Wednesday 24 December 2014

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လာမည့်ပြည်ထောင်စုနေ့ မတိုင်မီ လက်မှတ်ရေး ထိုးနိုင်ရန် ကြိုးစားနေဟု နှစ်ဖက်တာဝန်ရှိသူများဆို

Photo: တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လာမည့်ပြည်ထောင်စုနေ့ မတိုင်မီ လက်မှတ်ရေး ထိုးနိုင်ရန် ကြိုးစားနေဟု နှစ်ဖက်တာဝန်ရှိသူများဆို
Wednesday, December 24, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၃-တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာ ချုပ်(NCA)ကို လာမည့် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) မတိုင်မီ လက်မှတ်ရေးထိုးနိုင် ရန်ကြိုးစားနေ ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နှင့် တစ် နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူများ က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂၃ ရက်က မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး လုပ်ငန်းဗဟို ဌာန(MPC)တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ရေးထိုးနိုင်ရေးတွေ့ဆုံဆွေးနွေး မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အပြီးတွင် မီဒီယာများ ကို နှစ်ဖက် အဖွဲ့အစည်းတာဝန်ရှိသူများက ပြော ကြားကြခြင်း ဖြစ်သည်။

''ပြည်ထောင်စုနေ့ စတင်ပေါက် ဖွားလာတဲ့ ဖေဖော်ဝါရီ ၁၂ မှာ ကျွန်တော်တို့ လက်မှတ် ထိုးနိုင်မယ် ဆိုရင် ကျွန်တော်တို့တိုင်းပြည်အနာ ဂတ်အတွက် ဂုဏ်ရှိတဲ့၊ မွန်မြတ်တဲ့ နေ့ရက်တစ်ရက်ဖြစ်မယ်လို့ မျှော် လင့်တယ်။ ဒီအတွက်ကြိုးစားနေကြ ပါတယ်''ဟု တစ်နိုင်ငံလုံး အဆင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားနေသ လို ထိုသို့လက်မှတ်ရေးထိုးနိုင်ပါက လည်း စာချုပ်ပါစည်းကမ်းချက်များ အတိုင်း လက်မှတ်ထိုးပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း နိုင်ငံရေး ဆွေး နွေးပွဲ မူဘောင် အစည်းအဝေး ရက် ပေါင်း ကိုးဆယ်အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ် ငန်းဗဟိုဌာန(M PC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြော ကြားခဲ့သည်။

''လက်တွေ့ဘဝမှာ မမျှော်လင့် တဲ့အခက်အခဲတွေမရှိ ဘူးဆိုရင် ဒါက ဖြစ်နိုင်ပါ တယ်''ဟု ယင်းကဆိုသည်။ သို့ဖြစ်ရာ နှစ် ဖက် ယုံကြည် မှု တည်ဆောက်ပြီးNCA စာချုပ်အ ပေါ်ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအ တွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်စေရေးပူးတွဲ ဖြေ ရှင်းဆောင်ရွက် သွားကြရန်ကို လည်း နှစ်ဖက် သဘောတူညီကြောင်း ဒီဇင် ဘာ ၂၃ ရက်အစည်းအဝေးအပြီး တွင် သတင်း ထုတ်ပြန်ခဲ့ကြ သည်။

အဆိုပါသတင်းထုတ်ပြန်ချက် တွင် သတ္တမအကြိမ်မြောက်ပြုလုပ် မည့် NCA ရေးထိုး နိုင်ရေးဆွေးနွေး ပွဲကို လာမည့်ဇန်နဝါရီလ လယ်ပိုင်းတွင် ပြန်လည်တွေ့ဆုံ မည်ဆို သည့် အ ချက်အပါအဝင် အချက်ငါးချက် ပါ ဝင်သည်။

''အပစ်အခတ်ရပ်စဲရေးမြန်မြန် လုပ်နိုင်လေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကို မြန်မြန် လုပ်နိုင်တာပေါ့''ဟု ပဒိုစော ကွယ်ထူးဝင်း က ပြောကြားသည်။

ပြည်သူလူထု တစ်ရပ်လုံး မျှော် လင့်စောင့်စားနေကြသည့် ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီချက် ရယူရေးလုပ်ငန်း၊ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာမူဘောင်ရေးဆွဲရေး လုပ် ငန်း၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်း လုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင် ရွက်ကြ မည်ဖြစ်ကြောင်း နှစ်ဖက် သ ဘောတူ သည်ဆို သည့် အချက်ကို လည်း ယင်းထုတ်ပြန်ချက်တွင်တွေ့ ရသည်။

NTDW
Democracytoday
တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာ ချုပ်(NCA)ကို လာမည့် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စု နေ့) မတိုင်မီ လက်မှတ်ရေးထိုးနိုင် ရန်ကြိုးစားနေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် တစ်နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူများ က ပြောကြား လိုက်သည်။

ဒီဇင်ဘာ ၂၃ ရက်က မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး လုပ်ငန်းဗဟို ဌာန(MPC)တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေး မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အပြီးတွင် မီဒီယာများ ကို နှစ်ဖက် အဖွဲ့အစည်း တာဝန် ရှိသူများက ပြော ကြားကြခြင်း ဖြစ်သည်။

''ပြည်ထောင်စုနေ့ စတင်ပေါက် ဖွားလာတဲ့ ဖေဖော်ဝါရီ ၁၂ မှာ ကျွန်တော်တို့ လက်မှတ် ထိုးနိုင်မယ် ဆိုရင် ကျွန်တော်တို့တိုင်းပြည်အနာ ဂတ်အတွက် ဂုဏ်ရှိတဲ့၊ မွန်မြတ်တဲ့ နေ့ရက်တစ်ရက်ဖြစ်မယ်လို့ မျှော် လင့် တယ်။ ဒီအတွက်ကြိုးစားနေကြ ပါတယ်''ဟု တစ်နိုင်ငံလုံး အဆင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားနေသ လို ထိုသို့လက်မှတ်ရေးထိုးနိုင်ပါက လည်း စာချုပ်ပါစည်းကမ်းချက်များ အတိုင်း လက်မှတ်ထိုးပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း နိုင်ငံရေး ဆွေး နွေးပွဲ မူဘောင် အစည်းအဝေး ရက် ပေါင်း ကိုးဆယ်အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ် ငန်းဗဟိုဌာန(M PC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြော ကြားခဲ့သည်။

''လက်တွေ့ဘဝမှာ မမျှော်လင့် တဲ့အခက်အခဲတွေမရှိ ဘူးဆိုရင် ဒါက ဖြစ်နိုင်ပါ တယ်''ဟု ယင်းကဆိုသည်။ သို့ဖြစ်ရာ နှစ် ဖက် ယုံကြည် မှု တည်ဆောက်ပြီးNCA စာချုပ်အ ပေါ်ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအ တွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်စေရေးပူးတွဲ ဖြေ ရှင်းဆောင်ရွက် သွားကြရန်ကို လည်း နှစ်ဖက် သဘောတူညီကြောင်း ဒီဇင် ဘာ ၂၃ ရက်အစည်းအဝေးအပြီး တွင် သတင်း ထုတ်ပြန်ခဲ့ကြ သည်။

အဆိုပါသတင်းထုတ်ပြန်ချက် တွင် သတ္တမအကြိမ်မြောက်ပြုလုပ် မည့် NCA ရေးထိုး နိုင်ရေးဆွေးနွေး ပွဲကို လာမည့်ဇန်နဝါရီလ လယ်ပိုင်းတွင် ပြန်လည်တွေ့ဆုံ မည်ဆို သည့် အ ချက်အပါအဝင် အချက်ငါးချက် ပါ ဝင်သည်။

''အပစ်အခတ်ရပ်စဲရေးမြန်မြန် လုပ်နိုင်လေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကို မြန်မြန် လုပ်နိုင်တာပေါ့''ဟု ပဒိုစော ကွယ်ထူးဝင်း က ပြောကြားသည်။

ပြည်သူလူထု တစ်ရပ်လုံး မျှော် လင့်စောင့်စားနေကြသည့် ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီချက် ရယူရေးလုပ်ငန်း၊ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာမူဘောင်ရေးဆွဲရေး လုပ် ငန်း၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်း လုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင် ရွက်ကြ မည်ဖြစ်ကြောင်း နှစ်ဖက် သ ဘောတူ သည်ဆို သည့် အချက်ကို လည်း ယင်းထုတ်ပြန်ချက်တွင်တွေ့ ရသည်။

NTDW
‪Democracytoday‬

No comments:

Post a Comment