Friday 3 October 2014

AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ လက်မှတ်များ စတင်ရောင်းချ

Photo: AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ လက်မှတ်များ 
စတင်ရောင်းချ
Friday, October 3, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသော အာရှအဆင့် လူငယ်ဘောလုံးပြိုင်ပွဲကြီး ဖြစ်သည့် AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲကြီး အတွက် အထူးလက်မှတ် (Special Package)များကို အောက်တိုဘာလ ၃ ရက်နေ့မှာစတင် ရောင်းချနေပါတယ်။

ရိုးရိုးတန်းနဲ့ အထူးတန်း ပုံမှန်လက်မှတ်များကို လာမဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စတင် ရောင်းချပေးမှာပါ။

လက်မှတ်များကို အောင်ဆန်းကွင်း၊ စလင်းကွင်းနဲ့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ရှေ့မျက်နှာစာတို့တွင် ရောင်းချပေးမှာ ဖြစ်ပြီး လက်မှတ်ဝယ်ယူ လိုသူ များအနေဖြင့် လူတဦး မှတ်ပုံတင်တခု ယူလာရမှာဖြစ်ကာ ၁ ရက်စာ ကြိုတင်လက်မှတ် ၀ယ်ယူပါက လက်မှတ် ၂ စောင် ၀ယ်ယူနိုင်ပြီး ပြိုင်ပွဲနေ့မှာ တော့ လက်မှတ် ၁ စောင် ရောင်းချ ပေးသွားမှာပါ။ မှတ်ပုံတင် ပျောက်ဆုံးနေ သူ ဆိုပါက သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာဖြင့် ၀ယ်ယူနိုင်ပြီး ပြည်ပနိုင်ငံ သား ဖြစ် ပါက ပတ်စ်ပို့ဖြင့် ပြိုင်ပွဲလက်မှတ်များကို ၀ယ်ယူနိုင်တယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်စ်အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

AFC U19 Championship MYANMAR 2014 ပြိုင်ပွဲကြီးကို လာမဲ့ အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုအေမှာ အိမ်ရှင် မြန်မာ၊ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပြီး အုပ်စုဘီတွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားအသင်း၊ အုပ်စုစီတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်အသင်း၊ အုပ်စုဒီတွင် မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနဲ့ အိုမန်အသင်းတို့ ဖြစ်ပါတယ်။

အုပ်စု အေနဲ့ဘီ ပွဲစဉ်များကို ရန်ကုန်တွင် လက်ခံ ကျင်းပမည် ဖြစ်ပြီး အုပ်စု စီနဲ့ ဒီ ပွဲစဉ်များကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပမှာပါ။

DVB
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသော အာရှအဆင့် လူငယ်ဘောလုံးပြိုင်ပွဲကြီး ဖြစ်သည့် AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲကြီးအတွက် အထူးလက်မှတ် (Special Package)များကို အောက်တိုဘာလ ၃ ရက်နေ့မှာစတင် ရောင်းချနေပါတယ်။

ရိုးရိုးတန်းနဲ့ အထူးတန်း ပုံမှန်လက်မှတ်များကို လာမဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စတင် ရောင်းချပေးမှာပါ။

လက်မှတ်များကို အောင်ဆန်းကွင်း၊ စလင်းကွင်းနဲ့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ရှေ့မျက်နှာစာ တို့တွင် ရောင်းချပေးမှာ ဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူ များအနေဖြင့် လူတဦး မှတ်ပုံတင်တခု ယူလာရမှာ ဖြစ်ကာ ၁ ရက်စာ ကြိုတင်လက်မှတ် ၀ယ်ယူပါက လက်မှတ် ၂ စောင် ၀ယ်ယူနိုင်ပြီး ပြိုင်ပွဲနေ့မှာတော့ လက်မှတ် ၁ စောင် ရောင်းချ ပေးသွားမှာပါ။ မှတ်ပုံတင် ပျောက်ဆုံးနေသူ ဆိုပါက သက်ဆိုင်ရာ ရဲစခန်း ထောက်ခံစာဖြင့် ၀ယ်ယူနိုင်ပြီး ပြည်ပနိုင်ငံသား ဖြစ်ပါက ပတ်စ်ပို့ဖြင့် ပြိုင်ပွဲလက်မှတ်များကို ၀ယ်ယူနိုင် တယ် လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်စ်အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

AFC U19 Championship MYANMAR 2014 ပြိုင်ပွဲကြီးကို လာမဲ့ အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုအေမှာ အိမ်ရှင် မြန်မာ၊ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပြီး အုပ်စုဘီတွင် ဥဇဘက်ကစ္စတန်၊ သြစတြေး လျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားအသင်း၊ အုပ်စုစီတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်အသင်း၊ အုပ်စုဒီတွင် မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနဲ့ အိုမန်အသင်းတို့ ဖြစ်ပါတယ်။

အုပ်စုအေနဲ့ဘီပွဲစဉ်များကို ရန်ကုန်တွင် လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စုစီနဲ့ ဒီပွဲစဉ်များကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပမှာပါ။

DVB

No comments:

Post a Comment