Wednesday 24 December 2014

လက်ပံတောင်းတောင်အရေး အကြမ်းဖက်နှိမ်နင်းမှု ဗကသ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ

Photo: လက်ပံတောင်းတောင်အရေး အကြမ်းဖက်နှိမ်နင်းမှု ဗကသ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ
Wednesday, December 24, 2014

ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများအဖွဲ့ဝင် ၂၀ခန့် သည် လက်ပံတောင်းတောင် အရေး ရဲတပ်ဖွဲ့က  အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု)  အမည်ရ လှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့သည်။

ဒီဇင်ဘာ၂၃ရက် ညနေ ၅ နာရီခွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ဝင် ၂၀ခန့် သည် မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုကာ ငြိမ်းချမ်းရေးသီ ချင်းတစ်ပုဒ်သီဆိုခဲ့ပြီး ဖယောင်းတိုင်များထွန်းကာ  နာရီ ဝက်ကြာ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှု သည် ဒီမိုကရေစီခေတ်တွင် ပြည် သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခြင်း ကို ကန့်ကွက် သောကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြုလုပ်မှုကို သုံးရက်တိုင်ပြု လုပ်သွားမည်ဟု ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများအဖွဲ့မှ ကျော်ကိုကိုက ပြောသည်။

အသက်သေဆုံးသည်အ ထိ လုပ်ရပ်အပေါ် ဗကသ က ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတ မှုအတွက် တစ်နိုင်ငံလုံးရှိ အင် အားစုအသီးသီးက ၎င်းတို့နှင့် ပူး ပေါင်းရန် ဗကသ က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေ ညာချက်၌ ဖော်ပြထားသည်။

7Day DAILY 

ဗကသ ကျောင်းသားအချို့က အမည်းရောင်လှုပ်ရှားမှု ပြုလုပ်နေကြစဉ် (ဓာတ်ပုံ − မင်းမင်းဇော်)
ဗကသ ကျောင်းသားအချို့က အမည်းရောင်လှုပ်ရှားမှု ပြုလုပ်နေကြစဉ် (ဓာတ်ပုံ − မင်းမင်းဇော်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ဝင် ၂၀ခန့် သည် လက်ပံတောင်းတောင်အရေး ရဲတပ်ဖွဲ့က  အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု)  အမည်ရ လှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့သည်။

ဒီဇင်ဘာ၂၃ရက် ညနေ ၅ နာရီခွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ဝင် ၂၀ခန့် သည် မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုကာ ငြိမ်းချမ်းရေးသီ ချင်းတစ်ပုဒ်သီဆိုခဲ့ပြီး ဖယောင်းတိုင်များထွန်းကာ  နာရီ ဝက်ကြာ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှု သည် ဒီမိုကရေစီခေတ်တွင် ပြည် သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခြင်းကို ကန့်ကွက် သော ကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြုလုပ်မှုကို သုံးရက်တိုင်ပြု လုပ်သွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့မှ ကျော်ကိုကိုက ပြောသည်။

အသက်သေဆုံးသည်အထိ လုပ်ရပ်အပေါ် ဗကသက ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှုအတွက် တစ်နိုင်ငံ လုံးရှိ အင် အားစုအသီးသီးက ၎င်းတို့နှင့် ပူး ပေါင်းရန် ဗကသ က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေ ညာချက်၌ ဖော်ပြထားသည်။

7Day DAILY 

No comments:

Post a Comment