Wednesday 24 December 2014

ဓာတ်တိုင်ကို ခရီးသည်တင်ဒိုင်နာကား ၀င်တိုက်ခြင်းကြောင့် ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်

Photo: ဓာတ်တိုင်ကို ခရီးသည်တင်ဒိုင်နာကား ၀င်တိုက်ခြင်းကြောင့် ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်
Wednesday, December 24, 2014

ကမ္ဘာအေးဘုရားလမ်းစာတိုက်မှတ်တိုင်တွင် ခရီးသည်တင်ဒိုင်နာ ယာဉ်တစ်စီးက လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်ရောက်တိုက်ခဲ့ရာ ဓာတ်တိုင် နှစ်တိုင်ပျက်စီးခဲ့သောကြောင့် မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

‘‘တိုက်မိတဲ့ဓာတ်တိုင်နဲ့ ဆိုင် တဲ့(၇ ၊၈ ၊ ၉၊ ၁၀)အဲဒီရပ်ကွက်တွေ တော့မီးပြတ်နေတယ်။ ကျန်တဲ့ ဘက်တွေတော့ မီးပြန်ရတယ်။ 616 ကျောက်မျက်လည်းပါသွား တယ်။ ခုလည်းလုပ်နေတယ်။ တိုင်အကြီးတွေဆိုတော့ တိုင်တည် ဆောက်ရေးအဖွဲ့တွေပါခေါ်ပြီး လုပ်နေတယ်’’ ဟု မရမ်းကုန်းမြို့နယ် လျှပ်စစ်မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ ရက်နံနက် ၁၀ နာရီ ဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှတ်တိုင်အနီးရှိ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ရာ ယင်းတိုင်အပါအဝင် ဓာတ်တိုင် နှစ်တိုင် လဲကျပျက်စီးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် တစ်ဦးဒဏ် ရာရရှိခဲ့သည်။

‘‘ဒိုင်နာပေါ်မှာပါတဲ့သူတွေတော့ ကြီးကြီးမားမားဒဏ်ရာမရပါဘူး။ တစ်ယောက်ကတော့ နည်းနည်း ပွန်းပဲ့ဒဏ်ရာတွေရ သွားတယ်’’ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့်အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းဒိုင်နာယာဉ်မှာ နဝဒေး မှတ်တိုင်ဘက်မှ ယင်းမာပင်မှတ်တိုင်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ကားချင်းပြိုင်၍ မောင်းနှင် ရာမှ ဖြစ်ပွားခဲ့သည်ဟု အမျိုးသားတစ်ဦးကဆိုသည်။

‘‘စဖြစ်ဖြစ်ချင်းမှာ ခွဲရုံမှာ လိုင်းတွေ တန်းကျသွားတယ်။ ၁၁ နာရီလောက်မှာတော့ ဒီလိုင်းနဲ့ မဆိုင်တဲ့လိုင်းတွေကို မီးပြန်ပေးထားပါတယ်’’ဟု ယင်းနေရာ တွင် လာရောက်ပြုပြင်နေသည့် လျှပ်စစ်ဝန်ကြီးဌာန အင်ဂျင် နီယာတစ်ဦးကပြောသည်။

နံနက် ၁၀ နာရီကျော်ကတည်းက မီးပြတ်နေပြီး ညနေ ၆ နာရီခန့်အထိ မီးပြန်မလာသေးကြောင်း ကမ္ဘာအေး (၉) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒိုင်နာယာဉ်မောင်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။

7Day DAILY 

ဓာတ်တိုင်ကို ၀င်တိုက်မိသော ဒိုင်နာယာဉ်အား ကရိန်းဖြင့် ဆွဲနေစဉ် (ဓာတ်ပုံ− ဇွဲဉာဏ်)
ဓာတ်တိုင်ကို ၀င်တိုက်မိသော ဒိုင်နာယာဉ်အား ကရိန်းဖြင့် ဆွဲနေစဉ် (ဓာတ်ပုံ− ဇွဲဉာဏ်)
ကမ္ဘာအေးဘုရားလမ်းစာတိုက်မှတ်တိုင်တွင် ခရီးသည်တင်ဒိုင်နာ ယာဉ်တစ်စီးက လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်ရောက်တိုက်ခဲ့ရာ ဓာတ်တိုင် နှစ်တိုင်ပျက်စီးခဲ့သောကြောင့် မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက် အချို့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

‘‘တိုက်မိတဲ့ဓာတ်တိုင်နဲ့ ဆိုင် တဲ့(၇ ၊၈ ၊ ၉၊ ၁၀)အဲဒီရပ်ကွက်တွေ တော့မီးပြတ်နေတယ်။ ကျန်တဲ့ ဘက်တွေ တော့ မီးပြန်ရတယ်။ 616 ကျောက်မျက်လည်းပါသွား တယ်။ ခုလည်းလုပ်နေတယ်။ တိုင်အကြီးတွေ ဆိုတော့ တိုင်တည် ဆောက်ရေးအဖွဲ့တွေပါခေါ်ပြီး လုပ်နေတယ်’’ ဟု မရမ်းကုန်းမြို့နယ် လျှပ်စစ်မှ သတင်း ရရှိသည်။

ဒီဇင်ဘာ ၂၃ ရက်နံနက် ၁၀ နာရီ ဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှတ်တိုင်အနီးရှိ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ရာ ယင်းတိုင်အပါအဝင် ဓာတ်တိုင် နှစ်တိုင် လဲကျပျက်စီးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် တစ်ဦးဒဏ် ရာရရှိခဲ့သည်။

‘‘ဒိုင်နာပေါ်မှာပါတဲ့သူတွေတော့ ကြီးကြီးမားမားဒဏ်ရာမရပါဘူး။ တစ်ယောက်ကတော့ နည်းနည်း ပွန်းပဲ့ ဒဏ်ရာတွေရ သွားတယ်’’ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့်အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းဒိုင်နာယာဉ်မှာ နဝဒေး မှတ်တိုင်ဘက်မှ ယင်းမာပင်မှတ်တိုင်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ကားချင်းပြိုင် ၍ မောင်းနှင် ရာမှ ဖြစ်ပွားခဲ့သည်ဟု အမျိုးသားတစ်ဦးကဆိုသည်။

‘‘စဖြစ်ဖြစ်ချင်းမှာ ခွဲရုံမှာ လိုင်းတွေ တန်းကျသွားတယ်။ ၁၁ နာရီလောက်မှာတော့ ဒီလိုင်းနဲ့ မဆိုင်တဲ့ လိုင်းတွေကို မီးပြန်ပေးထားပါတယ်’’ဟု ယင်းနေရာတွင် လာရောက်ပြုပြင်နေသည့် လျှပ်စစ်ဝန်ကြီးဌာန အင်ဂျင် နီယာတစ်ဦးကပြောသည်။

နံနက် ၁၀ နာရီကျော်ကတည်းက မီးပြတ်နေပြီး ညနေ ၆ နာရီခန့်အထိ မီးပြန်မလာသေးကြောင်း ကမ္ဘာအေး (၉) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒိုင်နာယာဉ် မောင်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment