Wednesday 24 December 2014

လာမည့်နှစ်တွင် လျှပ်စစ် ဓာတ်အား (၅၀) ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်မည်

၂၀၁၅  ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲ နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ သတင်း ရရှိသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား (၃၀) ရာခိုင်နှုန်းသာ အသုံးပြု နိုင်သေးသည်။

လာမယ့် နှစ်အတွက် လျှပ်စစ် ဓာတ်အား (၂၀) ရာခိုင်နှုန်း အထိ တိုးမြှင့် ဖြန့်ဖြူးပေး နိုင်ဖို့ စီစဉ် ထားတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘတ်ဂျက် အနေအထား အပေါ်လည်း မူတည်တယ် ဟု လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ရုံးအဖွဲ့မှူး တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ လျှပ်စစ် ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးရာတွင် လျှပ်စစ် ဓာတ်အား မရရှိ သေးသည့် မြို့နယ် ကျေးရွာ များကို အဓိကထား ဖြန့်ဖြူပေး သွားမည် ဖြစ်ပြီး မဟာ ဓာတ်အားလိုင်း တစ်လျှောက် အနီးရှိ ဒေသ များကို ဦးစွာ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား ထပ်မံ တိုးမြှင့်ပေးရန် ရေအား လျှပ်စစ် စီမံကိန်းများ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ဖြန့်ဖြူးပေးသည့် စီမံကိန်းများ၊ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးသည့် စီမံကိန်း များကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား မရရှိ သေးသည့် မြို့နယ် (၁၇၂) မြို့နယ်မှ ကျေးရွာပေါင်း (၄၂၆၇၁) ရွာ ကျန်ရှိနေ သေးကြောင်း လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ သိရသည်။  မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း (၆၅၀၀၀) ခန့်ရှိသည်။

Messenger News Journal 

No comments:

Post a Comment