Friday 3 October 2014

ယူနိုက်တက်တွင် ဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဟာရဲရာ (၂)ပတ်မျှသာ အနားယူရဖွယ်ရှိ


Photo: ယူနိုက်တက်တွင် ဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဟာရဲရာ (၂)ပတ်မျှသာ အနားယူရဖွယ်ရှိ
Friday, October 3, 2014

တောက်လျှောက် ဒဏ်ရာအခြေအနေဆိုးများ ကြုံနေရသည့် မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းကောင်း တစ်ရပ်အဖြစ် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဟု သိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီသည် အပြည့်အဝ အသင်းနှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီ ဖြစ်သလို နံရိုးအက်သွားသည်ဟု အသင်းက ကြေညာခဲ့သည့် စပိန် ကွင်းလယ် ကစားသမား အန်ဒါ ဟာရဲရာသည်လည်း (၂)ပတ်မျှ အနားယူပြီး ပြန်ကစားနိုင်မည်ဟု မျှော်လင့်နေသည်။ ယူနိုက်တက်တွင် ဒဏ်ရာရ ကစားသမား (၁၀)ဦးမျှ ရှိနေသလို အသင်းခေါင်းဆောင် ဝိန်းရွန်နီနှင့် လူငယ်ခံစစ်သမား တိုင်လာဘလက်ကက်တို့မှာလည်း အနီကတ်ကြောင့် ပွဲပယ်ခံထားရသည်။

ရာသီအစပိုင်းတွင် ရလဒ်များ ယိမ်းယိုင်နေသည်ကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းနေသည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဖယ်လိုင်နီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်းက အသက်ရှူချောင်စရာ ဖြစ်လာသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပေါင်စတာလင် (၂၇.၅)သန်းဖြင့် အဲဗာတန်မှ ပြောင်းရွှေ့လာသည့် ကစားသမားသည် ယခုအခါ ပထမအသင်းနှင့် ပူးပေါင်းပြီး ကာရင်တန်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ သို့သော်လည်း တနင်္ဂနွေနေ့တွင် ကစားမည့် အသင်းဟောင်းနှင့် ပွဲစဉ်တွင် ဖယ်လိုင်နီ ပါဝင်နိုင်ဖွယ် မရှိသေးဟု ဆိုသည်။

စပိန်ကွင်းလယ်လူ ဟာရဲရာသည် ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရသည့် ပွဲစဉ်တွင် နံရိုးထိခိုက်မှု ဖြစ်ခဲ့ပြီး ကာလအတန်ကြာ အနားယူရမည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ (၂)ပတ်မျှအတွင်း အပြည့်အဝ ပြန်လည် သက်သာ ကြံ့ခိုင်လာမည်ဟု မျှော်လင့်နေသည်။ အဲဗာတန်နှင့်ပွဲတွင် ဟာရဲရာ နေရာအတွက် ဒါရင်ဖလက်ချာနှင့် ရွန်နီ၏ နေရာအတွက် ဟွမ်မာတာတို့ကို ဗန်ဂါးလ်အနေဖြင့် ပွဲထုတ်လာဖွယ် ရှိနေသည်။ အခြား သတင်းကောင်း တစ်ရပ်မှာ မိုက်ကယ်ကာရစ်နှင့် ဖီးလ်ဂျုံးစ်တို့သည် ပထမအသင်းနှင့် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့်တိုင် အထောက်အကူ ကိရိယာ မလိုအပ်ဘဲ ပြေးလွှားလေ့ကျင့်နေနိုင်ခြင်း ဖြစ်သည်။ ကာရစ်သည် ဗန်ဂါးလ်လက်အောက်တွင် တစ်ပွဲမျှ ပါဝင်မကစားဖူးသေးသော်လည်း နိုင်ငံတကာ ပွဲစဉ်နားရက်အပြီးတွင် အသင်းနှင့် ပူးပေါင်းနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Soccer Myanmar
တောက်လျှောက် ဒဏ်ရာအခြေအနေဆိုးများ ကြုံနေရသည့် မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ် အဖြစ် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဟု သိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီသည် အပြည့်အဝ အသင်းနှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီ ဖြစ်သလို နံရိုးအက်သွားသည်ဟု အသင်းက ကြေညာခဲ့သည့် စပိန် ကွင်းလယ် ကစားသမား အန်ဒါ ဟာရဲရာသည်လည်း (၂)ပတ်မျှ အနားယူပြီး ပြန်ကစားနိုင်မည်ဟု မျှော်လင့်နေသည်။ ယူနိုက်တက်တွင် ဒဏ်ရာရ ကစားသမား (၁၀)ဦးမျှ ရှိနေသလို အသင်းခေါင်းဆောင် ဝိန်းရွန်နီနှင့် လူငယ်ခံစစ်သမား တိုင်လာဘလက်ကက်တို့မှာလည်း အနီကတ်ကြောင့် ပွဲပယ်ခံထားရသည်။

ရာသီအစပိုင်းတွင် ရလဒ်များ ယိမ်းယိုင်နေသည်ကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းနေသည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဖယ်လိုင်နီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်းက အသက်ရှူချောင်စရာ ဖြစ်လာသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပေါင်စတာလင် (၂၇.၅)သန်းဖြင့် အဲဗာတန်မှ ပြောင်းရွှေ့ လာသည့် ကစားသမားသည် ယခုအခါ ပထမအသင်းနှင့် ပူးပေါင်းပြီး ကာရင်တန်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ သို့သော်လည်း တနင်္ဂနွေနေ့တွင် ကစားမည့် အသင်းဟောင်းနှင့် ပွဲစဉ်တွင် ဖယ်လိုင်နီ ပါဝင်နိုင်ဖွယ် မရှိသေးဟု ဆိုသည်။

စပိန်ကွင်းလယ်လူ ဟာရဲရာသည် ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရသည့် ပွဲစဉ်တွင် နံရိုးထိခိုက်မှု ဖြစ်ခဲ့ပြီး ကာလအတန်ကြာ အနားယူရမည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ (၂)ပတ်မျှအတွင်း အပြည့်အဝ ပြန်လည် သက်သာ ကြံ့ခိုင်လာမည်ဟု မျှော်လင့်နေသည်။ အဲဗာတန်နှင့်ပွဲတွင် ဟာရဲရာ နေရာအတွက် ဒါရင်ဖလက်ချာနှင့် ရွန်နီ၏ နေရာအတွက် ဟွမ်မာတာတို့ကို ဗန်ဂါးလ်အနေဖြင့် ပွဲထုတ်လာဖွယ် ရှိနေသည်။ အခြား သတင်းကောင်း တစ်ရပ်မှာ မိုက်ကယ်ကာရစ်နှင့် ဖီးလ်ဂျုံးစ်တို့သည် ပထမအသင်းနှင့် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့်တိုင် အထောက်အကူ ကိရိယာ မလိုအပ်ဘဲ ပြေးလွှားလေ့ကျင့်နေနိုင်ခြင်း ဖြစ်သည်။ ကာရစ်သည် ဗန်ဂါးလ်လက်အောက်တွင် တစ်ပွဲမျှ ပါဝင်မကစားဖူးသေးသော်လည်း နိုင်ငံတကာ ပွဲစဉ်နားရက်အပြီးတွင် အသင်းနှင့် ပူးပေါင်းနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment