Wednesday 24 December 2014

လာမည့်ဘဏ္ဍဍာနှစ် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ အသေးစိတ်တွက်ချက် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း ပြောကြား

Photo: လာမည့်ဘဏ္ဍဍာနှစ် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ အသေးစိတ် တွက်ချက် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဦးလှထွန်း ပြောကြား
Wednesday, December 24, 2014

နိုင်ငံ့ ဝန်ထမ်းများလစာတိုးမြှင့်ရေးကိစ္စကို လာမည့်ဘဏ္ဍဍာရေးနှစ်မှစတင်ပြီး အကောင် အထည်ဖော်ဆောင် ရွက် ပေးနိုင်ရန် အသေးစိတ် တွက်ချက် ဆောင် ရွက် လျက်ရှိကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ယနေ့နံနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမ အစည်း အဝေးခန်းမတွင် နိုင်ငံ့ဝန်ထမ်းများ တွေ့ ဆုံပွဲ၌ ပြောကြား ခဲ့ သည်။

''နိုင်ငံ့ဝန်ထမ်းတွေအတွက် လ စာတိုးမြှင့်ခြင်းကိစ္စကို လာမယ့်ဘဏ္ဍဍာ ရေးနှစ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့ အသေးစိတ်တွက် ချက် ဆောင် ရွက်နေပါ တယ်။ ဒီလို နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ပေး တဲ့အခါတိုင်းမှာ အခြေခံစားကုန် များအပါအဝင် ကုန်ဈေးနှုန်းများမြင့် တက်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံ့ဝန် ထမ်း များ ဟာ ပုံမှန်ဝင်ငွေရရှိသူများ ဖြစ်ပြီး ဘဝနောင်ရေးအတွက် အငြိမ်း စားလစာကို မှီခိုအားထားနေရသူများ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ လစာ တိုးပေးမယ့် အသံ ထွက် လာတိုင်း ကုန်ဈေးနှုန်းက အရင်ခုန်တက်နေတာ တွေ့ရပါတယ်။ တကယ်တမ်းပြန်ကြည့် မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းအင်အားဟာ တစ်တိုင်းပြည်လုံး ရဲ့ နှစ်ရာ ခိုင်နှုန်း သာ ရှိပြီး ကျန် ၉၈ရာခိုင်နှုန်းက ပြည်သူ များဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတက် ရင်ခံစားရမယ့်သူတွေက ပြည်သူ များ ဖြစ်တဲ့ အတွက် စာနာဖို့လို ပါတယ်။ ပြည်သူကို အလုပ် အကျွေး ပြုမယ့်သူ တွေဟာ ပြည်သူအတွက် ဒုက္ခဖြစ်စေ မယ့် ကိစ္စတွေကို သတိကြီးစွာထားရှိဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်''ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ''ပုဂ္ဂလိ ကဝန်ထမ်းတွေအနေနဲ့လဲ အငြိမ်းစား လစာ မရတာကလွဲလို့ ပုံမှန်ဝင်ငွေရ ရှိသူများဖြစ်ပါတယ်။ ဝန်ထမ်းမဟုတ် တဲ့ လယ်သမား၊  အလုပ်သမား၊ ဈေး ရောင်း၊ လက်လုပ် လက်စားစတဲ့အခြေခံ လူတန်းစားအမျိုးမျိုးဟာလဲ နေ့စဉ် ရှာဖွေလုပ်ကိုင်နိုင်မှုအပေါ် မူတည်ပြီး ဝင်ငွေခြိုးခြံချွေတာသုံးစွဲနေရတဲ့အ တွက် အခြေခံစားသောက်ကုန်ဈေး နှုန်း များ မြင့်တက် လာ မှုဒဏ်ကို ခံ နိုင် ရည်ရှိရန်ကိစ္စမှာ လွန်စွာခန့်မှန်း ရခက်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍဍမှာရှိတဲ့လုပ်ခလစာအခြေအနေ အပြင် ပြည်သူ လူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ် လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေရှိ ရန်ကိုလဲ ထည့်သွင်းစဉ်း စားဖို့လို တယ်'' ဟု ဆက်လက်ပြောသည်။

နိုင်ငံတော်အစိုး ရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ကူညီပံ့ပိုးပေးရေး ဆိုင်ရာအစီအမံများကို အကောင် ထည်ဖော်ပေးသည့်နေရာ တွင် လစာ တိုးမြှင့်ခြင်းနည်းလမ်းတစ်ခုတည်း မဟုတ်ဘဲ နောင်ရေး အထောက်အ ကူပြုနိုင်မည့်အစီအစဉ်အဖြစ် နိုင်ငံ တကာ မှာ အောင်မြင်စွာ ကျင့်သုံးနေ သည့် ပုံစံများနှင့်အတွေ့အကြုံများ အပေါ် အခြေခံပြီး ပြည်သူတို့ရဲ့အကျိုး စီးပွားကို ဘေးထွက်ဆိုး ကျိုး သက် ရောက်မှုအနည်းဆုံးဖြစ်စေမည့် ဝင် ငွေစုဆောင်းတဲ့ ရန်ပုံငွေစနစ်တစ်ခု ကိုထူထောင်သွားမှာဖြစ်ကြောင်း၊ ယင်း  ရန်ပုံငွေ စနစ် သည် မြန်မာနိုင်ငံဆိုင် ရာလူတစ်ဦးချင်း ဝင်ငွေစု ဆောင်း တဲ့ စနစ် (Myanmar Provident Fund) ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူချိန်တွင် ကိုယ်ပိုင်အိမ်ရာဖြင့် နေနိုင်ရေးကို ဦးတည်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ် လျက် ရှိကြောင်း၊ အကျိုးဆက်အနေ ဖြင့် ဝန်ထမ်းများသည် နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို ပြည့်ဝစွာခံစားနိုင်မှာ ဖြစ်ပြီး ယင်းစုဆောင်းငွေနှင့်ပင် နေ ရေး အတွက် ပူပင်စရာမလိုဘဲ ရင် သွေးငယ်များ အတွက် ပညာရေး၊ ကျန်းမာရေးစတဲ့ကိစ္စရပ်များအတွက် စိတ်ချမ်းမြေ့ဖွယ် လူမှုပတ်ဝန်းကျင် တစ်ခုကို ဖန်တီးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများလစာနှင့်ပတ် သက်၍ ယခုအစိုးရသစ်လက်ထက် တွင် ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်နေ့ မှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများတိုးမြှင့်ခြင်း၊ ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှာ နိုင်ငံ့ဝန်ထမ်း များအား အပိုထောက်ပံ့ကြေးခွင့်ပြု ခြင်း၊ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နှင့် ၂၀၁၄ ခုနှစ် ဧပြီ ၁ရက်တို့တွင် နိုင်ငံ့ဝန်ထမ်း များ၏ လစာနှုန်းထားများကို ပြင် ဆင်တိုး မြှင့် သတ်မှတ်ပေးခဲ့သည်။

ယင်းအခမ်းအနားတွင် သမ္မတ ရုံးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမိန့်ခွန်းပြောကြားခြင်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ပညာ ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန့် ရှင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းဌေး၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့က သက်ဆိုင်ရာ ကဏ္ဍဍအလိုက် ရှင်းလင်းပြောကြားကြ ပြီး နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း ၇၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

MO
Democracytoday

နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
နိုင်ငံ့ဝန်ထမ်းများလစာတိုးမြှင့်ရေးကိစ္စကို လာမည့်ဘဏ္ဍဍာရေးနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အသေးစိတ်တွက်ချက် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ယနေ့နံနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမ အစည်း အဝေးခန်းမ တွင် နိုင်ငံ့ဝန်ထမ်းများ တွေ့ ဆုံပွဲ၌ ပြောကြားခဲ့သည်။

''နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာတိုးမြှင့်ခြင်းကိစ္စကို လာမယ့်ဘဏ္ဍဍာ ရေးနှစ်ကစပြီး အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ဖို့ အသေးစိတ်တွက် ချက် ဆောင် ရွက်နေပါ တယ်။ ဒီလို နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ပေး တဲ့အခါတိုင်းမှာ အခြေခံစားကုန် များအပါအဝင် ကုန်ဈေးနှုန်းများမြင့် တက်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းများဟာ ပုံမှန်ဝင်ငွေရရှိသူများဖြစ်ပြီး ဘဝနောင်ရေးအတွက် အငြိမ်းစားလစာကို မှီခိုအားထား နေရသူများ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးပေးမယ့် အသံထွက်လာတိုင်း ကုန်ဈေးနှုန်း က အရင် ခုန်တက်နေတာ တွေ့ရပါတယ်။ တကယ်တမ်းပြန်ကြည့် မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်း အင်အားဟာ တစ်တိုင်းပြည်လုံးရဲ့ နှစ်ရာ ခိုင်နှုန်းသာရှိပြီး ကျန် ၉၈ရာခိုင်နှုန်းက ပြည်သူ များဖြစ်တဲ့ အတွက် ကုန်ဈေး နှုန်းတက် ရင်ခံစားရမယ့်သူတွေက ပြည်သူ များ ဖြစ်တဲ့ အတွက် စာနာဖို့လို ပါတယ်။ ပြည်သူကို အလုပ် အကျွေး ပြုမယ့်သူ တွေဟာ ပြည်သူအတွက် ဒုက္ခဖြစ်စေမယ့် ကိစ္စတွေကို သတိကြီးစွာ ထားရှိ ဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်''ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ''ပုဂ္ဂလိ ကဝန်ထမ်းတွေအနေနဲ့လဲ အငြိမ်းစား လစာ မရတာကလွဲလို့ ပုံမှန်ဝင်ငွေရ ရှိသူများဖြစ်ပါတယ်။ ဝန်ထမ်းမဟုတ်တဲ့ လယ်သမား၊  အလုပ်သမား၊ ဈေး ရောင်း၊ လက်လုပ် လက်စားစတဲ့ အခြေခံ လူတန်းစားအမျိုးမျိုးဟာလဲ နေ့စဉ် ရှာဖွေလုပ်ကိုင်နိုင်မှုအပေါ် မူတည်ပြီး ဝင်ငွေခြိုးခြံချွေတာ သုံးစွဲနေရတဲ့အ တွက် အခြေခံစားသောက်ကုန်ဈေး နှုန်း များ မြင့်တက် လာ မှုဒဏ်ကို ခံ နိုင် ရည်ရှိရန် ကိစ္စမှာ လွန်စွာခန့်မှန်း ရခက်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍဍမှာရှိတဲ့လုပ်ခ လစာအခြေအနေ အပြင် ပြည်သူ လူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ် လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေရှိ ရန်ကိုလဲ ထည့်သွင်းစဉ်း စားဖို့လို တယ်'' ဟု ဆက်လက်ပြောသည်။

နိုင်ငံတော်အစိုး ရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ကူညီပံ့ပိုးပေးရေး ဆိုင်ရာအစီအမံများကို အကောင် ထည်ဖော်ပေးသည့်နေရာ တွင် လစာ တိုးမြှင့်ခြင်းနည်းလမ်းတစ်ခုတည်း မဟုတ်ဘဲ နောင်ရေး အထောက် အ ကူပြုနိုင်မည့်အစီအစဉ်အဖြစ် နိုင်ငံ တကာ မှာ အောင်မြင်စွာ ကျင့်သုံးနေ သည့် ပုံစံများနှင့်အတွေ့ အကြုံများ အပေါ် အခြေခံပြီး ပြည်သူတို့ရဲ့အကျိုး စီးပွားကို ဘေးထွက်ဆိုး ကျိုး သက် ရောက်မှု အနည်းဆုံးဖြစ်စေမည့် ဝင် ငွေစုဆောင်းတဲ့ ရန်ပုံငွေစနစ်တစ်ခု ကိုထူထောင်သွားမှာဖြစ်ကြောင်း၊ ယင်း  ရန်ပုံငွေ စနစ် သည် မြန်မာနိုင်ငံဆိုင် ရာလူတစ်ဦးချင်း ဝင်ငွေစု ဆောင်း တဲ့ စနစ် (Myanmar Provident Fund) ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူချိန်တွင် ကိုယ်ပိုင်အိမ်ရာဖြင့် နေနိုင်ရေးကို ဦးတည် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ် လျက် ရှိကြောင်း၊ အကျိုးဆက်အနေ ဖြင့် ဝန်ထမ်းများ သည် နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို ပြည့်ဝစွာခံစားနိုင်မှာ ဖြစ်ပြီး ယင်းစုဆောင်းငွေနှင့်ပင် နေ ရေး အတွက် ပူပင်စရာမလိုဘဲ ရင် သွေးငယ်များ အတွက် ပညာရေး၊ ကျန်းမာရေးစတဲ့ကိစ္စရပ်များအတွက် စိတ်ချမ်းမြေ့ ဖွယ် လူမှုပတ်ဝန်းကျင် တစ်ခုကို ဖန်တီးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများလစာနှင့်ပတ် သက်၍ ယခုအစိုးရသစ်လက်ထက် တွင် ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်နေ့ မှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများတိုးမြှင့်ခြင်း၊ ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှာ နိုင်ငံ့ဝန်ထမ်း များအား အပိုထောက်ပံ့ကြေးခွင့်ပြု ခြင်း၊ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နှင့် ၂၀၁၄ ခုနှစ် ဧပြီ ၁ရက်တို့တွင် နိုင်ငံ့ဝန်ထမ်း များ၏ လစာနှုန်းထားများကို ပြင် ဆင်တိုး မြှင့် သတ်မှတ်ပေးခဲ့သည်။

ယင်းအခမ်းအနားတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမိန့်ခွန်းပြောကြားခြင်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ပညာ ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းဌေး၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့က သက်ဆိုင်ရာ ကဏ္ဍဍ အလိုက် ရှင်းလင်းပြောကြားကြ ပြီး နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း ၇၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

MO
Democracytoday

No comments:

Post a Comment