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် အသက် အန္တရာယ် ထိခိုက်ပါ ကမည်သို့ တာဝန်ယူမည်နည်းဟု မေးခွန်း ထုတ်သည်။

“အစိုးရအတွက် အကျိုးရှိချင်ရှိမယ်ဒေသက ရေလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် ဒီနေရာမှာ အခက်အခဲ ဖြစ်သွားမယ်။ ဒီနေရာက မတော်တဆမှု တစ်ခုခုဖြစ် ရင် ဘယ်လိုတာဝန် ယူမလဲ။ ဒါကို ကျေကျေလည် လည် ပြောမသွားဘူး” ဟု မဒေးကျွန်းဒေသ ခံဦးထွန်းကြည်က ပြောသည်။

ကျောက်ဖြူမြို့ရှိ မဒေး ကျွန်းတွင် ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်ရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၁ ရက်က ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် စွမ်းအင်ဝန် ကြီးနှင့် အတူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင် အုန်း တို့က ကျောက်ဖြူဒေသခံ များနှင့်တွေ့ ဆုံကြသော်လည်း ယင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းစွာ မသိ ရဟု ဒေသခံ အချို့ ကဆိုသည်။

မဒေးကျွန်း၌ CNPC က ဆောက်လုပ် ထားသော ရေနံလှောင် ကန်များတွင် သိုမှီးကာ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေလုပ်ကွက်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ နှင့်အတူ ပိုက်လိုင်းချင်း ယှဉ်တွဲကာ တရုတ် နိုင်ငံသို့ ပို့လွှတ်ရန် စီစဉ်ထား ပြီးဖြစ်သည်။

“ရေနံယိုဖိတ်မှုဖြစ်ရင် ငါးဖမ်း လုပ်ငန်းနဲ့ အသက်မွေးတဲ့ ကမ်းရိုးတန်း တစ်ခုလုံး ထိခိုက်မှာပဲ။ အစိုးရက တာဝန် ယူတယ်လို့ ပြောသွားတယ်။ တိကျတဲ့ အာမခံ ချက်တော့ ဘာမှမရှိဘူး။ စကားတွေ ပဲရှိတယ်” ဟု ကျောက်ဖြူ ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းများ စောင့်ကြည့်ရေး အဖွဲ့မှ ဦးအေးစံက ဆိုသည်။

အဆိုပါ ရေနက်ဆိပ် ကမ်းစီမံကိန်း အပါ အ၀င် ရခိုင်ဒေသ ရှိစီမံ ကိန်းများ အကောင် အထည် ဖော်မှုဒေသသို့ အကျိုးအမြတ် ခွဲဝေမှုနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော်တွင် ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြည် ထောင်စုအစိုးရကသာ စီမံခွင့်ရှိ၍ အခက်တွေ့နေရသည်ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆိုသည်။

“စီမံကိန်းတွေကို လက်မှတ်ထိုး ကတည်းက ရေနံဖိတ်စင် မှုတွေကို ကြိုတင်စီစဉ် ထားပြီးသားလို့ အစိုးရ အဖွဲ့က ဖြေထားတယ်။ ဒေသရပိုင် ခွင့်အတွက် ပြည်ေ ထာင်စု အစိုးရက ခွဲပေးမှ ရမယ်။ ပြည်နယ် ကတောင်း ခွင့်မရှိဘူး” ဟု ဦးအောင်မြကျော် က ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝဓာတ်ငွေ့နှင့် အရှေ့အလယ်ပိုင်း ရေနံများကို ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ပိုက်လိုင်း များဖြင့် ပို့ဆောင် မည်ဖြစ်သည်။

ရေနံပိုက်လိုင်းမှ တစ် နှစ်လျှင် ပီပါလေးသိန်းခွဲအထိ တင်ပို့မည် ဖြစ်ပြီး မြန်မာနိုင်ငံက ဆယ်ပုံတစ်ပုံ သုံးစွဲခွင့် ရမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ စွမ်းအင် ၀န် ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဒီဇင်ဘာ ၂၁ရက် တွင် ဒေသခံတို့ကို ပြောသည်။

ထို့ပြင် တစ်ရက်လျှင် ကုဗပေ ၃၉၉ သန်း ထုတ်လုပ်နေသည့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံ သို့ နေ့စဉ် ကုဗပေ ၃၇၉သန်းပို့ လွှတ်နေကာ ကျန်သော ကုဗပေများကို မြန်မာနိုင်ငံကရယူ သုံးစွဲနေသည် ဟု စွမ်းအင်ဝန်ကြီးဌာန စာရင်းများကဆိုသည်။

အဆိုပါ ပိုက်လိုင်းများကြောင့် ပြည်ထောင်စုအစိုးရက နှစ်ပေါင်း ၃၀ အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံခန့် ၀င်ငွေရမည်ဟု ရွှေဂက်စ် လှုပ်ရှား မှုအဖွဲ့က ယမန်နှစ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံ စာ တွင် ခန့်မှန်းထားသည်။

သို့သော်ပိုက်လိုင်းများကြောင့် မြန်မာပြည်သူတို့၏လယ်ယာမြေ ဆုံးရှုံးမှုများ၊ ကြုံ တွေ့ရနိုင်သည့် အန္တရာယ်များ၊လျှပ်စစ်မီးပင်မ ရသေးသောဒေသ တို့ကိုဖြတ် သန်း မည်ဖြစ်သော်လည်း အကျိုးခံစားခွင့် မရှိ ခြင်းများကြောင့် စီမံကိန်းကို ရပ်ဆိုင်းထား သင့်သည်ဟု မှတ်ချက်ပြု ထားသည်။

အမေရိကန်အခြေစိုက် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဌာန Natural Resource Governance Institute ၊ ၀င်ငွေစောင့်ကြည့်ရေးအဖွဲ့ Revenue Watch Institute ၏ ယမန်နှစ် အစီရင်ခံစာကလည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သယံဇာတစီမံခန့်ခွဲမှု အားအနည်းဆုံးနိုင်ငံဖြစ်သည်ဟု ဖော်ပြထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment