Wednesday 24 December 2014

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများ ဖယ်ရှားပြီး ၁၄ ဦးကို တရားစွဲ

Photo: မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများ ဖယ်ရှားပြီး ၁၄ ဦးကို တရားစွဲ
Wednesday, December 24, 2014

သိမ်းဆည်းခံမြေယာပြန် ရရှိရန် မြို့တော်ခန်းမရှေ့ပိတ်ဆို့ ဆန္ဒပြနေသော မိကျောင်းကန် ပြည်သူများကို စည်ပင်နှင့် ရဲတပ် ဖွဲ့က ဆန္ဒပြမှု ၁၀ ရက်အကြာတွင်ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦးကို  ဖမ်းဆီးကာ ပုဒ်မသုံးခုဖြင့် အမှု ဖွင့်တရားစွဲဆိုထားသည်။

ဒီဇင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲတွင် မြို့တော်ခန်းမရှေ့ ပိတ်ဆို့ဆန္ဒပြနေသော မိကျောင်းပြည်သူများကို စည် ပင်နှင့် ရဲတပ်ဖွဲ့က အင်အား ၅၀ ခန့်အသုံးပြုကာ ဖယ်ရှားခဲ့သည်။ ဆန္ဒပြနေသူများထဲမှ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသားသုံးဦးကို ဖမ်း ဆီးကာ ပုဒ်မ ၃၄၁၊ ပုဒ်မ ၁၈ နှစ် မှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး နေ့ လယ်တွင် ကျောက်တံတားမြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ သည်။

မိကျောင်းကန်မှ ၁၄ ဦး သည် မြို့တော်ခန်းမရှေ့တွင် ပိတ်ဆို့တားဆီးမှု ပုဒ်မ ၃၄၁၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှု ပုဒ်မ ၁၈ နှင့် ထပ်မံ၍ မြို့တော်ခန်း မရှေ့တွင် ဆန္ဒပြမှုပုဒ်မ ၁၈ စသည်တို့ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

 ‘‘ဖယ်ရှားတယ်ဆိုလည်း ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိပါ ဘူး။ ဥပဒေအတိုင်း ဖယ်ရှားခဲ့ တာပါ။ ဆန္ဒပြတဲ့ ၁၄ ဦးကိုတော့  အမှုဖွင့် အရေးယူထားပါတယ်’’ ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းကြည်ကပြော ကြားသည်။

‘‘မနက်အစောကြီးကျွန်မတို့ ကို ရဲမေတွေက ကားပေါ်ဆွဲတင် တာပါ။ ကျွန်မတို့လည်းကားပေါ် ရောက်ရော ကျွန်မတို့ တဲကို ဖျက်ဆီးတာပါပဲ။ အခုကျွန်မတို့ မိကျောင်းကန်က ပုဒ်မတွေနဲ့ အရေးယူခံထားရတာ မနည်း တော့ဘူး။ မြေယာ ပြန်မရတဲ့ အပြင် အကုန်လုံးထောင်ထဲမှာ နေရတော့မယ်’’ဟု မြို့တော်ခန်းမရှေ့ပိတ်ဆို့ဆန္ဒပြမှုကြောင့် ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးခံရသူ ဒေါ်အေးမိကပြောသည်။

တရားစွဲဆိုခံရသူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုယ်တိုင် ခံဝန်ဖြင့် အာမခံပေးကာ ပြန်လွှတ်ပေးထားသည်။ ၎င်းတို့ကို ၂၀၁၅ ဇန်န၀ါရီ ၆ ရက်တွင် ထပ်မံရုံး ချိန်းလိုက်ကြောင်း သတင်းရရှိ သည်။

မိကျောင်းကန်ပြည်သူများ နှင့် အစိုးရကြား စေ့စပ်ညှိနှိုင်းရေး ရရှိရန်ဟုဆိုကာ မိကျောင်းကန် ပြည်သူများထံ ရောက်ရှိပြီး အတူ နေထိုင်သော ကိုဝေဠုကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်း ဆီးထားသည်။

ကိုဝေဠုကို ဒီဇင်ဘာ ၁၈ ရက် ညတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရကိုဖြစ် စေ၊ တစ်ဦးတစ်ယောက်ကိုဖြစ် စေ ဆူပူအုံကြွအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

သိမ်းဆည်းခံမြေယာပြန်ရရှိ ရန် မဟာဗန္ဓုလပန်းခြံဘေးတွင်ဆန္ဒပြသပိတ်စခန်း ဖွင့်နေသော မိကျောင်းကန်ပြည်သူများသည် ဆန္ဒပြသည့် ၂၆၄ ရက်မြောက်တွင် မြို့တော်ခန်းမရှေ့သို့သွားရောက် ကာ ပိတ်ဆို့ဆန္ဒပြခဲ့ခြင်း ဖြစ် သည်။

7Day DAILY 

မိကျောင်းကန်သပိတ်မှောက်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ− နစ်ကီ)
မိကျောင်းကန်သပိတ်မှောက်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ− နစ်ကီ)
သိမ်းဆည်းခံမြေယာပြန် ရရှိရန် မြို့တော်ခန်းမရှေ့ပိတ်ဆို့ ဆန္ဒပြနေသော မိကျောင်းကန် ပြည်သူများကို စည်ပင်နှင့် ရဲတပ် ဖွဲ့က ဆန္ဒပြမှု ၁၀ ရက်အကြာတွင်ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦးကို  ဖမ်းဆီးကာ ပုဒ်မသုံးခုဖြင့် အမှု ဖွင့်တရားစွဲဆိုထားသည်။

ဒီဇင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲတွင် မြို့တော်ခန်းမရှေ့ ပိတ်ဆို့ဆန္ဒပြနေသော မိကျောင်းပြည်သူများကို စည် ပင်နှင့် ရဲတပ်ဖွဲ့က အင်အား ၅၀ ခန့်အသုံးပြုကာ ဖယ်ရှားခဲ့သည်။ ဆန္ဒပြနေသူများထဲမှ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသားသုံးဦးကို ဖမ်း ဆီးကာ ပုဒ်မ ၃၄၁၊ ပုဒ်မ ၁၈ နှစ် မှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး နေ့ လယ် တွင် ကျောက်တံတားမြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ သည်။

မိကျောင်းကန်မှ ၁၄ ဦး သည် မြို့တော်ခန်းမရှေ့တွင် ပိတ်ဆို့တားဆီးမှု ပုဒ်မ ၃၄၁၊ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှု ပုဒ်မ ၁၈ နှင့် ထပ်မံ၍ မြို့တော်ခန်း မရှေ့တွင် ဆန္ဒပြမှုပုဒ်မ ၁၈ စသည် တို့ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

 ‘‘ဖယ်ရှားတယ်ဆိုလည်း ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိပါ ဘူး။ ဥပဒေအတိုင်း ဖယ်ရှားခဲ့ တာပါ။ ဆန္ဒပြတဲ့ ၁၄ ဦးကိုတော့  အမှုဖွင့် အရေးယူထားပါတယ်’’ ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းကြည် ကပြော ကြားသည်။

‘‘မနက်အစောကြီးကျွန်မတို့ ကို ရဲမေတွေက ကားပေါ်ဆွဲတင် တာပါ။ ကျွန်မတို့လည်းကားပေါ် ရောက်ရော ကျွန်မတို့ တဲကို ဖျက်ဆီးတာပါပဲ။ အခုကျွန်မတို့ မိကျောင်းကန်က ပုဒ်မတွေနဲ့ အရေးယူခံထားရတာ မနည်း တော့ဘူး။ မြေယာ ပြန်မရတဲ့ အပြင် အကုန်လုံးထောင်ထဲမှာ နေရတော့မယ်’’ဟု မြို့တော် ခန်းမရှေ့ပိတ်ဆို့ဆန္ဒပြမှုကြောင့် ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးခံရသူ ဒေါ်အေးမိကပြောသည်။

တရားစွဲဆိုခံရသူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုယ်တိုင် ခံဝန်ဖြင့် အာမခံပေးကာ ပြန်လွှတ်ပေး ထားသည်။ ၎င်းတို့ကို ၂၀၁၅ ဇန်န၀ါရီ ၆ ရက်တွင် ထပ်မံရုံး ချိန်းလိုက်ကြောင်း သတင်းရရှိ သည်။

မိကျောင်းကန်ပြည်သူများ နှင့် အစိုးရကြား စေ့စပ်ညှိနှိုင်းရေး ရရှိရန်ဟုဆိုကာ မိကျောင်းကန် ပြည်သူများ ထံ ရောက်ရှိပြီး အတူ နေထိုင်သော ကိုဝေဠုကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်း ဆီးထားသည်။

ကိုဝေဠုကို ဒီဇင်ဘာ ၁၈ ရက် ညတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရကိုဖြစ် စေ၊ တစ်ဦး တစ်ယောက်ကိုဖြစ် စေ ဆူပူအုံကြွအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

သိမ်းဆည်းခံမြေယာပြန်ရရှိရန် မဟာဗန္ဓုလပန်းခြံဘေးတွင်ဆန္ဒပြသပိတ်စခန်း ဖွင့်နေသော မိကျောင်းကန် ပြည်သူများသည် ဆန္ဒပြသည့် ၂၆၄ ရက်မြောက်တွင် မြို့တော်ခန်းမရှေ့သို့သွားရောက်ကာ ပိတ်ဆို့ ဆန္ဒပြခဲ့ခြင်း ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment