Friday 3 October 2014

ပြည်သူယုံကြည်သည့် ရဲတပ်ဖွဲ့အဖြစ် တည်ဆောက်နိုင်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီးသုံးသပ်ပြောဆို

Photo: ပြည်သူယုံကြည်သည့် ရဲတပ်ဖွဲ့အဖြစ် တည်ဆောက်နိုင်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီးသုံးသပ်ပြောဆို
Friday, October 3, 2014

ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို အလုံးစုံကူးပြောင်းနိုင်ဖို့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရယူနိုင်ရေးဟာ အရေးကြီးတယ်
လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သုံးသပ်ပြောကြားလိုက်ပါတယ်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရယူနိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့အညီ လူအဖွဲ့အစည်းအတွင်း ပိုမိုထိရောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးသာမက ဘက်မလိုက်ဘဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားထားပါ တယ်။ဒီလိုပြောကြားတာဟာ နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ရွှေရတုအခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒီအခမ်းအနားနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ ဘက်လိုက်မှုကင်းစာဆောင်ရွက်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့အတွင်း အမျိုးသမီးများ အခန်းကဏ္ဍကို တိုးမြှင့်ခွဲဝေပေးလျက်ရှိနေပြီး တိုင်းရင်းသားလူနည်းစုတွေ ပါဝင်မှုမြင့်မားလာစေရေးအတွက်လည်း သတ်မှတ်စံနှုန်းများကို လျော့ချကာစုဆောင်းလေ့ကျင့်ပေးနေ တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို UNODC နဲ့ပူးပေါင်းကာ ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဖို့ (၅) နှစ်တာစီမံကိန်းအဖြစ် ပြီးခဲ့တဲ့သြဂုတ်လ (၁၈) ရက်ကလက်မှတ်ရေးထိုးထား တယ်လို့လည်းသိရပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကိုရရှိဖို့ ကြိုးစားနေရာမှာ အကျင့်ပျက်ခြစားမှုကို အထူသတိထားရမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တိုင်းအနေနဲ့ ရရှိထားတဲ့ ရာထူးအာဏာအပေါ်မှာ အမြတ်ထုတ်အသုံးချခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက အခမ်းအနားမှာ ပြောကြားထားပါသေးတယ်။

MRTV-4
ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို အလုံးစုံကူးပြောင်းနိုင်ဖို့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို တည် ဆောက် ရယူနိုင်ရေးဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက သုံးသပ်ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရယူနိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့အညီ လူအဖွဲ့အစည်း အတွင်း ပိုမိုထိရောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးသာမက ဘက်မလိုက်ဘဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားထားပါ တယ်။ဒီလိုပြောကြားတာဟာ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ရွှေရတုအခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒီအခမ်းအနားနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ဘက်လိုက်မှုကင်းစာဆောင်ရွက်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့အတွင်း အမျိုးသမီးများ အခန်း ကဏ္ဍ ကို တိုးမြှင့်ခွဲဝေပေးလျက်ရှိနေပြီး တိုင်းရင်းသားလူနည်းစုတွေ ပါဝင်မှုမြင့်မားလာစေရေး အတွက်လည်း သတ်မှတ်စံနှုန်းများကို လျော့ချကာစုဆောင်းလေ့ကျင့်ပေးနေ တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို UNODC နဲ့ပူးပေါင်းကာ ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဖို့ (၅) နှစ်တာ စီမံကိန်းအဖြစ် ပြီးခဲ့တဲ့သြဂုတ်လ (၁၈) ရက်ကလက်မှတ်ရေးထိုးထား တယ်လို့လည်းသိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကိုရရှိဖို့ ကြိုးစားနေရာမှာ အကျင့်ပျက်ခြစားမှုကို အထူသတိထားရမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တိုင်းအနေနဲ့ ရရှိထားတဲ့ ရာထူးအာဏာ အပေါ်မှာ အမြတ်ထုတ်အသုံးချခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က အခမ်းအနားမှာ ပြောကြားထားပါသေးတယ်။

MRTV-4

No comments:

Post a Comment