Friday 3 October 2014

ကြံ၊ သကာကုန်ဖိုးငွေကျပ်သိန်း နှစ်ထောင်ကျော် မပေးချေဘဲ လုပ်ငန်းရှင်တစ်ဦး တိမ်းရှောင်နေ

မန္တလေးသကြားဒိုင် တွင် ပေါင်းသကြားစက်လုပ်ငန်း ရှင်တစ်ဦးသည် ကုန်ဖိုးငွေကျပ်သိန်း နှစ်ထောင်ကျော် မပေးချေ ဘဲ တိမ်းရှောင်နေကြောင်း သ တင်း ရရှိသည်။

မန္တလေးမြို့ သကြားနှင့် သ ကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း (သကြားဒိုင်)တွင် ပေါင်းသကြား စက်လုပ်ငန်းရှင်တစ်ဦးသည် ကုန်သည်လုပ်ငန်းရှင် ၅၁ ဦးထံမှ ကုန်ကြမ်းများဝယ်ယူပြီး တစ်နှစ်ကျော် ကြာချိန်အထိ ငွေအကျေပေး ချေခြင်းမရှိသေး ဘဲ တိမ်းရှောင်နေခြင်းဖြစ်သည် ဟု သကြားဒိုင်တာဝန်ရှိသူ များနှင့် လုပ်ငန်းရှင်များက ပြောသည်။

‘‘ငွေကြေးကိစ္စအရှုပ်အရှင်း ဖြစ်နေတာ ၁၇ လရှိပြီ။ ရောင်းမှားဝယ်မှားဖြစ်တာမဟုတ်ဘဲ စက် ပိုင်က ကုန်ဝယ်ပြီး ကုန်ဖိုးငွေမ ပေးဘဲ ညစ်နေတာ။ ဒိုင်မှာက မိသားစုလိုဖြစ်နေတော့ သည်းခံ ကြတယ်။ အခုအချိန်တွေကြာ လာပြီး သည်းခံနိုင်တဲ့အတိုင်းအ တာမရှိတော့ဘူး။ ဥပဒေအရ ဆက်လုပ်တော့မယ်’’ဟု ကျပ် သိန်းသုံးဆယ်ခန့် ငွေရရန်ရှိနေ သည့် သကြားစက်လုပ်ငန်းရှင် ဦး သန်းထွဋ်အောင်က ပြောသည်။

စူပါဝမ်းပေါင်းသကြားစက် လုပ်ငန်းရှင် ဦးခင်မောင်ဝင်းသည် ၂၀၁၃ ခုနှစ် မတ်လအတွင်းက အသင်းဝင် ကုန်သည်လုပ်ငန်းရှင်များထံမှ    ၀ယ်ယူထားသော သကြားနှင့် သကာရည်ကုန်ဖိုးငွေများကို တစ်နှစ် ကျော်ကြာချိန်ထိ မပေးချေဘဲ တိမ်းရှောင်နေခြင်း ဖြစ်သည်ဟု သကြားဒိုင်ဥက္ကဋ္ဌနှင့် ကုန်ဖိုးငွေရရန် ကျန်ရှိ နေသည့် ကုန်သည်များက ဆိုသည်။

ကနဦးတွင် ကျပ်သိန်းကိုး ထောင်ခန့်ငွေမချေဘဲ တိမ်းရှောင်နေခဲ့ရာမှ ဒိုင်တာဝန်ရှိသူများနှင့် ကုန်သည် များကြား ညှိနှိုင်းကာ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ကုန်ဖိုး ငွေများ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပေးချေခဲ့သည်ဟု ဆိုသည်။

သို့သော် သကြားဒိုင်အသင်း ၀င် ကုန်သည် ၅၁ ဦးက ကုန်ဖိုးငွေ ကျပ်သိန်း ၂၆၀၀ ကျော် ရရှိရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။ ထို့ပြင် သကြားဒိုင်သို့ တိုင်ကြား ခြင်းမရှိသည့် အခြားကုန်သည် များအား ငွေကျပ်သိန်းရာချီပေး ရန် ကျန်ရှိနေသည်ဟု သကြားဒိုင် ကုန်သည်များကပြောသည်။

ကုန်ဖိုးငွေများ မပေးချေဘဲ တိမ်းရှောင်နေသော လုပ်ငန်းရှင် ၏ ပိုင်ဆိုင်မှုမှာ ကျပ်သိန်းသောင်း ချီရှိနေပြီး ၎င်းအနေဖြင့် ထွက်ပြေးနေခြင်းမဟုတ်ဘဲ မန္တလေးမြို့တွင်နေထိုင်နေဆဲဖြစ်ကာ အောက်တို ဘာ ၁ ရက် နေ့ တွင် ဖုန်းမှတစ်ဆင့် ၎င်းတို့အား အချိန်ထပ်တိုးပေးရန် တောင်းဆိုနေသည်ဟု ကုန်ဖိုးငွေရရန်  ကျန်နေသည့်  ကုန်သည် များကပြောသည်။

‘‘နောက်ဆယ့်ငါးရက်အ တွင်း လာဖြေရှင်းမပေးရင် တရားစွဲဆိုမှာ ဖြစ်ပါတယ်’’ဟု သကြား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ငင်းငွေချေစနစ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုမရှိ ခြင်း၊ ပွက်ရည်ဈေးအတက်အကျ ဖြစ်ခြင်း များကြောင့် ယခုကဲ့သို့ ငွေကြေးအရှုပ်အရှင်းများဖြစ်ပေါ်စေ ခြင်းဖြစ်သည်ဟု သကြားနှင့် သကာရည် လုပ်ငန်း ရှင်များ ကထိန် တော်အသင်း (သကြားဒိုင်)ဥက္ကဋ္ဌ ဦးစက်မြင့်မောင်က ပြောသည်။

လက်ရှိ သကြားဒိုင်တွင် အ ရောင်းအ၀ယ်လုပ်သူများအနေ ဖြင့် လက်ငင်း ငွေချေ စနစ်ဖြင့် အ ရောင်း အ၀ယ်ပြုလုပ်ရန် သတ် မှတ်ထားပြီး လက်ငင်း စနစ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်သည်ဆို သော်လည်း ဆယ့်ငါးရက်ဆိုင်း၊ တစ်လဆိုင်းများဖြစ်နေသည်ဟု ဦးစက်မြင့်မောင်က ပြောသည်။

7Day DAILY

No comments:

Post a Comment