Friday 3 October 2014

လုပ်ငန်းခွင်ထိခိုက်မှုမရှိဘဲ နာရီပေါင်းတစ်သန်းအထိ လုပ်ဆောင်နိုင်ခဲ့သည့် ကုမ္ပဏီ မြန်မာပြည်မှာ ရှိလာ

လုပ်ငန်းခွင်အတွင်း လိုအပ်သည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများကို အဆင်သင့်ထားရှိသင့်ပြီး ကူညီ ထောက်ပံ့ပေးသူများကိုလည်း အချိန်နှင့်တစ် ပြေးညီ ကူညီဖြည့်ဆည်းပေးနိုင်ရန် လေ့ကျင့်သင်ကြား ပေးသင့်သည်ဟု လုပ်ငန်းခွင်ထိခိုက်မှုမရှိဘဲ အလုပ်ချိန် လေလွင့်ဆုံးရှုံးမှုမရှိအောင် နာ ရီပေါင်းတစ်သန်း အထိ လုပ်ဆောင် ထားသည့် Carlsberg မြန်မာ ကုမ္ပဏီမှ Managing Director Daniel Sjögren က မီဒီယာများသို့ ပြောကြားထားသည်။

ပဲခူးမြို့၌ တည်ရှိသော Carlsberg မြန်မာဘီယာချက်စက်ရုံတွင် လုပ်ငန်းခွင်ထိခိုက်မှုမရှိဘဲ အလုပ်ချိန် လေလွင့်ဆုံးရှုံးမှုမရှိအောင် နာရီပေါင်း တစ်သန်းအထိ အောင်မြင်စွာ လုပ် ကိုင်နိုင်ပြီး လုပ်ငန်းခွင်အတွင်း အန္တ ရာယ် ကင်းရှင်းရေး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

''Carlsberg မြန်မာအနေနဲ့ အနာဂတ်မှာ တာဝန်သိရှိစွာနဲ့ ကြိုး စားလုပ်ကိုင်ဖို့ဆိုတဲ့ အချက်ဟာ ကျွန် တော်တို့ ရည်မှန်းချက်ဆန္ဒတစ်ခု ဖြစ်ပါတယ်၊ ဒီဆန္ဒကလဲ ကမ္ဘာမျှော် မှန်းချက် 'Zero Accident' ကို အထောက်အပံ့ဖြစ်စေတဲ့ မြင့်မားတဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ရေရှည်တည် တံ့တဲ့ အန္တရာယ်ကင်းရှင်းရေး ထုံး တမ်းဓလေ့တွေကို ထင်ဟပ်စေပါ တယ်'' ဟု Carlsberg မြန်မာ၏ Managing Director Daniel Sjögren က ပြောကြားခဲ့သည်။

ဝန်ထမ်းအားလုံးမှာ ကုမ္ပဏီ အတွက် အရေးပါသည့်အတွက် ဘေး အန္တရာယ်ကင်းသည့် ထိုအပြုအမူများ အတွက် လုပ်ငန်းရှင်တိုင်းလည်း စိတ် ချမ်းသာမည်ဟု ထင်ကြောင်း ၄င်း က ဆက်ပြောသည်။

ယခုကဲ့သို့သော အောင်မြင်မှုသည် ကြားရရုံထက် ပိုမိုကြီးမားသော ဂုဏ်ယူဖွယ်ရာအခြေအနေ တစ်ရပ်ဖြစ် ကြောင်းနှင့် ပဲခူးစက်ရုံ ဝင်းအတွင်း တာဝန်ထမ်းဆောင်နေ ကြသည့် ပျမ်းမျှအလုပ်သမားပေါင်း ၄ဝဝ ကျော်သည် လေ့ကျင့်ပေးမှုများ စွာကို ဆောက်လုပ်ရေးလုပ်ငန်းခွင် ၏ အဆင့်တိုင်းတွင် နာရီပေါင်း ၅၃ဝဝ ကျော် လေ့လာသင်ကြားစေ ခဲ့ကြောင်းကိုလည်း သိရသည်။

ထိုသို့ လေ့ကျင့်ပေးရာ၌ လုပ် ငန်းခွင်အကြိုလေ့လာခြင်း၊ အန္တရာယ် ကင်းရှင်းရေးအတွက် အထွေထွေ သတိပြုဆောင်ရွက်ခြင်းများ၊ လုပ်ငန်းခွင်လုံခြုံရေးစိစစ်ခြင်းများ၊ မြင့် မားသောနေရာများတွင် လုပ်ကိုင်ခြင်း၊ လုပ်ငန်းခွင့်ပြုချက်၊ စည်းမျဉ်းစည်း ကမ်းလိုက်နာမှုအားနည်းခြင်း အစီ အရင်ခံစာများ စသည်တို့ပါဝင် သည်။

ထို့အပြင် Supplier တစ်ဦး ချင်းစီမှ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အဖွဲ့ဝင် များသည် အလုပ်သမားများ အားလုံး၏ ဘေးအန္တရာယ်ကင်းရှင်း ရေးကို အလေးထား ဆောင်ရွက် ရန် လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းပေးထား ကြောင်းကိုလည်း သိရသည်။

Carlsberg မြန်မာ၏ ကျန်းမာ ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေးမူဝါဒများကို လိုက်နာလာ စေရန် လုပ်ဆောင်ချိန်နာရီပေါင်း တစ်သန်းပြီးဆုံးသူ တစ်ယောက်ချင်း စီမှ အခြားတစ်ယောက်သို့ အသိအ မှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာရရှိရေး အတွက် ထောက်ခံအဆိုပြုခြင်းများ လည်း ဆောင်ရွက်ခဲ့ကြောင်းနှင့် သ မိုင်းမှတ်တမ်းစိုက်ထူပွဲတွင် ဂုဏ်ပြု မှတ်တမ်းတင်ခံရသည့် အင်ဂျင်နီ ယာများ၊ အလုပ်သမားများ၊ လုံခြုံရေး ဝန်ထမ်းများနှင့် ကာယလုပ်သားများ အစရှိသည့် အယောက် ၅ဝ ဝန်ထမ်း များထဲတွင် စက်ရုံ တည် ဆောက် ရေး ကို တာဝန်ယူလုပ်ကိုင်သည့် AMC Project Director ကိုအောင်ဌေးဦးကလည်း ယခုကဲ့သို့ ဆိုသည်။

Yangon Media Group

No comments:

Post a Comment