Wednesday 24 December 2014

ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ဝင်ခွင့်ဗီဇာကြေး လျော့ချ

Photo: ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ဝင်ခွင့်ဗီဇာကြေး လျော့ချ
Wednesday, December 24, 2014

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင်အလုပ်သမားမှတ်ပုံတင်လုပ်ဆောင်ရာမှာ ပိုမို လွယ်ကူသက်သာစေဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာကြေး ၁ ဦးကို ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ထိ လျော့ချပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန် ကြေညာကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် မတိချွန်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဒါဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားချက်ကို ထိုင်း အမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ)အနေနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ကြောင်း၊ အခုလို ဗီဇာကြေးကို လျော့ပေး လိုက်ခြင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမား တွေ တရားဝင်မှတ်ပုံတင်ရေး ပိုမို လွယ်ကူစေပြီး တရားမ၀င် ၀င်ရောက်မှုကို ပိုမို ထိန်းချုပ်ကာကွယ်နိုင်မယ်လို့ ထိုင်းဝန်ကြီးများရုံးရဲ့ ဒုတိယပြောခွင့်ရ ဗိုလ်မှူး ဆန်ဆရင်ကျောဝ့်ကမ်နုတ်က ကြေညာသွားပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်သမားမှတ်ပုံတင်လုပ်ဆောင်ရာမှာ ပိုမို လွယ်ကူသက်သာစေဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာကြေး ၁ ဦး ကို ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ထိ လျော့ချပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန် ကြေညာကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် မတိချွန်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဒါဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားချက်ကို ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကောင်စီ (စစ်ကောင်စီ)အနေနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ကြောင်း၊ အခုလို ဗီဇာကြေးကို လျော့ပေး လိုက်ခြင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမား တွေ တရားဝင်မှတ်ပုံတင်ရေး ပိုမို လွယ်ကူစေပြီး တရားမ၀င် ၀င်ရောက်မှုကို ပိုမို ထိန်းချုပ်ကာကွယ်နိုင်မယ်လို့ ထိုင်းဝန်ကြီးများရုံးရဲ့ ဒုတိယပြောခွင့်ရ ဗိုလ်မှူး ဆန်ဆရင်ကျောဝ့်ကမ်နုတ်က ကြေညာသွားပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment