Wednesday 24 December 2014

တစ်လအတွင်း ကြည့်ရှုသူဦးရေ (၂၁)သန်းထိ ဖြစ်သွားခဲ့တဲ့ GD နဲ့ Taeyang ရဲ့ Good Boy မြူးဇစ်ဗီဒီယို

Kpop ရဲ့ လွှမ်းမိုးမှုကို တစ်ကမ္ဘာလုံးခံနေရတယ်လို့ဆိုရင် ပြန်ငြင်းဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ခု လည်း G Dragon နဲ့ Taeyang တို့ရဲ့ Good Boy မြူးဇစ်ဗီဒီယိုဟာ တစ်လအတွင်းမှာ ကြည့်ရှုသူ ၂၄သန်း ရှိသွားခဲ့ပါပြီ။ နိုဝင်ဘာ ၂၁ရက်ကမှ Youtube ပေါ်ရောက်ခဲ့တဲ့ ဒီသီချင်းဟာ တစ်လအတွင်းမှာ လူကြည့် များသွားခဲ့တာပါ။

မြူးဇစ်ဗီဒီယို တင်ပြီးတဲ့ နှစ်ပတ်အကြာလောက်မှာ ကြည့်ရှုသူ တစ်သန်းနီးပါး ရှိနေခဲ့တာပါ။ သတင်းပတ် ၄ပတ်ကြာမှာတော့ ကြည့်ရှုသူ ၁၈သန်းရှိသွားခဲ့ပါပြီ။ Kpop မြူးဇစ်ကို အများဆုံး ကြည့်ရှုကြတာကတော့ အရှေ့တောင်အာရှတစ်ခွင်ဖြစ်ပြီး အမေရိကားမှာလည်း ကြည့်ရှုသူဦးရေ တိုးလာကြောင်း သိရပါတယ်။

ဒီသီချင်းဟာ နိုဝင်ဘာလရဲ့ အကောင်းဆုံးအကသီချင်း (၁၀)ပုဒ်ထဲမှာ တစ်ပုဒ်အပါအ၀င်ဖြစ်သလို Billboard ရဲ့ လူကြည့်အများဆုံး Kpop မြူးဇစ်ဗီဒီယိုအဖြစ်လည်း ရွေးချယ်ခံထားရတာပါ။

Trend Myanmar 

No comments:

Post a Comment