Friday 3 October 2014

ရော်နယ်ဒိုနှင့်မပြိုင်လိုဘဲ နေမာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်ဟု မက်ဆီပြော

ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရရေး ရော်နယ်ဒိုနှင့် ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှုမရှိဟု ဘာစီလိုနာမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။ တစ်ဖက်တွင်လည်း ဘရာဇီးမှ နေမာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လာနိုင်သည်ဟု ဆိုလိုက်သည်။

မက်ဆီနှင့် ရော်နယ်ဒိုတို့ နှစ်ဦးပေါင်းသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ခြောက်ကြိမ်ရရှိထားပြီး ကစားသမားများ၊ ဝေဖန်ရေးသမားများနှင့် ပရိသတ်များကြားတွင်ပါ ၎င်းတို့နှစ်ဦး၏ ကောင်းကွက်များကို ရှည်လျားစွာ နှိုင်းယှဉ်ပြောဆိုမှုများရှိခဲ့သည်။

မက်ဆီကမူ ပုဂ္ဂလိကဆုများကို စိတ်မဝင်စားဘဲ အသင်းဖလားရရှိရေးကိုသာ  ကူညီလိုကြောင်းပြောသည်။

‘‘ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်ဖို့လား။သူ နဲ့ပဲဖြစ်ဖြစ်၊ အခြား ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိပါဘူး။ ဒါဟာ လူတစ်ဦးချင်း ဆုတွေနဲ့ မပတ်သက်ပါဘူး။ အသင်းကိုပဲ ကူညီချင်ပါတယ်’’ဟု မက်ဆီက ပြောသည်။

ထို့အပြင် နေမာကို ချီးကျူးခဲ့ပြီး ကွင်းအတွင်းနှင့် ကွင်းပြင်ပမှာပါ ဆက်ဆံရေးကောင်း ရှိသည်ဟု မက်ဆီက ပြောသည်။ ‘‘သူ ဒီမှာ ၂ နှစ်ပဲရှိသေးတယ်။ သူ့ရဲ့ အလားအလာကြောင့်  နေမာဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လာမယ်ထင် တယ်။ သူဟာ ကြီးကျယ်တဲ့ ကစားသမားပါ။ သူနဲ့ တွဲကစားရတာ ကျေနပ်စရာပါ’’ ဟု မက်ဆီကဆက်လက်ပြောသည်။

Ref: Goal

No comments:

Post a Comment