Friday 3 October 2014

မြန်မာရွှေ့ပြောင်းအလုပ်သမားများ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရခြင်းကို သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးရန် တောင်းဆို

နိုင်ငံတကာရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရခြင်းကို   မြန်မာအစိုးရမှ ဖိအားပေး ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာမြန်မာသံရုံးများက ကူညီဆောင်ရွက်ပေးရန် အလုပ်သမား အရေး ဆောင်ရွက်သူများအဖွဲ့က တောင်းဆိုလိုက်သည်။

နိုင်ငံတကာရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံအာဏာပိုင်များ၏ မတရား ဖမ်းဆီးခံရခြင်း၊ အခြားသူများ၏ အကြမ်း ဖက်သတ်ဖြတ်ခံရခြင်း၊ အလုပ် ရှင်များ၏ ခွဲခြားဆက်ဆံခံရခြင်း များ ဖြစ်ပွားလျက်ရှိသည်။

ယခုနှစ်အတွင်း စင်ကာပူ နိုင်ငံရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူလုပ်သားများ အား ရောင်းကုန်ပစ္စည်းသဖွယ် သရုပ်ပြကြော်ငြာ ရောင်းချခြင်း၊ မလေးရှားနိုင်ငံတွင် ဗီဇာအတုဖြင့်ပို့ဆောင်ခံရသူ မြန်မာ ၅၂ ဦးအား မလေးရှားအစိုးရက ထောင်ဒဏ် တစ်နှစ်စီချမှတ်ခြင်းနှင့် မြန်မာအ လုပ်သမားများ    အကြမ်းဖက် သတ်ဖြတ်ခံရခြင်းစသည်တို့ ဖြစ် ပွားခဲ့ကြောင်း အလုပ်သမားအ ရေးဆောင်ရွက်သူများအဖွဲ့ ၏ ကြေညာချက်တွင် ပါဝင်သည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ခို တောင်ကျွန်းတွင် ဗြိတိန်စုံတွဲအ သတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာ ရွှေ့ပြောင်း လုပ်သားများ  မတရားဖမ်းဆီးစစ်ဆေးခံရခြင်းနှင့် ထိုင်းရဲများက မြန်မာလုပ်သားများအား ခြိမ်းခြောက်ငွေ တောင်း မှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

‘‘မြန်မာအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အရေးတယူလုပ်ဆောင်တာတွေ မရှိဘူး။ ဟိုတစ်လော ကလည်း မလေးရှားကို ဗီဇာအတုတွေနဲ့ ပို့တဲ့အေဂျင်စီကို အရေးယူတာ မတွေ့သေးဘူး။ သက်ဆိုင် ရာ နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေက လည်း မြန်မာလုပ်သားတွေကို ကူညီမှုပေးတာ အားနည်း လွန်းနေ တယ်’’ဟု အလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံသားများ ရွှေ့ ပြောင်းလုပ်သားများအဖြစ် ရောက်ရှိရခြင်းမှာ ပြည်တွင်းတွင် အလုပ် အကိုင်နည်း ပါးခြင်း၊ လုပ်ခလစာ နှင့် လူနေမှုစရိတ်မညီမျှခြင်း၊ လယ်ယာမြေများ မတရားသိမ်း ဆည်းခံနေရခြင်း တို့ကြောင့် တိုင်း တစ်ပါးသို့ ရွှေ့ပြောင်းလုပ်သား များအဖြစ် သွားရောက်လုပ်ကိုင် နေရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

‘‘ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ တွေ၊ လုပ်အားခ အပြည့်အ၀မရရှိ တာတွေက အများကြီးဖြစ်နေတုန်းပါ။ လက်ရှိထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာသံအမတ် ကြီးက အရင်သံအမတ်တွေနဲ့ မတူပါဘူး။ ရွှေ့ပြောင်းအလုပ်သ မားတွေအပေါ် စိတ်ဝင်စားမှုရှိပါ တယ်။ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ဆောင်နေပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင် ရွက်မှ ရွှေ့ပြောင်းလုပ်သားတွေ ရဲ့ ဘ၀က လုံခြုံစိတ်ချမှု ရှိမှာပါ’’ ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း (FED) အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

မလေးရှားနိုင်ငံရောက် မြန် မာအလုပ်သမားများအခြေအနေ တစ်စုံတစ်ခုဖြစ်ပွားပါက မလေးရှားနိုင်ငံ မြန် မာသံရုံးအနေဖြင့် ကူညီမှုများဆောင်ရွက်ပေးနေ ပြီး အရေးပေါ်ခေါ်ဆိုရန်အတွက် သံရုံးဝက်ဘ်ဆိုက်တွင်  ဖုန်းနံပါတ်ဖော်ပြထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ  မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

7Day DAILY

No comments:

Post a Comment