Thursday 21 August 2014

ပျားပုံးများတင်ဆောင် မောင်းနှင်လာသော မော်တော်ယာဉ် အရှိန်မထိန်းနိုင် တိမ်းမှောက်၍ လူတစ်ဦးသေဆုံး

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ အနီးတွင် ဩဂုတ်(၁၈)ရက် နံနက်(၇)နာရီ အချိန်က ပျားမွေးမြူရေး လုပ်ငန်းမှ ပျားပုံးများ တင်ဆောင် မောင်းနှင် လာသော မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်း နိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေ ဆုံးကြောင်း သိရသည်။

 
 ဖြစ်စဉ်မှာ နောင်ချိုမြို့နယ် ဘန်ဘွေးရွာမှ ကနီမြို့နယ် ချောင်းမရွာသို့ မောင်မဲ(ခ) မောင်စုနိုင်ထွန်း(၂၄)နှစ်၊ (ဘ)ဦးဇော် ၅/အရတ(နိုင်)၈၂၀၈၇၅၊ ကနီမြို့နယ် ချောင်းမအနောက်ရွာ ဆိုသူ မောင်းနှင်လာသည့် ၂ခ/၄၃၅၅ ဒိုင်နာကားသည် ပျားမွေးမြူရေးလုပ်ငန်းမှ ပျားပုံးများ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ပျားလုပ်သား မောင်မင်းဇော်ဦး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ ဦးမြင့်ထူးမှာ ကားတံခါးပိတ်သေဆုံးသွားပြီး ယာဉ်မောင်းသူမှာ ထွက်ပြေးသွားသဖြင့် ယာဉ်(၁) ၄၀/၁၄ ပုဒ်မ ၃၀၄-က/၃၃၇ အရချောင်းဦးမြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်မင်းဦးမှ တရားလိုပြုလုပ်၍ အမူဖွင့်အရေးယူထားကြောင်းသိရသည်။

မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ပျားပုံးများမှ ပျားကောင်များမှာ လမ်းပေါ်သို့ ပြန့်ကြဲနေပြီး လမ်းသွားလမ်းလာများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့မှုကြောင့် မြို့နယ် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များမှ အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရှိရပါသည်။

MOI Webportal Myanmar

No comments:

Post a Comment