Wednesday 24 December 2014

လက်ပံတောင်းပဋိပက္ခနှင့်ပတ်သက်၍အစိုးရအနေဖြင့်တောင်းပန်ရန်နှင့် တာဝန်ယူဖြေရှင်းပေးရန်ဗကသ ကျောင်းသားများ တောင်းဆိုဆန္ဒပြ

Photo: လက်ပံတောင်းပဋိပက္ခနှင့်ပတ်သက်၍အစိုးရအနေဖြင့်တောင်းပန်ရန်နှင့်
တာဝန်ယူဖြေရှင်းပေးရန်ဗကသ ကျောင်းသားများ တောင်းဆိုဆန္ဒပြ
Wednesday, December 24, 2014  

အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သော
ဗကသ အဖွဲ့ဝင် ကျောင်းသား/သူ အင်အား ၃၀ ခန့်က လက်ပံတောင်းဒေသတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အမျိုးဦးတစ်ဦးသေဆုံး ခဲ့ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဆန္ဒဖော်ထုတ်သောကျောင်းသား/သူများက ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းဒေသတွင် သေနတ်ထိမှန်မှုကြောင့်သေဆုံးခဲ့ရသော ဒေါ်ခင်ဝင်းအတွက် အထူးဝမ်းနည်းကြောင်းနှင့် ယခုလုပ်ရပ်အား
ကန့်ကွက်ရှုချကြောင်းနှင့် သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။

ထို့နောက် ဆန္ဒဖော်ထုတ်သူကျောင်းသား/သူများသည် ဖယောင်းတိုင်မီးများကိုကိုင်ဆောင်ကာ မဟာဗန္ဓုပန်းခြံမှထွက်ခွာလာခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ချီတက်ကာ ယင်းခန်းမရှေ့တွင် ကျောင်းသားအလံအားဖြန့်ခင်းကိုင်ဆောင်ပြီး လက်ပံတောင်းဒေသတွင်ဖြစ်ပွားခဲ့သောပဋိပက္ခတွင် သက်ဆိုင်ရာ၏ကိုင်တွယ်ပုံအားရှုတ်ချကန့်ကွက်ကြောင်းနှင့် အစိုးအနေဖြင့်ယခုကိစ္စအားတောင်းပန်ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်။
၎င်းတို့ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာမှတစ်စုံတစ်ရာလာရောက်တားဆီးခြင်းမပြုခဲ့သော်လည်း
ဥပဒေအရစစ်ဆေးအရေးယူသွားမည်ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြည်မြန်မာ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

Pyimyanmar
အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သော ဗကသ အဖွဲ့ဝင် ကျောင်းသား/သူ အင်အား ၃၀ ခန့်က လက်ပံတောင်းဒေသတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အမျိုးဦးတစ်ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ် လပ်ရေး ကျောက်တိုင်အနီးတွင် ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဆန္ဒဖော်ထုတ်သောကျောင်းသား/သူများက ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းဒေသတွင် သေနတ် ထိမှန်မှုကြောင့် သေဆုံးခဲ့ရသော ဒေါ်ခင်ဝင်းအတွက် အထူးဝမ်းနည်းကြောင်းနှင့် ယခုလုပ်ရပ်အား ကန့်ကွက်ရှုချကြောင်းနှင့် သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ပြီး ဖယောင်း တိုင်မီးများ ထွန်းညှိခဲ့ကြသည်။

ထို့နောက် ဆန္ဒဖော်ထုတ်သူကျောင်းသား/သူများသည် ဖယောင်းတိုင်မီးများကိုကိုင်ဆောင်ကာ မဟာ ဗန္ဓုပန်းခြံမှ ထွက်ခွာလာခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ချီတက်ကာ ယင်းခန်းမရှေ့တွင် ကျောင်းသား အလံ အားဖြန့်ခင်းကိုင်ဆောင်ပြီး လက်ပံတောင်းဒေသတွင်ဖြစ်ပွားခဲ့သောပဋိပက္ခတွင် သက်ဆိုင်ရာ၏ကိုင်တွယ်ပုံအားရှုတ်ချကန့်ကွက်ကြောင်းနှင့် အစိုးအနေဖြင့်ယခုကိစ္စအား တောင်းပန် ဖြေရှင်း ပေးရန်တောင်းဆိုခဲ့ကြသည်။ 

၎င်းတို့ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာမှတစ်စုံတစ်ရာလာရောက်တားဆီးခြင်းမပြုခဲ့သော်လည်း ဥပဒေ အရ စစ်ဆေးအရေးယူသွားမည်ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြည်မြန်မာ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

Pyimyanmar 

No comments:

Post a Comment