Friday 3 October 2014

ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တော ဧရိယာအတွင်းရှိ လယ်မြေများ ဘေးမဲ့ဧရိယာအတွင်းမှ ပယ်ဖျက်ရန် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့တောဧရိယာ၊ လီဒိုလမ်းမကြီးဘေး တစ်လျှောက်တွင် လုပ်ကိုင် လျက်ရှိသည့် လယ်မြေ၊ ယာမြေများကို ဘေးမဲ့တော ဧရိယာအတွင်းမှ ပယ်ဖျက်ပေးသွားရန် ကွင်းဆင်း ဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တနိုင်းမြို့၊ ဟူးကောင်းချိုင့်ဝှမ်း သားရဲတိရစ္ဆာန်နှင့် ဘေးမဲ့တောထိန်းသိမ်းရေးရုံးမှ သတင်းရရှိသည်။

၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း တိုးချဲ့ဘေးမဲ့တော ဧရိယာအဖြစ် ထုတ်ပြန် ကြေညာရန် ဘေးမဲ့တောဧရိယာအတွင်း ကျရောက် နိုင်သည့် လီဒိုလမ်းမဘေးပတ်ဝန်း ကျင်မှ စိုက်ပျိုးမြေ ဧရိယာများ စာ ရင်းကို ကောက်ယူခဲ့သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၊ ဟူးကောင်း ချိုင့်ဝှမ်းဒေသကို ဘေးမဲ့တောဧရိယာအဖြစ် အစိုးရက သတ်မှတ်လိုက်ပြီးနောက် ဒေသခံများလုပ်ကိုင်နေသည့် လယ်ယာမြေများစွာလည်း ဘေးမဲ့တော ဧရိယာအ တွင်း ကျရောက်သွားခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့ဆိုင်ရာဆိုင် ခွင့်တွေကို ပယ်ဖျက်ပေးနိုင်ရန်အတွက် ကျေးရွာအုပ်တွေကို ကွင်း ဆင်းပြီးတော့ စတင်ဆောင်ရွက် နေပြီး ကျေးရွာအုပ်စု လေးအုပ်စု ကို ကွင်းဆင်းဆောင်ရွက်ပြီးသွား ပြီ။ သုံးအုပ်စု ကတော့ အထက် မှာ အစီရင်ခံစာတက်ပြီးသွားပြီ’’ ဟု ဟူးကောင်းချိုင့်ဝှမ်း သားရဲ တိရစ္ဆာန်နှင့် ဘေးမဲ့ တော ထိန်း သိမ်းရေးရုံးမှ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းခိုင်က ပြောကြားသည်။

ဘေးမဲ့တောဧရိယာအတွင်း ကျေးရွာ ဒေသခံများ လုပ်ကိုင် လျက်ရှိသည့် လယ်မြေ၊ ယာမြေ၊ ကိုင်းမြေများ အား ဘေးမဲ့တော ဧရိယာသတ်မှတ်ချက်မှ ပယ်ဖျက်ပေးသွားမည်ဖြစ်ပြီး ယင်းသို့ ပယ် ဖျက်ပေးသည့် မြေယာများကို ကျေးရွာဒေသခံများက မြေယာ ပိုင်ဆိုင်ခွင့်ပုံစံ (၇)များ လျှောက် ထားနိုင်ကြောင်း  သတင်းရရှိ သည်။

ဘေးမဲ့တော ဧရိယာအဖြစ် ထုတ်ပြန်ကြေညာရန်  ဘေးမဲ့ တောဧရိယာအတွင်း ကျရောက် သွားနိုင်သည့် လယ်မြေ၊ ယာမြေ၊ စိုက်ခင်းမြေများ ကြိုတင် ကောက်ယူထားသည့်  စာရင်းကို ဆိုင်ရာ၊ ဆိုင်ခွင့် စာရင်းများ ကောက်ယူခြင်းဖြစ်သည်ဟု သိရ သည်။

‘‘ကျွန်တော်တို့ လယ်တွေက ဘေးမဲ့တောထဲမှာ ပါနေတော့ ကျွန်တော်တို့က လယ်လုပ်လို့ တော့ရတယ်။ ပိုင်ဆိုင်ခွင့်လျှောက်လို့ မရဘူး။ အခုဘေးမဲ့တောစာရင်းက ဖျက်ပေးမယ်ဆိုတော့ ကျွန်တော်တို့ဒေသခံတွေ အတွက် ပိုကောင်းလာတာပေါ့’’ ဟု တနိုင်းမြို့နယ် လမုန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့ တောဧရိယာအတွင်း ဒေသခံများ လုပ်ကိုင်နေသည့် လယ်မြေဧက များစွာ ပါဝင်နေပြီး ဘေးမဲ့တောဧရိယာမှ ပယ်ဖျက်နိုင်ရန် လက်ရှိတွင် တနိုင်းမြို့နယ်နှင့် ဖားကန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများအား  စတင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သတင်းရရှိ သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ သဘာဝဘေးမဲ့တော ထိန်းသိမ်း ရေးနယ်မြေအဖြစ် ကချင်ပြည် နယ်အတွင်းရှိ မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခန္တီး၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင်ဒေသများကို သတ်မှတ်ထားပြီး ဧရိယာစတုရန်းမိုင် ၈၄၅၂ မိုင်ခန့် ကျယ်ဝန်းကာ ကမ္ဘာ့အကြီးဆုံးကျားထိန်းသိမ်းရေး နယ်မြေ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment