Wednesday 24 December 2014

လက်ပံတောင်းတောင်ပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် NLD တို့မှ ထုတ်ပြန်ချက်မှာ အတုအယောင်ထုတ်ပြန်ချက်များသာဖြစ်သည်ဟု တာဝန်ရှိသူများပြောကြား

လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်ကြောင့် ဒေသခံများနှင့်ရဲတပ် ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွား ရခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံးနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ သဘော ထားထုတ်ပြန်သည်မှာ မဟုတ်မှန် ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။


ဆားလင်းကြီးမြို့နယ်ရှိ လက် ပံတောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်သတ်မှတ်ရန်အတွက် တရုတ် နိုင်ငံဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုးခတ် စဉ်လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့နှင့် ခြံစည်းရိုးမခတ်ရန် တားမြစ် ထား သည့်ဒေသခံများအကြား ဒီဇင်ဘာ ၂၂ရက်နေ့လယ်ပိုင်းမှစ၍ အပြန် အလှန်ပတ်ခတ်မှုများကြောင့် နိုင်ငံ တော်သမ္မတနှင့် NLD အဖွဲ့တို့မှ သဘောထားထုတ်ပြန်ချက်များလူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်နေသောကြောင့် ယင်းကဲ့ သို့ ငြင်းဆိုကြခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး သမ္မတ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ လူမှုကွန်ရက်စာမျက် နှာတွင် ''ဝမ်းနည်းဖွယ်ရာ၊ စိတ် မကောင်းဖွယ်ရာဖြစ်ရပ်တွေ ဖြစ် ပေါ်လာတဲ့အချိန်မှာ အချိန်ကိုက် ဆိုသလို ယမန်နေ့ကထွက်ရှိလာခဲ့တဲ့ သမ္မတရုံးကြေညာချက်အတုနှင့် NLD ကြေညာချက်အတုတွေဖြစ် ပါတယ်''ဟု ဒီဇင်ဘာ ၂၃ရက်က ဖြေရှင်းရေးသားထားသည်။

နိုင်ငံတော်သမ္မတရုံးက ထုတ် ပြန်ထားသည်ဟု ရေးသားထားသော သဘောထားထုတ်ပြန်ချက်စာရွက် တွင် အချက်ခုနစ်ချက်ပါရှိပြီးဖြစ်စဉ် တစ်ရပ်လုံးနှင့်ပတ်သက်၍ စိတ်အ နှောင့်အယှက်ဖြစ်ရသော တရုတ် နိုင်ငံသမ္မတကြီးနှင့်တကွ ဝမ်ပေါင် ကုမ္ပဏီမှတာဝန်ရှိလူကြီးမင်းများ အား မိမိတို့နိုင်ငံတော်အစိုးရအနေ ဖြင့် အထူးဝမ်းနည်းကြောင်းအစရှိ သည့်အကြောင်းအရာများကို ဖော် ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း''ယနေ့အွန်လိုင်းပေါ်တွင် တွေ့ရှိရသောအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ကြေညာချက် ၂၂/၁၂ /၁၄ သည် အတုအယောင်သာဖြစ်သည်''ဟု NLD ၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားမှုကို ပါတီ၏ ဗဟိုပြန်ကြားရေးဌာနအဖွဲ့ ဝင် ဦးကြည်တိုးက ၄င်း၏ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် လူမှုကွန်ရက်၌ ပြန်လည်မျှဝေခဲ့သည်။

NLD ၏သဘောထားထုတ် ပြန်ချက်ဟုရေးသားထားသည့် စာရွက် တွင်လည်း စီမံကိန်းများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံတော် စီမံကိန်းကို ပျက်စီးစေခြင်း၊ တာဝန်ရှိ သူများကို နှောင့်ယှက် တိုက်ခိုက်ခြင်း များကြောင့် ဒေသခံရွာသားများကို ဦးဆောင်နေသူတချို့အား ထိရောက်စွာ အရေးယူ သင့်ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်သူ ဒေသခံရွာသားများအား ထိထိရောက်ရောက် အရေးယူသင့်သည်ဟု ဖော်ပြထားကြောင်း သိရသည်။

SYMZ
Democracy today 

No comments:

Post a Comment