Wednesday 24 December 2014

လက်ပံတောင်းတောင် အကြမ်းဖက်မှုသည် ၂၀၁၅ အတွက် သတိထားစရာဟု ရွှေည၀ါ ဆရာတော် မိန့်ကြား

Photo: လက်ပံတောင်းတောင် အကြမ်းဖက်မှုသည် ၂၀၁၅ အတွက် သတိထားစရာဟု ရွှေည၀ါ ဆရာတော် မိန့်ကြား 
Wednesday, December 24, 2014

ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်း ပဋိပက္ခနှင့် ပစ်ခတ်မှု များသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် သတိထား စရာ ပြယုဂ် တစ်ခု ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က မိန့်ကြားခဲ့သည်။  ရွှေည၀ါ ဆရာတော်ကြီးသည် မန္တလေးမြို့သို့ တရားပွဲ ကြွရောက်ရင်း လက်ပံ တောင်း တောင်ဒေသ အကြမ်းဖက်မှု များကို ကြားသိရ၍ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ဒေသခံ များထံ သွားရောက် အားပေးစဉ် ယခု ကဲ့သို့ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက် တာတော့ မကောင်းဘူး ပေါ့။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူ တွေကို ဒီလောက် လုပ်ဖို့ အမိန့်ပေးစရာ မလိုပါဘူး။ အဖြေ က ရှင်းနေပါတယ်။ ပြည်သူတွေ အုံကြွလာရင် အခုလို ပစ်ခတ်မယ် ဆိုတာကို သတိပေးလိုက် သလိုပဲ။ ၂၀၁၅ ကလည်း မကြာမီ လာတော့မယ် ဆိုတော့ အဲဒီ အတွက် ရင်လေး စရာပဲ။ သတိပေးလိုက် သလိုပဲ။ ၂၀၁၅ မှာ အုံကြွမှုတွေ ဖြစ်ရင် မင်းတို့ တစ်တွေကို ပစ်သတ်မယ်လို့ ဆိုလိုက် တာပဲ။ ပြည်သူတွေ လည်း သတိထား ရမယ့် အခြေအနေ ဖြစ်နေပါပြီ။

တခြားဒီမိုကရေစီ တိုင်းပြည်တွေမှာ လယ်သမား အလုပ်သမားတွေကို မြေတောင် မြှောက်ပေးပြီး မြှင့်တင် နေတယ်။ ကျုပ်တို့ တိုင်းပြည် မှာတော့ အသေသတ် နေတယ်။ လက်ပံတောင်း ဒေသခံ တွေကို နမူနာယူပြီး ကြည့်ကြပါ ဟု တုံကျေးရွာထိပ်တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ယင်းသို့ ဒေသခံ များအား သေနတ်များဖြင့် ပစ်ခတ် အကြမ်းဖက်မှု များသည် မဖြစ်သင့်၊ မလုပ်သင့်သည့် ကိစ္စများ ဖြစ်ကြောင်း၊ ခြံစည်းရိုး ခတ်လိုပါက ဒေသခံ များနှင့် အကျေအလည် ဆွေးနွေး ညှိနှိုင်းခြင်း ဖြင့်သာ အဖြေရှာ သင့်ကြောင်းလည်း ဆရာတော်က ထည့်သွင်း မိန့်ကြား ခဲ့သည်။ ရဲတပ်ဖွဲ့ ကိုလည်း အပြစ်ပြောလို့ မရပါဘူး။ အထက်က အမိန့်ပေးတော့ တပ်ဖွဲ့ ဝင် တစ်ယောက် အနေနဲ့ လုပ်လိုက်ရ တာပါ။ အခုလို လူ တစ်ယောက်ရဲ့ အသက် ကိုတော့ မတိုက်ခိုက်သင့် ပါဘူး။ ကိုယ့်မိဘ ဆွေမျိုး သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားလိုက်ပါ ဟု ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။ သေဆုံးသွားခဲ့ ရသူ အမျိုးသမီးနှင့် ဒဏ်ရာ ရရှိခဲ့သော ဒေသခံ မိသားစုဝင် များအား တတ်နိုင်သရွေ့ ကူညီ ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်းလည်း ရွှေည၀ါ ဆရာတော်က ထပ်ဆင့် မိန့်ကြားခဲ့သည်။

Messenger News Journal
ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်း ပဋိပက္ခနှင့် ပစ်ခတ်မှု များသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် သတိထား စရာ ပြယုဂ် တစ်ခု ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က မိန့်ကြားခဲ့သည်။  ရွှေည၀ါ ဆရာတော်ကြီးသည် မန္တလေးမြို့သို့ တရားပွဲ ကြွရောက်ရင်း လက်ပံ တောင်း တောင်ဒေသ အကြမ်းဖက်မှု များကို ကြားသိရ၍ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ဒေသခံ များထံ သွားရောက် အားပေးစဉ် ယခု ကဲ့သို့ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက် တာတော့ မကောင်းဘူး ပေါ့။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူ တွေကို ဒီလောက် လုပ်ဖို့ အမိန့်ပေးစရာ မလိုပါဘူး။ အဖြေ က ရှင်းနေပါတယ်။ ပြည်သူတွေ အုံကြွလာရင် အခုလို ပစ်ခတ်မယ် ဆိုတာကို သတိပေးလိုက် သလိုပဲ။ ၂၀၁၅ ကလည်း မကြာမီ လာတော့မယ် ဆိုတော့ အဲဒီ အတွက် ရင်လေး စရာပဲ။ သတိပေးလိုက် သလိုပဲ။ ၂၀၁၅ မှာ အုံကြွမှုတွေ ဖြစ်ရင် မင်းတို့ တစ်တွေကို ပစ်သတ်မယ်လို့ ဆိုလိုက် တာပဲ။ ပြည်သူတွေ လည်း သတိထား ရမယ့် အခြေအနေ ဖြစ်နေပါပြီ။

တခြားဒီမိုကရေစီ တိုင်းပြည်တွေမှာ လယ်သမား အလုပ်သမားတွေကို မြေတောင် မြှောက်ပေးပြီး မြှင့်တင် နေတယ်။ ကျုပ်တို့ တိုင်းပြည် မှာတော့ အသေသတ် နေတယ်။ လက်ပံတောင်း ဒေသခံ တွေကို နမူနာယူပြီး ကြည့်ကြပါ ဟု တုံကျေးရွာထိပ်တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ယင်းသို့ ဒေသခံ များအား သေနတ်များဖြင့် ပစ်ခတ် အကြမ်းဖက်မှု များသည် မဖြစ်သင့်၊ မလုပ်သင့်သည့် ကိစ္စများ ဖြစ်ကြောင်း၊ ခြံစည်းရိုး ခတ်လိုပါက ဒေသခံ များနှင့် အကျေအလည် ဆွေးနွေး ညှိနှိုင်းခြင်း ဖြင့်သာ အဖြေရှာ သင့်ကြောင်းလည်း ဆရာတော်က ထည့်သွင်း မိန့်ကြား ခဲ့သည်။ ရဲတပ်ဖွဲ့ ကိုလည်း အပြစ်ပြောလို့ မရပါဘူး။ အထက်က အမိန့်ပေးတော့ တပ်ဖွဲ့ ဝင် တစ်ယောက် အနေနဲ့ လုပ်လိုက်ရ တာပါ။ အခုလို လူ တစ်ယောက်ရဲ့ အသက် ကိုတော့ မတိုက်ခိုက်သင့် ပါဘူး။ ကိုယ့်မိဘ ဆွေမျိုး သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားလိုက်ပါ ဟု ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။ သေဆုံးသွားခဲ့ ရသူ အမျိုးသမီးနှင့် ဒဏ်ရာ ရရှိခဲ့သော ဒေသခံ မိသားစုဝင် များအား တတ်နိုင်သရွေ့ ကူညီ ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်းလည်း ရွှေည၀ါ ဆရာတော်က ထပ်ဆင့် မိန့်ကြားခဲ့သည်။

Messenger News Journal

No comments:

Post a Comment