Friday 3 October 2014

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅ကို ပြင်ဆင်ရန် ဆောင်ရွက်နေဟုဆို

Photo: မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅ကို ပြင်ဆင်ရန် ဆောင်ရွက်နေဟုဆို
Friday, October 3, 2014

မူး ယစ်ဆေးဝါးသုံးစွဲသူများကို အရေး ယူသည့် မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကိုပြင်ဆင် ရန်ဆောင်ရွက်နေကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ကျော်ထွန်းက ပြောသည်။

အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခမိုင်မုန်ကွမ်က မူးယစ် ဆေးဝါးရောင်းဝယ်စားသောက်အ သုံးပြုသူများနှင့်ပတ်သက်၍ လွှတ် တော်အတွင်း မေးမြန်းခဲ့ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် ထောင်ဒဏ်လျှော့ပေါ့သတ်မှတ် ပေးရန်အစီအစဉ်ရှိမရှိကို ထည့်သွင်း မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးက ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကို အရေးယူတဲ့ပုဒ်မ ၁၅ ပြဋ္ဌာန်း ချက်ဥပဒေ ကိုပြင်ဆင်နိုင်ဖို့ အတွက် မူးယစ်ဗဟိုပြည်ထောင်စုရှေ့နေ ချုပ် ပြည်ထောင်စု တရားလွှတ်တော် ရုံးတို့မှတစ်ဆင့် ညှိနှိုင်းရေးဆွဲပြင် ဆင်လျက်ရှိပါတယ်။ ကုလသမဂ္ဂမူး ယစ်ဆေးဝါးဆိုင်ရာရုံးနှင့် အခြား အင်န်ဂျီအိုအဖွဲ့အစည်းများမှ ဥပ ဒေပညာရှင်များဖြင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း'' ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချူပ် ကျော်ကျော်ထွန်းက ပြော သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅အရ မူးယစ် ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိချမှတ်ရန် ပြဋ္ဌာန်း ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအနေဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကို ပြင်ဆင်ရေးဆွဲနေသည်ဟု လွှတ် တော်အတွင်း ပြောကြားခဲ့သော် လည်း ထောင်ဒဏ်သတ်မှတ်ချက် နှင့် မည်သို့ပြင်ဆင်ရန်ဆောင်ရွက် ထားသည်ဟု ပြောကြားခဲ့ခြင်း မရှိ ကြောင်း သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူး ယစ်ဆေးဝါးသုံးစွဲသူကို ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အ ထိလည်းကောင်း၊ ဘိန်းဖြူကိုကင်း၊ မော်ဖင်း ၃ ဂရမ်အောက် ဆေး ခြောက် ၂၅ ဂရမ်အောက်ဘိန်းစိမ်း ၁ဝဝ ဂရမ်အောက်ကို လက်ဝယ် တွေ့ရှိ သယ်ဆောင်ရောင်းဝယ်သူ ကို ပုဒ်မ ၁၆(ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်မှ ၁ဝ နှစ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ချမှတ်နိုင်သည့် ဥပဒေပြ ဋ္ဌာန်းထားကြောင်း သိရသည်။

အထက်ဖော်ပြပါ ဆေးဝါးအ လေးချိန်ထက်ပိုသောအရေအတွက် ကို လက်ဝယ်တွေ့ရှိသယ်ဆောင် ရောင်းဝယ်သူများကို ပုဒ်မ၁၉(က) ဖြင့် ထောင်ဒဏ်နှစ်အကန့်အ သတ်မရှိ ချမှတ်ရန် ပြဋ္ဌာန်းထား သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ဗဟို အဖွဲ့၏ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဆေးကုသရေးအဖွဲ့အနေနဲ့ မူးယစ် ဆေးစွဲရောဂါကာကွယ်ကုသရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲအ ကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Yangon Meida Group
မူးယစ်ဆေးဝါးသုံးစွဲသူများကို အရေး ယူသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကိုပြင်ဆင် ရန်ဆောင်ရွက်နေကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ကျော်ထွန်းက ပြောသည်။

အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်က မူးယစ် ဆေးဝါးရောင်းဝယ်စားသောက်အ သုံးပြုသူ များနှင့် ပတ်သက်၍ လွှတ် တော်အတွင်း မေးမြန်းခဲ့ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် ထောင်ဒဏ် လျှော့ပေါ့သတ်မှတ် ပေးရန်အစီအစဉ်ရှိမရှိကိုထည့်သွင်း မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကို အရေးယူတဲ့ပုဒ်မ ၁၅ ပြဋ္ဌာန်း ချက်ဥပဒေ ကိုပြင်ဆင်နိုင်ဖို့ အတွက် မူးယစ်ဗဟိုပြည်ထောင်စုရှေ့နေ ချုပ် ပြည်ထောင်စု တရားလွှတ်တော် ရုံးတို့မှတစ်ဆင့် ညှိနှိုင်းရေးဆွဲပြင် ဆင်လျက်ရှိပါတယ်။ ကုလသမဂ္ဂမူး ယစ်ဆေးဝါးဆိုင်ရာရုံးနှင့် အခြား အင်န်ဂျီအိုအဖွဲ့အစည်းများမှ ဥပ ဒေပညာရှင်များဖြင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း'' ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချူပ် ကျော်ကျော်ထွန်းက ပြော သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅အရ မူးယစ် ဆေးဝါး သုံးစွဲသူ များကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိချမှတ်ရန် ပြဋ္ဌာန်း ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအနေဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကို ပြင်ဆင်ရေးဆွဲနေသည်ဟု လွှတ် တော်အတွင်း ပြောကြားခဲ့သော် လည်း ထောင်ဒဏ်သတ်မှတ်ချက် နှင့် မည်သို့ပြင်ဆင်ရန်ဆောင်ရွက် ထားသည်ဟု ပြောကြားခဲ့ခြင်း မရှိ ကြောင်း သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူး ယစ်ဆေးဝါး သုံးစွဲသူကို ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အ ထိလည်းကောင်း၊ ဘိန်းဖြူကိုကင်း၊ မော်ဖင်း ၃ ဂရမ်အောက် ဆေး ခြောက် ၂၅ ဂရမ်အောက်ဘိန်းစိမ်း ၁ဝဝ ဂရမ်အောက်ကို လက်ဝယ် တွေ့ရှိ သယ်ဆောင်ရောင်းဝယ်သူ ကို ပုဒ်မ ၁၆(ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်မှ ၁ဝ နှစ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ချမှတ်နိုင်သည့် ဥပဒေပြ ဋ္ဌာန်းထားကြောင်း သိရသည်။

အထက်ဖော်ပြပါ ဆေးဝါးအ လေးချိန်ထက်ပိုသောအရေအတွက်ကို လက်ဝယ်တွေ့ရှိသယ်ဆောင် ရောင်း ဝယ်သူများကို ပုဒ်မ၁၉(က) ဖြင့် ထောင်ဒဏ်နှစ်အကန့်အ သတ်မရှိ ချမှတ်ရန် ပြဋ္ဌာန်းထား သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ဗဟို အဖွဲ့၏ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဆေးကုသရေးအဖွဲ့အနေနဲ့ မူးယစ် ဆေးစွဲရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ကို စီမံချက်ရေးဆွဲအ ကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Yangon Meida Group

No comments:

Post a Comment