Friday 3 October 2014

တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆို နိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်

Photo: တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆို နိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်
Friday, October 3, 2014 

အော်ပ ရေတာ တစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန်ဖုန်းခေါ် ဆိုနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံ ငါးနိုင်ငံ သို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ များ အပါအဝင် ကနေဒါအစရှိသည့် နိုင်ငံ များသို့ ဖုန်းအပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံကိုမဆို စာတိုစနစ် (SMS)ပေးပို့ခြင်း အားဈေးနှုန်း အနေဖြင့် ကျပ်၃ဝ သတ်မှတ် ထားကြောင်း သိရ သည်။

တယ်လီနော(မြန်မာ)မှတာဝန် ရှိသူတစ်ဦးက ''ပြည်တွင်းကနေ နိုင်ငံခြား ကောလ် တွေကို အလွယ် တကူ ခေါ်ဆိုနိုင်အောင် ဆောင် ရွက်ထားတယ်။ ဖုန်းခေါ်ဆိုခတွေကို လဲ နှုန်းထား အနည်းဆုံးဖြစ်အောင် သတ်မှတ်ပေးထား ပါတယ်။ ကနေ ဒါနိုင်ငံဆိုရင်၁မိနစ် ၁ဝဝကျပ်လောက် နဲ့ဖုန်းခေါ်နိုင် မှာပါ''ဟုပြောသည်။

အဆိုပါ အော်ပရေတာမှ နိုင်ငံခြားသို့ သယ်ဆောင် အသုံးပြု နိုင်ရန် လက်ရှိတွင် ငါးနိုင်ငံသတ် မှတ်ထားကာ ယင်းတို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံ များဖြစ်ပြီး လစဉ်နိုင်ငံ ငါးနိုင်ငံခန့် ထပ်တိုးသယ်ဆောင် အသုံးပြုနိုင် ရန် တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာ ဖုန်းခေါ် ဆိုခများကို တစ်မိနစ်လျှင် ကျပ် ၁ဝဝမှ အများဆုံး ကျပ်၈ဝဝ အထိ သတ်မှတ်ထားပြီး အာဂျင်တီးနား သို့ ခေါ်ဆိုပါက ကျပ် ၈ဝဝ၊ သြစ တြေးလျ ကျပ် ၄ဝဝ၊ ဘရာဇီး ကျပ် ၈ဝဝ၊ အမေရိကန် ကျပ် ၄ဝဝဟုဆိုင် ရာ နိုင်ငံအလိုက် အသီးသီးသတ်မှတ် ထားကြောင်း သိရသည်။

''တယ်လီနော ကတ်တွေကို အောက်တိုဘာ ပထမပတ်လောက် မှာ နေပြည်တော်မှာ ရောင်းမယ်၊ နောက်ဒုတိယပတ်လောက်မှာ ရန် ကုန်မှာ ရောင်းပေးနိုင်အောင်စီစဉ်ထား တယ်။ နိုင်ငံခြား ကောလ်တွေ ခေါ် ဆိုရာမှာလဲ လိုင်းကောင်းကောင်း ပြောနိုင်ဖို့အတွက် ကိုပြင်ဆင်ပေး ထားတယ်'' ဟုပြောသည်။

တယ်လီနောမှ ယင်းဆင်းမ် ကတ်စတင်အသုံးပြုချိန်တွင်ဖေ့စ် ဘွတ်တစ်လ အခမဲ့ အသုံးပြုခွင့်ပေး သွားမည်ဖြစ်ကာ Wikipedia (အွန် လိုင်းစွယ်စုံကျမ်း)အား အခမဲ့ အသုံး ပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အော်ပရေတာမှ ပြည် တွင်း(သို့) ပြည်ပသို့ပြောဆို ဆက် သွယ်ခြင်းများ နှင့် ပတ်သက်၍အဆင် မပြေခြင်းများရှိပါကလည်းကောင်း မေးမြန်းစုံစမ်း လိုပါက ဖုန်းနံပါတ် ၉၇၉သို့ တစ်ကြိမ်ခေါ်ဆိုလျှင် ၂၅ ကျပ်ဖြင့် ဆက်သွယ် ခေါ်ဆိုနိုင် ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)ဆင်းမ် ကတ်များကိုမန္တလေးတွင်စက်တင် ဘာ၂၇ရက်မှ စတင်ရောင်းချခဲ့ ကြောင်းသိရသည်။

Yangon Media Group
အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော(မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန် ဖုန်းခေါ်ဆိုနိုင်ရန်ဆောင်ရွက်ထားပြီး နိုင်ငံငါးနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများအပါအဝင် ကနေဒါအစရှိသည့် နိုင်ငံများသို့ ဖုန်းအပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံကိုမဆို စာတိုစနစ် (SMS)ပေးပို့ခြင်း အားဈေးနှုန်းအနေဖြင့် ကျပ် ၃ဝ သတ်မှတ်ထားကြောင်း သိရသည်။

တယ်လီနော(မြန်မာ)မှတာဝန် ရှိသူတစ်ဦးက ''ပြည်တွင်းကနေ နိုင်ငံခြား ကောလ်တွေကို အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားတယ်။ ဖုန်းခေါ်ဆိုခတွေကိုလဲ နှုန်းထားအနည်းဆုံးဖြစ်အောင် သတ်မှတ် ပေးထားပါတယ်။ ကနေဒါနိုင်ငံဆိုရင်၁မိနစ် ၁ဝဝကျပ်လောက် နဲ့ဖုန်းခေါ်နိုင် မှာပါ''ဟုပြော သည်။

အဆိုပါ အော်ပရေတာမှ နိုင်ငံခြားသို့ သယ်ဆောင်အသုံးပြုနိုင်ရန် လက်ရှိတွင် ငါးနိုင်ငံသတ်မှတ်ထားကာ ယင်းတို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံ များဖြစ်ပြီး လစဉ်နိုင်ငံ ငါးနိုင်ငံခန့် ထပ်တိုးသယ်ဆောင် အသုံးပြုနိုင် ရန် တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာ ဖုန်းခေါ် ဆိုခများကို တစ်မိနစ်လျှင် ကျပ် ၁ဝဝမှ အများဆုံး ကျပ်၈ဝဝ အထိ သတ်မှတ် ထားပြီး အာဂျင်တီးနား သို့ ခေါ်ဆိုပါက ကျပ် ၈ဝဝ၊ သြစ တြေးလျ ကျပ် ၄ဝဝ၊ ဘရာဇီး ကျပ် ၈ဝဝ၊ အမေရိကန် ကျပ် ၄ဝဝဟုဆိုင် ရာ နိုင်ငံအလိုက် အသီးသီးသတ်မှတ် ထားကြောင်း သိရသည်။

''တယ်လီနော ကတ်တွေကို အောက်တိုဘာ ပထမပတ်လောက် မှာ နေပြည်တော်မှာ ရောင်းမယ်၊ နောက် ဒုတိယပတ်လောက်မှာ ရန် ကုန်မှာ ရောင်းပေးနိုင်အောင်စီစဉ်ထား တယ်။ နိုင်ငံခြား ကောလ်တွေ ခေါ်ဆို ရာမှာလဲ လိုင်းကောင်းကောင်း ပြောနိုင်ဖို့အတွက် ကိုပြင်ဆင်ပေး ထားတယ်'' ဟုပြောသည်။

တယ်လီနောမှ ယင်းဆင်းမ် ကတ်စတင်အသုံးပြုချိန်တွင်ဖေ့စ် ဘွတ်တစ်လ အခမဲ့အသုံးပြုခွင့်ပေးသွားမည် ဖြစ်ကာ Wikipedia (အွန် လိုင်းစွယ်စုံကျမ်း)အား အခမဲ့အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အော်ပရေတာမှ ပြည်တွင်း(သို့) ပြည်ပသို့ပြောဆို ဆက်သွယ်ခြင်းများ နှင့် ပတ်သက်၍အဆင် မပြေခြင်းများရှိပါကလည်းကောင်း မေးမြန်းစုံစမ်း လိုပါက ဖုန်းနံပါတ် ၉၇၉သို့ တစ်ကြိမ်ခေါ်ဆိုလျှင် ၂၅ ကျပ်ဖြင့် ဆက်သွယ် ခေါ်ဆိုနိုင် ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)ဆင်းမ်ကတ်များကို မန္တလေးတွင်စက်တင်ဘာ ၂၇ ရက်မှ စတင်ရောင်းချခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment