Friday 3 October 2014

မော်ဒယ်အေးချမ်းမြတ်မိုးအမှု စတင်စစ်ဆေး

Photo: မော်ဒယ်အေးချမ်းမြတ်မိုးအမှု စတင်စစ်ဆေး
Friday, October 3, 2014

 မော်ဒယ်အေးချမ်းမြတ် မိုးအသတ်ခံရမှု၏ ပထမဆုံးအကြိမ်ရုံးချိန်းကို အောက်တိုဘာ၂ ရက်တွင် စတင်စစ်ဆေးခဲ့သည်။

ပထမဆုံးရုံးချိန်းတွင် တရားလိုဖြစ်သူ အေးချမ်းမြတ်မိုး၏အစ်ကို အာကာဝဏ္ဏကိုစတင်စစ်ဆေးရာ လူသတ်သမားဟု စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုးကို  လိုက်လံနှောင့်ယှက်မှုများပြုလုပ်ခဲ့၍ အစ်ကိုဖြစ်သူနှင့် စကားများ  ရန်ဖြစ်ခဲ့ပြီးနောက် အံ့ဖြိုးပိုင်က အစ်ကိုဖြစ်သူ အာကာဝဏ္ဏအား နောက်နောင်မလုပ်တော့ပါဘူးဟု ကတိပေးပြောဆိုခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထွက်ဆိုခဲ့သည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ အာကာဝဏ္ဏက ‘‘အခင်းဖြစ်ပြီး နောက် ညီမလေးရဲ့ သူငယ်ချင်း က လာပြောတယ်။ အံ့ဖြိုးပိုင်က သူကိုပြန်မချစ်ရင် သတ်ပစ်မယ်။ သူကိုယ့်သူလည်းသတ်သေမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရတယ်’’ဟု ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က အသက် (၁၉) နှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ ဦးဝိစာရအိမ်ရာဝင်း အတွင်းရှိ နေအိမ်တိုက်ခန်း ဒုတိ ယလွှာအတွင် လည်ပင်းကို ဓား ဖြင့် ထိုး၍ အသတ်ခံခဲ့ရသည်။ အဆိုပါပြစ်မှုကျူးလွန်သူဟု စွပ် စွဲခံထားရသူ အံ့ဖြိုးပိုင်မှာ ရဲမှတ် တမ်းအရ ချစ်သူနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်သေဆုံးသူ၏ မိသားစုဝင်များ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်းပြောဆိုခဲ့သည်။ ထို့အပြင်အောက်တို ဘာ ၂ ရက်ကတရားလို အာကာဝဏ္ဏအား စတင်စစ်ဆေးခဲ့ပြီး လာမည့်အောက်တိုဘာ ၁၆ ရက်တွင်လည်း ၎င်းကိုပင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဘက်မှ တရားလိုပြသက်သေ ၂၀ ဦး စစ်ဆေးခံယူမည်ဖြစ်ပြီး တရားခံပြသက်သေ ဘက်မှစစ်ဆေးခံမည့်သက်သေ အရေအတွက်မှာ မသိရသေးပေ။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အသက်(၂၂)နှစ်အရွယ် ဒုတိယနှစ်ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။

7Day DAILY 

မော်ဒယ်အေးချမ်းမြတ်မိုး၏ နာရေးကိုတွေ့ရစဉ် (ဓာတ်ပုံ - သန်းဌေး)

မော်ဒယ်အေးချမ်းမြတ်မိုး၏ နာရေးကိုတွေ့ရစဉ် (ဓာတ်ပုံ - သန်းဌေး)

မော်ဒယ်အေးချမ်းမြတ် မိုးအသတ်ခံရမှု၏ ပထမဆုံးအကြိမ်ရုံးချိန်းကို အောက်တိုဘာ၂ ရက်တွင် စတင် စစ်ဆေးခဲ့သည်။

ပထမဆုံးရုံးချိန်းတွင် တရားလိုဖြစ်သူ အေးချမ်းမြတ်မိုး၏အစ်ကို အာကာဝဏ္ဏကိုစတင်စစ်ဆေးရာ လူသတ်သမားဟု စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုးကို  လိုက်လံနှောင့်ယှက်မှုများပြုလုပ်ခဲ့၍ အစ်ကိုဖြစ်သူနှင့် စကားများ  ရန်ဖြစ်ခဲ့ပြီးနောက် အံ့ဖြိုးပိုင်က အစ်ကိုဖြစ်သူ အာကာဝဏ္ဏအား နောက်နောင်မလုပ်တော့ပါဘူးဟု ကတိပေးပြောဆိုခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထွက်ဆိုခဲ့သည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ အာကာဝဏ္ဏက ‘‘အခင်းဖြစ်ပြီးနောက် ညီမလေးရဲ့ သူငယ်ချင်းက လာပြော တယ်။ အံ့ဖြိုးပိုင်က သူကိုပြန်မချစ်ရင် သတ်ပစ်မယ်။ သူကိုယ့်သူလည်းသတ်သေမယ်လို့ ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ သိရတယ်’’ဟု ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က အသက် (၁၉) နှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ ဦးဝိစာရအိမ်ရာဝင်း အတွင်းရှိ နေအိမ်တိုက်ခန်း ဒုတိယလွှာအတွင်လည်ပင်းကို ဓားဖြင့်ထိုး၍ အသတ်ခံခဲ့ ရသည်။ အဆိုပါပြစ်မှုကျူးလွန်သူဟု စွပ် စွဲခံထားရသူ အံ့ဖြိုးပိုင်မှာ ရဲမှတ် တမ်းအရ ချစ်သူနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်သေဆုံးသူ၏ မိသားစုဝင်များ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်း ပြောဆိုခဲ့ သည်။ ထို့အပြင်အောက်တို ဘာ ၂ ရက်ကတရားလို အာကာဝဏ္ဏအား စတင်စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာ ၁၆ ရက်တွင်လည်း ၎င်းကိုပင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဘက်မှ တရားလိုပြသက်သေ ၂၀ ဦး စစ်ဆေးခံယူမည်ဖြစ်ပြီး တရားခံပြသက်သေ ဘက်မှစစ်ဆေးခံမည့်သက်သေ အရေအတွက်မှာ မသိရသေးပေ။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အသက်(၂၂)နှစ်အရွယ် ဒုတိယနှစ်ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။

7Day DAILY

No comments:

Post a Comment