Friday 3 October 2014

မွေးရေ ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာနပိုင် မြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည်

Photo: မွေးရေ ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာနပိုင် မြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည်
Friday, October 3, 2014

နိုင်ငံတစ်ဝန်းရှိ မွေးမြူ ရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ၀န်ကြီးဌာနပိုင်မြေ များပေါ်တွင် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ရန်ဌာနနှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်သွားရန်  စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း များကို တင်ဒါချစနစ်ဖြင့် ဆောင် ရွက်သွားရန် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသော ဆောက်လုပ် ရေးကုမ္ပဏီများမှာ ၀န်ကြီးဌာနသို့ လျှောက်ထားရန် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာများ မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ သည်။

‘‘အကောင်အထည်ဖော်ဖို့ အတွက် စီစဉ်နေတဲ့ကာလသာရှိ ပါသေးတယ်။ ဘယ်အပိုင်းကို အ တိုင်းအတာ ဘယ်လောက်ဆောင် ရွက်သွားမလဲဆိုတာ မသိရသေး ပါဘူး။ ဌာနပိုင်မြေတွေမှာ ပြန် လည်အသုံးချတဲ့ သဘောပါ’’ဟု မွေးရေကျေးလက် ၀န်ကြီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးဇော် ၀ိတ်က ပြောသည်။

စီမံကိန်းမှာ တစ်နိုင်ငံလုံးအ တွင်းရှိ ဌာနပိုင်မြေများတွင် လုပ် ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရ ၀န်ထမ်းများနှင့် အိမ်ရာမရှိသေးသည့်သူများအတွက် အ ရစ်ကျရောင်းချပေးရန် စီစဉ်ထား သည်ဟု ဆိုသည်။

ဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြို့ပြ၊ ကျေးလက် စီမံကိန်းများ (Town Plan/Village Plan)နှင့်အညီ တန် ဖိုးနည်းအိမ်ရာများ ဆောက်လုပ် မည့် မြေနေရာများကို ၀န်ကြီးဌာန မှ ထုတ်ပြန်ပေးသွားမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ယခင်က ၀န်ကြီးဌာနပိုင် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ရောင်းချမှုများရှိနေပြီး အချို့မြေ နေရာများကို ပြည်သူပိုင်အဖြစ် သတ်မှတ်လိုက်ခြင်းများ ရှိနေ သည်။

၁၉၅၅ အိမ်ရာဥပဒေအရ အိုးအိမ်နှင့် စည်ပင်မှသာ အိမ်ဆောက်လုပ်ခွင့်ရှိပြီး ကျန်ရှိသည့်ဌာနများ မှာ ဆောက်လုပ်ခွင့်မရှိဟု ဥပဒေ ထဲ၌ ဖော်ပြပါရှိခြင်းကြောင့် ယခု ဆောက်လုပ်မည့် အစီအစဉ်မှာ မည်သည့်ပုံစံဖြင့် ဆောက်လုပ် မည်ကို မေးခွန်းထုတ်စရာဖြစ်နေ ကြောင်း အိမ်ရာစီမံကိန်းနှင့်ပတ် သက်၍ ကျွမ်းကျင်သူအချို့က ထောက်ပြပြောကြားသည်။

‘‘ဌာနက မြေရှိတိုင်း အိမ် ဆောက်လုပ်လို့တော့ မဖြစ်သေး ဘူးလေ။ ဒီနောက်ပိုင်းဖြစ်လာ မယ့် အရာတွေကို တာဝန်ယူရ မယ့်အပိုင်းတွေ အများကြီးရှိ တယ်’’ ဟု အိုးအိမ်ဦးစီးဌာနတွင် အနှစ်လေးဆယ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သူ စာရေးဆရာ မြင့်မိုရ် ဆွေက ပြောသည်။

7Day DAILY 

တန်ဖိုးနည်းအိမ်ရာ တစ်ခုဖြစ်သော ဗိုလ်ဗထူးအိမ်ရာ ဆောက်လုပ်နေမှုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

တန်ဖိုးနည်းအိမ်ရာ တစ်ခုဖြစ်သော ဗိုလ်ဗထူးအိမ်ရာ ဆောက်လုပ်နေမှုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

နိုင်ငံတစ်ဝန်းရှိ မွေးမြူ ရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ၀န်ကြီးဌာနပိုင်မြေ များပေါ်တွင် တန်ဖိုးနည်း အိမ်ရာ များ ဆောက်လုပ်ရန်ဌာနနှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်သွားရန်  စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း များကို တင်ဒါချစနစ်ဖြင့် ဆောင် ရွက်သွားရန် အကျိုးတူပူးပေါင်း ဆောင်ရွက် လိုသော ဆောက်လုပ် ရေးကုမ္ပဏီများမှာ ၀န်ကြီးဌာနသို့ လျှောက်ထားရန် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာများ မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ သည်။

‘‘အကောင်အထည်ဖော်ဖို့ အတွက် စီစဉ်နေတဲ့ကာလသာရှိ ပါသေးတယ်။ ဘယ်အပိုင်းကို အ တိုင်းအတာ ဘယ်လောက်ဆောင် ရွက်သွားမလဲဆိုတာ မသိရသေး ပါဘူး။ ဌာနပိုင်မြေတွေမှာ ပြန် လည်အသုံးချတဲ့ သဘောပါ’’ဟု မွေးရေကျေးလက် ၀န်ကြီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးဇော် ၀ိတ်က ပြောသည်။

စီမံကိန်းမှာ တစ်နိုင်ငံလုံးအ တွင်းရှိ ဌာနပိုင်မြေများတွင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရ ၀န်ထမ်းများနှင့် အိမ်ရာမရှိသေးသည့်သူများအတွက် အရစ်ကျရောင်းချပေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြို့ပြ၊ ကျေးလက် စီမံကိန်းများ (Town Plan/Village Plan)နှင့်အညီ တန် ဖိုးနည်းအိမ်ရာများ ဆောက်လုပ် မည့် မြေနေရာများကို ၀န်ကြီးဌာန မှ ထုတ်ပြန်ပေး သွားမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ယခင်က ၀န်ကြီးဌာနပိုင် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ရောင်းချမှုများရှိနေပြီး အချို့မြေ နေရာများကို ပြည်သူပိုင်အဖြစ် သတ်မှတ်လိုက်ခြင်းများ ရှိနေ သည်။

၁၉၅၅ အိမ်ရာဥပဒေအရ အိုးအိမ်နှင့် စည်ပင်မှသာ အိမ်ဆောက်လုပ်ခွင့်ရှိပြီး ကျန်ရှိသည့်ဌာနများ မှာ ဆောက်လုပ်ခွင့်မရှိဟု ဥပဒေ ထဲ၌ ဖော်ပြပါရှိခြင်းကြောင့် ယခု ဆောက်လုပ်မည့် အစီအစဉ်မှာ မည်သည့် ပုံစံဖြင့် ဆောက်လုပ် မည်ကို မေးခွန်းထုတ်စရာဖြစ်နေ ကြောင်း အိမ်ရာစီမံကိန်းနှင့်ပတ် သက်၍ ကျွမ်းကျင်သူ အချို့က ထောက်ပြပြောကြားသည်။

‘‘ဌာနက မြေရှိတိုင်း အိမ် ဆောက်လုပ်လို့တော့ မဖြစ်သေး ဘူးလေ။ ဒီနောက်ပိုင်းဖြစ်လာ မယ့် အရာတွေ ကို တာဝန်ယူရ မယ့်အပိုင်းတွေ အများကြီးရှိ တယ်’’ ဟု အိုးအိမ်ဦးစီးဌာနတွင် အနှစ်လေးဆယ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သူ စာရေးဆရာ မြင့်မိုရ် ဆွေက ပြောသည်။

7Day DAILY

No comments:

Post a Comment