Friday 3 October 2014

လေကြောင်းကဏ္ဍမှ သုံးလကျော်အတွင်း ဒေါ်လာ ၃၁ သန်းကျော်ရရှိ

လေကြောင်းကဏ္ဍမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၏ သုံးလ ကျော်ကာလအတွင်း နိုင်ငံခြားဝင် ငွေ အမေရိကန် ဒေါ်လာ ၃၁ သန်း ကျော်ရရှိခဲ့ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။

မြန်မာနိုင်ငံ လေကြောင်း ကဏ္ဍမှ နိုင်ငံခြားဝင်ငွေ အများစုအနက် ၈၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံ ဖြတ်ကျော် ပျံသန်းမှုမှရရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဇူလိုင်လဆန်းအထိ သုံးလကျော်ကာလအတွင်း ၀င်ငွေ အတိအကျမှာ ကန်ဒေါ်လာ ၃၁ဒသမ၀၃၆ သန်းရရှိခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။ ထို့အပြင် ပြည်တွင်းဝင်ငွေရရှိမှု မှာ ကျပ် ၁၈,၀၀၀ ဒသမ ၂၂၇ သန်း (၁၈ ဘီလီယံ) ကျော် ရရှိထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏လေကြောင်း ကဏ္ဍ၀င်ငွေမှ ပြည်တွင်း ငွေကျပ်၈၅ ဘီလီယံ ကျော်၊ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း ကျော်ရရှိခဲ့ကြောင်း သတင်းရရှိ သည်။ အစိုးရသစ် လက်ထက် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ် လေးနှစ်တာကာ လအတွင်း လေကြောင်း ကဏ္ဍမှ နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိ ကန်ဒေါ်လာ ၂၉၅ သန်းကျော် (၂၉၅ဒသမ၆၂၈သန်း)ရရှိကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံခြားငွေ အများဆုံးရ တာကတော့ လေကြောင်းဖြတ် ကျော်ပျံသန်းတာပဲ။ နောက်ပြီး တော့ လေယာဉ် ဆင်းသက်တဲ့ နေရာမှာလည်း ၀န်ဆောင်မှုပေး တဲ့ အပေါ်လည်းရတယ်’’ ဟု လေ ကြောင်းဦးစီးမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ၂၆ လိုင်းမှ ပုံမှန်ဆင်းသက်နေပြီး တစ်ရက်လျှင် ပျဉ်းမျှ လေယာဉ်အစီးရေ ၅၅၀ ကျော် ပုံမှန်ဖြတ်ကျော် ပျံသန်းနေကြောင်း လေ ကြောင်းဦးစီး၏ စာရင်းများ အရ သိရသည်။

7Day DAILY

No comments:

Post a Comment