![Photo: အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့
Thursday, August 21, 2014
ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သြဂုတ် ၂၀ ရက် ညနေတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အီဘိုလာရောဂါ သံသယရှိသူ အသက်(၂၂)နှစ်အရွယ် လူနာသည်လည်း သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာသွားသည်။
ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်သည်။
ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်း အဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
7Day DAILY
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/s552x414/10458526_673391849418525_3878186564834375856_n.jpg?oh=0befa2731ee1c751f22a4f799f91a899&oe=5464E7A9&__gda__=1415582799_f89993d94fa79576cd09db05712940f2)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများ က စော င့် ကြည့် စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]
ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီ ယမ်ဖယ် စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်း က ကြေညာ သွားသည်။
ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ် သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်သည်။
ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်း အဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
7Day DAILY
No comments:
Post a Comment