Friday 3 October 2014

အပစ်ရပ်အမြန်ဆုံးလက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးမှု စတင်ရန် အီးယူသံအမတ်တိုက်တွန်း

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) အ မြန်အချောသပ် လက်မှတ်ရေး ထိုးနိုင်ပြီး အားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စတင်ရန် လိုအပ်ကြောင်း ဥရောပ သမဂ္ဂ သံအမတ် မစ္စတာရိုလန် ကို ဘီယာက အောက်တိုဘာ ၂ ရက် တွင် အလေးပေးပြောကြားလိုက် သည်။

အပစ်အခတ်ရပ်စဲရေး အရှိန်မြှင့်ရန် သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းပြီး နောက် တစ်နေ့တွင် ၎င်း၏တိုက်တွန်းမှု ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အ ဓိက အလှူရှင်ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခ ဖြေရှင်းရေး အစီ အစဉ်အတွက် ယူရိုသန်း ၉၀ ကျော်လှူဒါန်းရန် လျာထားသည်ဟုဆို သည်။ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ တည် ငြိမ်မှုနှင့် လူမှုစီးပွားတိုးတက်မှု၊ ကြီးပွားဖြစ်ထွန်းမှု၊ တစ်နိုင်ငံလုံး ၏ (အထူးသဖြင့် ပဋိပက္ခသက် ရောက်ရာ ဒေသများ၏) အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုတို့အကြား တိုက် ရိုက်ဆက်စပ်မှုကို မစ္စတာကိုဘီ ယာက မီးမောင်းထိုးပြခဲ့သည်။ လက်ရှိ စေ့စပ်ဆွေးနွေးမှုများ၏ အရေးပါမှုနှင့် ခက်ခဲနက်နဲ မှုကို ဥရောပသမဂ္ဂအနေဖြင့် နားလည် ကြောင်း ၎င်းက ဆိုသည်။ စေ့စပ် ညှိနှိုင်းမှုတွင် ပါဝင်နေသည့် အဖွဲ့ များ၏ စိတ်ပိုင်းဖြတ်မှုကို ချီးကျူးခဲ့ပြီး အကြီးအကျယ်တိုးတက် ပြောင်းလဲမှုတစ်ခုကနေ၍ ဆွေး နွေးပွဲများ၏ အကျိုးရလဒ်ကို ယခု အချိန်၌ ရိတ်သိမ်းရန် ထိုက်တန် ပြီဟု ဆိုသည်။

ယခုကဲ့သို့ တိုက်တွန်းထုတ် ပြန်မှုမပြုမီ အောက်တိုဘာ ၁ ရက်က မစ္စတာကိုဘီယာနှင့် ဥရောပသမဂ္ဂ အဖွဲ့သည် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြု သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စား လှယ်များ၊ ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ အဖွဲ့ဝင်အ ချို့တို့နှင့် တွေ့ဆုံခဲ့ကြ သည်။ တွေ့ဆုံစဉ်အတွင်း နောက်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအ ကြောင်းနှင့် အောက်တိုဘာလ တွင် ပြုလုပ်မည့် စေ့စပ်ညှိနှိုင်းမှု များအကြောင်း ဆွေးနွေးခဲ့ကြ သည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ဆက်လက်ပါဝင်ရန် NCCT က တောင်းဆိုခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြီးဆုံး ထောက်ပံ့ ကူညီသူများအနက် တစ်ခုဖြစ်သည့်အတွက် ဂုဏ်ယူ ကြောင်းဆို၍ (စေ့စပ်ညှိနှိုင်းနေ သည့်အဖွဲ့များ၏ မေတ္တာရပ်ခံချက်အရ) လာမည့်အဆင့်တွင် ထောက်ပံ့မှုကို မြှင့်တင်ရန် ရည် ရွယ်ထားကြောင်း ပြောကြားခဲ့ သည်။

7Day Daily

No comments:

Post a Comment