Friday 3 October 2014

အလုပ်ရှင်ကိုဆဲသဖြင့် တားမြစ်ရာမှ တားမြစ်သူ ဓားနှင့်ခုတ်ခံရ

Photo: အလုပ်ရှင်ကိုဆဲသဖြင့် တားမြစ်ရာမှ တားမြစ်သူ ဓားနှင့်ခုတ်ခံရ
Friday, October 3, 2014 

အလုပ်ရှင်ကို ဆဲသဖြင့် တားမြစ်သည်ကို မကျေနပ်ဘဲ လယ်သူရင်းငှား လုပ်ကိုင်သူ အချင်းချင်း ဆဲဆိုပြီး ဓားနှင့် ခုတ်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁ ရက်၊နံနက် ၉ နာရီခန့်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ အောင်ပန်းစိန်ကျေးရွာ၊ အောင်ပန်းစိန်တဲတန်းရှိ ဦးကျော်တင့် ပိုင်ဆိုင်သည့် လယ်တွင် သူရင်းငှား လုပ်ကိုင်နေသည့် သုံးခွမြို့နယ်၊ အမောင်း ကျေးရွာတွင် နေထိုင်သူ အသက် ၅၅ နှစ် အရွယ် ဦးမြင့်သန်း(ခ)ခွေးကောင်သည် အလုပ်ရှင် ဦးကျော်တင့်၏ ဇနီးဖြစ်သူကို ညစ်ညမ်းစွာဆဲဆိုနေ သည်ကို အခြားလယ်သူရင်းငှား တစ်ဦးဖြစ်သည့် အသက် ၄၆ နှစ်အရွယ် ဦးသိန်းက တားဆီးရာမှ ဓား ခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တားဆီးသည်ကို မကျေနပ်၍ ဦးမြင့်သန်း(ခ)ခွေးကောင်က ဦးသိန်းကို ညစ်ညမ်းစွာဆဲဆိုပြီး အလုပ် တဲပေါ်တွင် အဆင်သင့်ရှိသည့် အရိုး၊ အသွား ၂၄ လက်မခန့်ရှိ ဝါးရိုးတပ် ဓားရှည်ဖြင့် ဦးသိန်းကို လေး ချက်ခုတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ယင်းသို့ခုတ်ခံရသဖြင့် ဦးသိန်းတွင် လည်ပင်းနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှု ခံယူနေရသည်။ 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦးမြင့်သိန်း(ခ)ခွေးကောင်ကို အရေးယူပေးပါရန် ဦးသိန်းက တရားလိုပြုတိုင် တန်းပြီး သုံးခွမြို့မရဲစခန်းက (ပ) ၃၅၆/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

မဇ္ဈိမ
အလုပ်ရှင်ကို ဆဲသဖြင့် တားမြစ်သည်ကို မကျေနပ်ဘဲ လယ်သူရင်းငှား လုပ်ကိုင်သူ အချင်းချင်း ဆဲဆိုပြီး ဓားနှင့် ခုတ်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁ ရက်၊နံနက် ၉ နာရီခန့်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ အောင်ပန်းစိန်ကျေးရွာ၊ အောင်ပန်းစိန်တဲတန်းရှိ ဦးကျော်တင့် ပိုင်ဆိုင်သည့် လယ် တွင် သူရင်းငှား လုပ်ကိုင်နေသည့် သုံးခွမြို့နယ်၊ အမောင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၅ နှစ် အရွယ် ဦးမြင့်သန်း(ခ)ခွေးကောင်သည် အလုပ်ရှင် ဦးကျော်တင့်၏ ဇနီးဖြစ်သူကို ညစ်ညမ်းစွာဆဲဆိုနေ သည်ကို အခြားလယ်သူရင်းငှား တစ်ဦးဖြစ်သည့် အသက် ၄၆ နှစ်အရွယ် ဦးသိန်းက တားဆီးရာမှ ဓားခုတ် မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့တားဆီးသည်ကို မကျေနပ်၍ ဦးမြင့်သန်း(ခ)ခွေးကောင်က ဦးသိန်းကို ညစ်ညမ်းစွာဆဲဆိုပြီး အလုပ် တဲပေါ်တွင် အဆင်သင့်ရှိသည့် အရိုး၊ အသွား ၂၄ လက်မခန့်ရှိ ဝါးရိုးတပ် ဓားရှည်ဖြင့် ဦးသိန်းကို လေးချက် ခုတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ခုတ်ခံရသဖြင့် ဦးသိန်းတွင် လည်ပင်းနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှု ခံယူနေရသည်။ အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦးမြင့်သိန်း(ခ)ခွေးကောင်ကို အရေးယူပေးပါရန် ဦးသိန်းက တရားလိုပြုတိုင် တန်းပြီး သုံးခွမြို့မရဲစခန်းက (ပ) ၃၅၆/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

မဇ္ဈိမ

No comments:

Post a Comment