Friday 3 October 2014

မည်သည့်နိုင်ငံသို့မဆို SMS ပို့ပါက တစ်စောင်လျှင် ကျပ် ၃၀ နှုန်းနှင့် စင်ကာပူ၊ ထိုင်းသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် တယ်လီနော သတ်မှတ်

မည်သည့်နိုင်ငံသို့မဆို SMS ပေးပို့ပါ က တစ်စောင်လျှင် ကျပ် ၃ဝ နှုန်းဟု တယ်လီနောမြန်မာက ထုတ်ပြန် လိုက်ကြောင်းသတင်းရရှိသည်။ ထို့ပြင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခနှုန်းထားများကိုလည်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာမှ ပြည်တွင်းရှိ တယ်လီနောဖုန်းများသို့ ဖုန်းအဝင်နှင့် SMS အဝင်များမှာ အခမဲ့ဖြစ်သည်။

အနည်းဆုံးမှာ တစ်မိနစ်လျှင် ကျပ် ၂ဝဝ ဖြစ်ပြီး အများဆုံးမှာ တစ်မိနစ်လျှင် ကျပ် ၈ဝဝ ဖြစ်ကြောင်း သိရ သည်။ တယ်လီနောဆင်းမ်ကတ်အားလုံးမှာ ဝယ်ယူစဉ်ကပင် Roaming ပါဝင်ပြီးဖြစ်ကာ ယင်း ဝန်ဆောင် မှုကို အသုံးမပြုလိုပါက ၉၇၉ သို့ခေါ်ဆို ဆက်သွယ်ရမည်ဟု သိရသည်။ တယ်လီနောအနေဖြင့် Roaming Partner အရေအတွက် ပိုမိုများပြားလာစေရန် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် နိုင်ငံအများအပြားသို့ တယ်လီနောဖုန်းကို သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနောဖုန်းများဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ စသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၂ဝဝ သတ်မှတ်ထားကြောင်း သိရသည်။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၄ဝဝ ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်စသည့် ဥရောပနိုင်ငံများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၆ဝဝ ဖြစ်သည်။ ယူအေအီး၊ အစ္စရေး၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ဂါနာ စသည့်နိုင်ငံများသို့ ခ်ါဆိုလျှင်မူ တစ်မိနစ်လျှင် ကျပ် ၈ဝဝ ဖြစ် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခနှုန်းထားများမှာမူ နိုင်ငံအများစုသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၉ဝဝ သတ်မှတ်ထားပြီး မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ ကွန်ဂို စသည့်နိုင်ငံများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၁၅ဝဝ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အူရီဒူးကမူ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင်ကျပ် ၇၅ဝ နှင့် SMS ပို့ခမှာ တစ်စောင်လျှင် ၁၂၅ ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

လွန်ခဲ့သောနှစ်များက နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခများမှာ အလွန်မြင့်မားခဲ့ပြီး အများစုမှာ အင်တာနက် ကဖေးများတွင် pfingo ဖြင့် ခေါ်ဆိုခြင်းကို အဓိကအားထားခဲ့ရကြောင်း သိရသည်။ pfingo ဖြင့်ခေါ်ဆို ပါက တစ်မိနစ်နှုန်းထားများမှာ မလေးရှားသို့ ကျပ် ၁၅ဝ ၊ စင်ကာပူသို့ ကျပ် ၅ဝ၊ ထိုင်းသို့ ကျပ် ၁၅ဝ၊ ဗီယက်နမ်သို့ ကျပ် ၄ဝဝ၊ လာအိုသို့ ကျပ် ၁၅ဝဝ၊ ကမ္ဘောဒီးယားသို့ ကျပ် ၅ဝဝ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment