Friday 3 October 2014

ပုဂ္ဂလိက ဘဏ်ဝန်ဆောင်ခများ အပြိုင်လျှော့

ပြိုင်ဆိုင်မှုပိုမိုပြင်းထန် လာသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်များသည် ဈေးကွက် ပိုမိုရရှိ ရန် ၀န်ဆောင်ခ များ အပြိုင်အ ဆိုင်လျှော့ချနေကြောင်း ဘဏ် လုပ်ငန်း ရှင်များက ပြောသည်။

ပြည်တွင်း၌ ဘဏ်ခွဲပေါင်း အများဆုံး ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်သည် အောက်တို ဘာ ၂ ရက်မှ စတင်ပြီး တစ်နိုင်ငံ လုံးငွေလွှဲခကို ငါးဆယ်ရာခိုင်နှုန်း လျှော့ချလိုက်သည်။ ထိုသို့ဈေးနှုန်း လျှော့ချရခြင်းမှာ ဘဏ်နှင့် အမြဲချိတ်ဆက် ဆောင်ရွက်နေ သူများ၏ တောင်းဆိုမှုကြောင့် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ မန်နေ ဂျင်းဒါရိုက်တာ ဦးအောင်ကျော် မျိုးက ပြောကြားသည်။

‘‘ကာစတန်မာတွေကသူများ ဘဏ်တွေမှာ ဈေးလျှော့ တယ်ပြောလို့ လျှော့ချပေး တာပါ’’ ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ငွေလွှဲနှုန်းလျှော့ပေးမှုသည် ကမ္ဘောဇဘဏ် အချင်းချင်းသာ ဖြစ်ပြီး အခြားဘဏ် များသို့ လွှဲပါက ယခင် နှုန်းထား အတိုင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။ ငွေလွှဲခမှ လက်ရှိအနည်းဆုံးငွေ ကြေးမှ ငွေကျပ် လေးသိန်းအထိကို ကျပ်နှစ်ရာ ဖြစ်ပြီး ကျပ်လေး သိန်းအထက်မှသာလျှင် လက်ရှိ လျှော့ဈေးနှင့် သက်ဆိုင်မည် ဖြစ်သည်။

‘‘ကျွန်တော်တို့လည်း လိုက် လျှော့ရမှာပေါ့’’ ဟု မြန်မာရှေ့ ဆောင်ဘဏ်မှ ဒုတိယ မန်နေ ဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။

ပြည်တွင်းဘဏ်ဈေးကွက် တွင် ၀န်ဆောင်မှုများတိုးပေးခြင်း၊ ၀န်ဆောင် စရိတ်များ  လျှော့ချခြင်းတို့ကို မြန်မာနိုင်ငံ ဘဏ်များအသင်းမှသာ ဦးဆောင် ညှိနှိုင်း ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ သော်လည်း ပုဂ္ဂလိကဘဏ်များ ကြား ညှိနှိုင်းမရသောကြောင့် တစ်ဘဏ်ချင်းမှ ကိုယ့်အစီအစဉ်ဖြင့် ဆောင်ရွက် နေကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment