Friday 3 October 2014

ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး ရခိုင် ဒုက္ခသည်များအရေးတို့ကို အိုဘားမားနှင့် ဦးသိန်းစိန်ဆွေးနွေးမည်

Photo: ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး ရခိုင် ဒုက္ခသည်များအရေးတို့ကို အိုဘားမားနှင့် ဦးသိန်းစိန်ဆွေးနွေးမည်
Friday, October 3, 2014

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးတို့ကို သမ္မတဦးသိန်းစိန် နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီကပြောကြား သည်။

ထို့ပြင် မြန်မာ−အမေရိကန်နှစ်နိုင်ငံကြား နောက်ဆုံးတွေ့ဆုံ စဉ်က သဘောတူထားသည့် ကတိကဝတ်များ၊ အာမခံချက်များကို မြန်မာအစိုးရအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍လည်း ဆွေး နွေးမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီ ကပြောသည်။

စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြု လုပ်ခဲ့သော မြန်မာ−အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် နှင့်ပတ်သက်၍ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘လာမယ့် တစ်လကျော် ကျော်လောက်မှာ သမ္မတအိုဘား မား မြန်မာနိုင်ငံကိုလာရောက်မှာ ဖြစ်တယ်။ နေပြည်တော်မှာကျင်း ပမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေသဆိုင်ရာအရေးကိစ္စတွေ အပြင် ရွေးကောက်ပွဲလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ ရခိုင်ပြည် နယ်တွင်းက ဒုက္ခသည်တွေအရေး ကို ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံကြား နောက်ဆုံးအစည်း အဝေးမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖော်ဆောင် နေတာတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဂျွန် ကယ်ရီက  ပြောကြားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်တွင်ဖော်ပြထား သည်။

နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတို့ တွေ့ဆုံစဉ် အမေရိကန်အစိုးရ အနေဖြင့် ယူနတီသတင်းထောက် များဖမ်းဆီးခံထားရမှုနှင့် ရခိုင်ပဋိ ပက္ခမှာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း အဓိက ထောက်ပြပြောကြားထားသည်။ လက်ရှိတွင် နောက်ဆုံးဆွေးနွေး ထားသည့် ယင်းနှစ်ချက်ထဲမှ ယူနတီသတင်းထောက်များကို အစိုးရက ထောင်ဆယ်နှစ်မှ သုံး နှစ် လျှော့ချ၍ခုနစ်နှစ်သို့အယူခံပြင်ဆင် အမိန့်ချခဲ့သည်။ ရခိုင်ပဋိပက္ခကိုလည်း အစိုးရက အာရုံစိုက်နေပြီး အပြစ်တင်မစောရန် ဦးဝဏ္ဏမောင်လွင်က ကုလညီလာခံ၌ ပြောကြားခဲ့ပြီးဖြစ်သည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမား တို့ သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကြား  အထောက်အကူပြုစေရန်    ဆွေးနွေးမည့် အချက်များကို ယခုကတည်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကြိုတင်ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် နှစ်ဦး လုံးကပြောကြားခဲ့သည်။

‘‘ဂျွန်ကယ်ရီပြောသလိုပဲ အာဆီယံနဲ့ပတ်သက်လို့ အကျိုး ဖြစ်ထွန်းတဲ့ဆွေးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်လအတွင်း မှာ အမေရိကန်အစိုးရနဲ့ ကျွန် တော်တို့သုံးကြိမ်မြောက်တွေ့ဆုံ ခြင်းလည်းဖြစ်ပါတယ်။ နေပြည် တော်မှာ     လာမယ့်အာဆီယံ အစည်းအဝေးမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောကြား သည်။

သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂၀၁၂ခုနှစ် နိုဝင်ဘာက    ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး   ယခု  ၂  နှစ် အကြာ နိုဝင်ဘာတွင် အာဆီယံထိပ်သီးအစည်းအဝေး၌ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒုတိယ အကြိမ် လာရောက်မည်ဖြစ်သည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ−အီးပီအေ)
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ−အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးတို့ကို သမ္မတဦးသိန်းစိန် နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဂျွန်ကယ်ရီကပြောကြားသည်။

ထို့ပြင် မြန်မာ−အမေရိကန်နှစ်နိုင်ငံကြား နောက်ဆုံးတွေ့ဆုံ စဉ်က သဘောတူထားသည့် ကတိကဝတ်များ၊ အာမ ခံချက်များကို မြန်မာအစိုးရအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍လည်း ဆွေး နွေးမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီကပြော သည်။

စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြု လုပ်ခဲ့သော မြန်မာ−အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် နှင့်ပတ်သက်၍ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘လာမယ့် တစ်လကျော် ကျော်လောက်မှာ သမ္မတအိုဘား မား မြန်မာနိုင်ငံကိုလာရောက်မှာ ဖြစ်တယ်။ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေသဆိုင်ရာ အရေးကိစ္စတွေ အပြင် ရွေးကောက်ပွဲလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ ရခိုင်ပြည် နယ်တွင်းက ဒုက္ခသည်တွေအရေး ကို ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံကြား နောက်ဆုံးအစည်း အဝေးမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖော်ဆောင် နေတာတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဂျွန် ကယ်ရီက ပြောကြားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်တွင်ဖော်ပြထား သည်။

နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတို့ တွေ့ဆုံစဉ် အမေရိကန်အစိုးရ အနေဖြင့် ယူနတီ သတင်းထောက် များဖမ်းဆီးခံထားရမှုနှင့် ရခိုင်ပဋိ ပက္ခမှာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း အဓိက ထောက်ပြပြောကြားထားသည်။ လက်ရှိတွင် နောက်ဆုံးဆွေးနွေး ထားသည့် ယင်းနှစ်ချက်ထဲမှ ယူနတီ သတင်းထောက် များကို အစိုးရက ထောင်ဆယ်နှစ်မှ သုံး နှစ် လျှော့ချ၍ခုနစ်နှစ်သို့အယူခံပြင်ဆင် အမိန့်ချခဲ့သည်။ ရခိုင်ပဋိပက္ခကိုလည်း အစိုးရက အာရုံစိုက်နေပြီး အပြစ်တင်မစောရန် ဦးဝဏ္ဏမောင်လွင်က ကုလညီလာခံ၌ ပြောကြားခဲ့ပြီးဖြစ်သည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမား တို့ သီးသန့်တွေ့ဆုံ မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကြား အထောက်အကူပြုစေရန် ဆွေးနွေးမည့် အချက်များကို ယခုကတည်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကြိုတင်ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် နှစ်ဦး လုံးကပြောကြားခဲ့သည်။

‘‘ဂျွန်ကယ်ရီပြောသလိုပဲ အာဆီယံနဲ့ပတ်သက်လို့ အကျိုး ဖြစ်ထွန်းတဲ့ဆွေးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်လ အတွင်း မှာ အမေရိကန်အစိုးရနဲ့ ကျွန် တော်တို့သုံးကြိမ်မြောက်တွေ့ဆုံ ခြင်းလည်းဖြစ်ပါတယ်။ နေပြည် တော်မှာ လာမယ့်အာဆီယံ အစည်းအဝေးမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောကြား သည်။

သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂၀၁၂ခုနှစ် နိုဝင်ဘာက ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ယခု ၂ နှစ် အကြာ နိုဝင်ဘာတွင် အာဆီယံထိပ်သီးအစည်းအဝေး၌ကျင်းပမည့် အရှေ့အာရှထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဒုတိယ အကြိမ် လာရောက်မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment