Wednesday 24 December 2014

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခကို တာဝန်ရှိသူများ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန် တောင်းဆို

လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခ ကို တာဝန်ရှိသည့် အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်နှင့် နိုင်ငံတော် အ စိုးရအဖွဲ့တို့မှ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် လူ့ဘောင်သစ် လူငယ်တို့က တိုက်တွန်းတောင်းဆို လိုက်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ လက် ပံတောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်သတ်မှတ်ရန်အတွက် တရုတ် နိုင်ငံဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ခတ်စဉ်လုံခြုံရေးယူထားသော ရဲတပ် ဖွဲ့နှင့်ခြံစည်းရိုးမခတ်ရန် တားမြစ် ထားသည့်ဒေသခံများအကြား ဒီဇင်ဘာ ၂၂ရက်နေ့လယ်ပိုင်းမှစ၍အပြန် အလှန်ပစ်ခတ်မှုများနှင့် ပတ်သက် ၍ သဘောထားထုတ်ပြန်တောင်းဆို ခြင်းဖြစ်သည်။

''ထိုသို့သော လူမှုရေးမငြိမ်မ သက်ဖြစ်လာမှုမှအစ လူမှုပေါက်ကွဲ မှုကြီးအဆင့်သို့ ကူးပြောင်းရောက် ရှိမသွားရေးအတွက် တာဝန်ရှိသည့် အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့် နှင့်နိုင်ငံတော်အစိုးရအဖွဲ့တို့ကပါ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန် အထူးပင်တိုက်တွန်းတောင်းဆိုပါသည်'' ဟု သဘောထား ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လယ်ယာမြေလက်ငုတ်မဲ့၍ ထွန်တုံးတိုက်ပွဲဆင်နွှဲတောင်းဆိုသူ တောင်သူများမှအစ မိမိတို့မိသားစု စားဝတ် နေရေး ကျပ်တည်းမှုများ ကြောင့် ဖြစ်ပေါ်လာသောပြည်သူအ များခံစားနေရသည့် လူမှုဒုက္ခများကို လျော့ပါး စေရန် အတွက် နိုင်ငံတော် အနေဖြင့် ပြည်သူများရရှိခံစားအပ် သည့် လူမှုလွတ်လပ်ခွင့်များဘက် မှ ရပ်တည်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းြီင်္ က ထုတ်ပြန် ထားသည်။

ထို့ပြင် လက်ပံတောင်းပဋိပက္ခ နှင့်ပတ်သက်၍ ဒီမိုကရေစီအင်အား စုများနှင့်အရပ်ဘက်လူမှုအဖွဲ့အ စည်းများတွင် ပူးပေါင်းပါဝင်သည့် လူ့ ဘောင်သစ်လူငယ်ကလည်း တိုက် တွန်းထားသည်။

လူ့ဘောင်သစ်လူငယ်က''ဤ အကြမ်းဖက်လုပ်ရပ်အပေါ်လူ့ဘောင် သစ်လူငယ်မှအပြင်းအထန်ကန့်ကွက် ရှုတ်ချပြီး အဆိုပါအကြမ်းဖက်မှုအ ပေါ် လက်ရှိအစိုးရကဒေသခံတောင် သူလယ်သမားတို့၏ သဘောဆန္ဒ နှင့် အညီ ဖြေရှင်းပေးရန် တောင်းဆိုလိုက် သည်''ဟု သဘောထားထုတ်ပြန်ထား သည်။

လက်ပံတောင်း တောင်ပဋိပက္ခ ကြောင့် ဒီဇင်ဘာ ၂၂ရက်တွင် ဒေသခံ တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ဦးထက်မနည်းရှိခဲ့ကြောင်း ဒီဇင် ဘာ ၂၃ ရက် တွင် ရဲတပ်ဖွဲ့ဝင်များ ဘက်မှ ၁ဝ ဦး ခန့်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

SYMZ
Democracy today 

No comments:

Post a Comment