Wednesday 24 December 2014

အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး

Photo: အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး 
Wednesday, December 24, 2014 

ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်။

ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

ပတ်ရှ်ဝါမြို့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၁၃၃ ဦးအပါအဝင် လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး လူထုဒေါသ များ မြင့်တက်လာခဲ့ သဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ကြိုးပေး သေဒဏ်ပေးခဲ့သူ စစ်သွေးကြွ ခြောက်ဦး ရှိပြီဖြစ်သည်။ ပါကစ္စတန် နိုင်ငံသည် သေမိန့်ပေးခြင်းကို ရပ်ဆိုင်းထားသည့် နိုင်ငံဖြစ် သော်လည်း သမိုင်းတွင် လူအသေအပျောက် အများဆုံး စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်စပ် ပတ်သက်သူများအား ပစ်ဒဏ်ခတ်ရန် ၀န်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေမိန့်ပေးခြင်းကို ပြန်လည် ကျင့်သုံးတော့မည် ဖြစ်သည်။

"အကြမ်းဖက် တရားခံ ၅၀၀ကို အယူခံလည်း ပလပ်ခဲ့တယ်။ သမ္မတဆီ အသနားခံစာ တင်ရာမှာလည်း ပယ်ချခံလိုက်ရတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ် တွေမှာ သူတို့ ကို သေဒဏ်ပေး ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။"ဟု အစိုးရ အကြီးတန်း အရာရှိတစ်ဦးက အမည် ထုတ်ဖော်ခြင်း မပြုဘဲ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အခြားအရာရှိ တစ်ဦး ကလည်း ခိုင်မာကြောင်း အတည်ပြုချက်ပေးသည်။ သေဒဏ်အမိန့် ပြန်လည် ကျင့်သုံးခြင်းကို  အလျှင်စလို မပြုလုပ်ပဲ ပြန်လည် သုံးသပ်ပါရန် ကုလသမဂ္ဂက တိုက်တွန်းထားပြီး လူအခွင့်အရေး အဖွဲ့ များ ကလည်း ဝေဖန်ထား ကြသည်။

"ပတ်ရှ်ဝါ တိုက်ခိုက်မှု အပေါ် ပြင်းထန်သည့် နိုင်ငံရေးအရ တုံ့ ပြန်မှုတစ်ရပ်" ဟု သေဒဏ် ပြန်လည် ကျင့်သုံးမည့် ကိစ္စနှင့် ပတ်သက်၍ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုကာ နောက်ထပ် ကြိုးပေးခြင်းများ မလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် အရပ်သားများအား သေဒဏ်ပေး ကွပ်မျက်ခြင်းကို ၂၀၀၈ ခုနှစ်က စတင်၍ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သော်လည်း ဥပဒေ ပုဒ်မများတွင် ကြိုးဒဏ်က ဆက်လက် ရှိနေဆဲ ဖြစ်ကာ တရားသူကြီးများ အနေဖြင့် သေဒဏ်စီရင်ချက် ချမှတ် နိုင်သေးသည့် နိုင်ငံဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်။
ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

ပတ်ရှ်ဝါမြို့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၁၃၃ ဦးအပါအဝင် လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ရ မှုနှင့် ပတ်သက်ပြီး လူထုဒေါသ များ မြင့်တက်လာခဲ့ သဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ကြိုးပေး သေဒဏ်ပေးခဲ့သူ စစ်သွေးကြွ ခြောက်ဦး ရှိပြီဖြစ်သည်။ ပါကစ္စတန် နိုင်ငံသည် သေမိန့်ပေးခြင်းကို ရပ်ဆိုင်း ထားသည့် နိုင်ငံဖြစ် သော်လည်း သမိုင်းတွင် လူအသေအပျောက် အများဆုံး စာသင်ကျောင်း တိုက်ခိုက် ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်စပ် ပတ်သက်သူများအား ပစ်ဒဏ်ခတ်ရန် ၀န်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေမိန့်ပေးခြင်းကို ပြန်လည် ကျင့်သုံးတော့မည် ဖြစ်သည်။

"အကြမ်းဖက် တရားခံ ၅၀၀ကို အယူခံလည်း ပလပ်ခဲ့တယ်။ သမ္မတဆီ အသနားခံစာ တင်ရာမှာလည်း ပယ်ချ ခံလိုက်ရတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ် တွေမှာ သူတို့ ကို သေဒဏ်ပေး ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။"ဟု အစိုးရ အကြီးတန်း အရာရှိတစ်ဦးက အမည် ထုတ်ဖော်ခြင်း မပြုဘဲ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အခြားအရာရှိ တစ်ဦး ကလည်း ခိုင်မာ ကြောင်း အတည်ပြုချက်ပေးသည်။ သေဒဏ်အမိန့် ပြန်လည် ကျင့်သုံးခြင်းကို  အလျှင်စလို မပြုလုပ်ပဲ ပြန် လည် သုံးသပ်ပါရန် ကုလသမဂ္ဂက တိုက်တွန်းထားပြီး လူအခွင့်အရေး အဖွဲ့ များ ကလည်း ဝေဖန်ထား ကြ သည်။

"ပတ်ရှ်ဝါ တိုက်ခိုက်မှု အပေါ် ပြင်းထန်သည့် နိုင်ငံရေးအရ တုံ့ ပြန်မှုတစ်ရပ်" ဟု သေဒဏ် ပြန်လည် ကျင့် သုံးမည့် ကိစ္စနှင့် ပတ်သက်၍ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုကာ နောက်ထပ် ကြိုးပေး ခြင်းများ မလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် အရပ်သားများအား သေဒဏ်ပေး ကွပ်မျက်ခြင်းကို ၂၀၀၈ ခုနှစ်က စတင်၍ ရပ်ဆိုင်း ခဲ့ခြင်း ဖြစ်သော်လည်း ဥပဒေ ပုဒ်မများတွင် ကြိုးဒဏ်က ဆက်လက် ရှိနေဆဲ ဖြစ်ကာ တရားသူကြီးများ အနေဖြင့် သေဒဏ်စီရင်ချက် ချမှတ် နိုင်သေးသည့် နိုင်ငံဖြစ်သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment