Friday 3 October 2014

နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ

Photo: နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ
Friday, October 3, 2014

ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ်ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

၁။ရှုပ်ပွနေတဲ့ ဆံပင်ကို ရှင်းလို့မနိုင်တဲ့အခါ
ဒီနေ့ခေါင်းလျှော်တော့ ပျော့ဆေးထည့်မလျှော်မိလိုက်ဘူး။ အချိန်မရှိတာနဲ့ ဖြောင့်စက်လည်း ဆွဲမလာမိဘူး။ ဒီတော့ ခုလမ်းမှာ ပြသနာတက်တော့တာပေါ့။ လေနည်းနည်းတိုက်တာနဲ့ကို ပွရှုပ်နေတဲ့ဆံပင်ကို ဘယ်လိုသပ်ချသပ်ချ အဆင်မပြေနိုင်ဘူး။ ရုံးမှာလည်း တစ်နေ့လုံးဘယ်လိုများ လုပ်ရပါ့။ ကြည့်ရတာ တစ်နေ့လုံး ဒီလိုပုံစံနဲ့ အဆင်ပြေမယ့်ပုံကို မရှိတော့ပါဘူး။

၂။နေ့လည်စာကို ဘယ်မှာသွားစားရမယ်မှန်း စဉ်းစားလို့ မရတဲ့အခါ
နေ့စဉ်နေ့တိုင်း ရုံးနားက၊ ကုမ္ပဏီနားက  ထမင်းဆိုင်တွေမှာ စားရတာ အဆင်မပြေတော့ဘူး။ အပြောင်းအလဲအနေနဲ့ တစ်ခုခု စားချင်ပေမယ့် နေရာကို စဉ်းစားရတာလည်း ဒုက္ခ။

၃။ရွယ်တူသူငယ်ချင်းတွေရဲ့ စေ့စပ်သတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံအောင်တွေ့ရတဲ့အခါ
ခုတစ်လော ငယ်သူငယ်ချင်းတွေ တော်တော်များများ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ လုပ်လာကြတယ်။ ကွန်ဂရက်ကျူလေးရှင်းလို့ ဆိုနေရပေမယ့် စိတ်ထဲမှာတော့ ငါကတော့ ဆိုပြီး အမြဲတွေးမိနေတော့တာပဲ။

၎။သူဌေးကကိုယ့်ကိုစိတ်အလိုမကျတာ သိတဲ့အခါ
ဘော့စ်ကအမြဲတမ်း ပွစိပွစိ လုပ်တတ်တာမျိုးမရှိပေမယ့် ဒီနေ့လိုမျိုး စူပုပ်မနေတာတော့ ကြာပေါ့။ ကိုယ့်မှာ ဘာများအပြစ်ရှိလို့ပါလိမ့် ဆိုပြီး စဉ်းစားရတာ ခေါင်းတောင်ပေါက်ထွက်တော့မယ်။

၅။ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မိတဲ့အခါ
မနက်က အိပ်ပျော်သွားလို့ လေ့ကျင့်ခန်းမလုပ်ပဲ ထွက်လာမိတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ်။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်လို့များ ဟိုနေ့က ကစားထားတာတွေ အခြေအနေပြောင်းကုန်မှာလား။ စိတ်ရှုပ်လိုက်တာ။

၆။ကားတွေပိတ်၊ ပွိုင့်တွေမိလို့ ကားပေါ်မှာရောက်နေတဲ့အခါ
အလုပ်လာ၊ အလုပ်ပြန်၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် အပြင်ထွက်ရရင်ဖြင့် အသွားအပြန်အချိန်နဲ့ နေ့တစ်ဝက်ကိုကျိုးရော။ အဆင်ကိုမပြေပါဘူး။

Ref:womenshealthmag.com
Trend Myanmar
ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ် ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

၁။ရှုပ်ပွနေတဲ့ ဆံပင်ကို ရှင်းလို့မနိုင်တဲ့အခါ
ဒီနေ့ခေါင်းလျှော်တော့ ပျော့ဆေးထည့်မလျှော်မိလိုက်ဘူး။ အချိန်မရှိတာနဲ့ ဖြောင့်စက်လည်း ဆွဲမလာမိ ဘူး။ ဒီတော့ ခုလမ်းမှာ ပြသနာတက်တော့တာပေါ့။ လေနည်းနည်းတိုက်တာနဲ့ကို ပွရှုပ်နေတဲ့ဆံပင်ကို ဘယ်လိုသပ်ချသပ်ချ အဆင်မပြေနိုင်ဘူး။ ရုံးမှာလည်း တစ်နေ့လုံးဘယ်လိုများ လုပ်ရပါ့။ ကြည့်ရတာ တစ်နေ့လုံး ဒီလိုပုံစံနဲ့ အဆင်ပြေမယ့်ပုံကို မရှိတော့ပါဘူး။

၂။နေ့လည်စာကို ဘယ်မှာသွားစားရမယ်မှန်း စဉ်းစားလို့ မရတဲ့အခါ
နေ့စဉ်နေ့တိုင်း ရုံးနားက၊ ကုမ္ပဏီနားက  ထမင်းဆိုင်တွေမှာ စားရတာ အဆင်မပြေတော့ဘူး။ အပြောင်း အလဲ အနေနဲ့ တစ်ခုခု စားချင်ပေမယ့် နေရာကို စဉ်းစားရတာလည်း ဒုက္ခ။

၃။ရွယ်တူသူငယ်ချင်းတွေရဲ့ စေ့စပ်သတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံအောင်တွေ့ရတဲ့အခါ
ခုတစ်လော ငယ်သူငယ်ချင်းတွေ တော်တော်များများ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ လုပ်လာကြ တယ်။ ကွန်ဂရက်ကျူလေးရှင်းလို့ ဆိုနေရပေမယ့် စိတ်ထဲမှာတော့ ငါကတော့ ဆိုပြီး အမြဲတွေးမိနေတော့ တာပဲ။

၎။သူဌေးကကိုယ့်ကိုစိတ်အလိုမကျတာ သိတဲ့အခါ
ဘော့စ်ကအမြဲတမ်း ပွစိပွစိ လုပ်တတ်တာမျိုးမရှိပေမယ့် ဒီနေ့လိုမျိုး စူပုပ်မနေတာတော့ ကြာပေါ့။ ကိုယ့်မှာ ဘာများအပြစ်ရှိလို့ပါလိမ့် ဆိုပြီး စဉ်းစားရတာ ခေါင်းတောင်ပေါက်ထွက်တော့မယ်။

၅။ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မိတဲ့အခါ
မနက်က အိပ်ပျော်သွားလို့ လေ့ကျင့်ခန်းမလုပ်ပဲ ထွက်လာမိတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ်။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်လို့များ ဟိုနေ့က ကစားထားတာတွေ အခြေအနေပြောင်းကုန်မှာလား။ စိတ်ရှုပ်လိုက် တာ။

၆။ကားတွေပိတ်၊ ပွိုင့်တွေမိလို့ ကားပေါ်မှာရောက်နေတဲ့အခါ
အလုပ်လာ၊ အလုပ်ပြန်၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် အပြင်ထွက်ရရင်ဖြင့် အသွားအပြန်အချိန်နဲ့ နေ့ တစ်ဝက်ကို ကျိုးရော။ အဆင်ကိုမပြေပါဘူး။

Ref:womenshealthmag.com
Trend Myanmar

No comments:

Post a Comment