Thursday 21 August 2014

သမ္မတ၏ လ ၂၀ အတွင်း အကောင်အထည်ဖော်မည့် eGovernment အစီအစဉ် မဖြစ်နိုင်ဟု ပညာရှင်များသုံးသပ်

Photo: သမ္မတ၏ လ ၂၀ အတွင်း အကောင်အထည်ဖော်မည့် eGovernment အစီအစဉ် မဖြစ်နိုင်ဟု ပညာရှင်များသုံးသပ်
Thursday, August 21, 2014

မတ်လအတွင်းက MICT Park တွင် ပြုလုပ်ခဲ့သည့် ICT 4M FORUM ပညာရှင်များက eGovernment လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြစဉ်။ ဓာတ်ပုံ- MCIA

နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း  eGovernment လုပ်ငန်းစဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အခြေအနေအထိ အကောင်အထည်ဖော်ရန် မဖြစ်နီုင်ဟု Yangon Heartz Media ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ဇော်မျိုးလွင်က သုံးသပ်သည်။

ကိုဇော်ဇော်မျိုးလွင်က “လ ၂၀ ဆိုတာ ၀န်ကြီးဌာနတစ်ခုတည်းသာမက အစိုးရဌာနက လူတွေအားလုံးလည်း အပြောင်းအလဲလုပ်ရပါမယ်။ လ၂၀ အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့ လိုဦးမယ်။ ပေါ်လစီနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိနိုင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို “အသေးစားနဲ့ အလတ်စားလုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်နေပါတယ်။ လ ၂၀ အတွင်း ဘာတွေ ပြီးအောင်လုပ်နိုင်မလဲပေါ့။ ပြီးအောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်”ဟု ဖြေကြားသည်။

ဆက်လက်ပြီး ၎င်းက“လ ၂၀ အတွင်း eGovernment ကြီး အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ eGovernment အဆိုတာလည်း အခြားစီမံကိန်းတွေလို မဟုတ်ဘူး။ အမြဲတမ်းလုပ်နေရမယ့်ဟာမျိုးပါ။ လ ၂၀ အတွင်းမှာ အားလုံးပြီးပြည့်စုံသွားမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး”ဟု eGovernment ပုံဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းပြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် အစိုးရအဖွဲ့များနှင့် လေးကြိမ်တိုင် တွေ့ဆုံခဲ့ပြီး eGovernment လုပ်ငန်းစဉ်များအတွက် ခန့်မှန်းဘတ်ဂျက်ကို တွက်ချက်တင်ပြပြီး လုပ်ဆောင်ရန်ရှိသည်များကို အကြံပြုပေးခဲ့သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။

eGovernment ပုံဖော်ဆောင်ရွက်ရန် အတွက် နည်းပညာအပြင် ၀န်ကြီးဌာန အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ၊ မူဝါဒများ အသေအချာ ချမှတ်ထားရှိရန် လိုအပ်သည်ဟုလည်း ကိုဇော်ဇော်မျိုးလွင်က ထောက်ပြခဲ့သည်။

ယင်းကဲ့သို့ ထောက်ပြမှုအပေါ် ဦးဇော်မင်းဦးက “မူဝါဒက ပြည့်စုံပါတယ်။ သမ္မတ ကိုယ်တိုင်ရော ၀န်ကြီးဌာနတွေပါ ပူးပေါင်း လုပ်ဆောင်ချင်တဲ့စိတ်ရှိပါတယ်။ လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းကိုရောက်ရင်တော့ အားနည်းတယ်။ Solution Provider သူက တွေရော အားလုံးမှာ လက်တွေ့လုပ်ဆောင်တဲ့အပိုင်း အားနည်းတာမျိုး ရှိပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။

အစိုးရအဖွဲ့ကSolution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မဟာဗျူဟာ စီမံကိန်း (Master Plan) များရေးဆွဲရန် နိုင်ငံတကာအကြံပေး အဖွဲ့များ ဖိတ်ခေါ်ပြီး ရေးဆွဲလျက်ရှိသည်ဟုလည်း ဦးဇော်မင်းဦးက ပြောသည်။

eGovernment လုပ်ငန်းများ အောင်မြင်နေသည့် နိုင်ငံများသည် နှစ်ပေါင်း ၃၀ ခန့် အချိန်ယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လ ၂၀ အတွင်းတွင် ပြည့်စုံသည့် လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးနိုင်မည်မဟုတ်သော်လည်း eService လုပ်ငန်းများ အကောင်အထည်ပေါ်လာလိမ့်မည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

eGovernment လုပ်ငန်းစဉ်များကို လ ၂၀ အတွင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘတ်ဂျက်ပမာဏကို လွှတ်တော်တွင်း တင်သွင်းပါက လွှတ်တော်က မလျှော့ချရန် လိုအပ်သည်ဟု ဦးမင်းဦးက ၎င်း၏အမြင်ကို သုံးသပ်သည်။

ဦးမင်းဦးက“ဘတ်ဂျက်ကိုလွှတ်တော် တင်တဲ့နေရာမှာ လွှတ်တော်က လျှော့ချတာမျိုး မလုပ်ဖို့လိုတယ်။ eGovernment လုပ်ငန်းတွေက စတင်လုပ်တဲ့နေရာမှာ အကုန်အကျများတယ်။ ဒါပေမဲ့ ရေရှည်မှာ သက်သာတဲ့နည်းလမ်းပါ။ ဒါကို သေသေချာချာ တင်သွင်းဖို့ လိုတယ်”ဟု ဆိုသည်။

ဝန်ကြီးဌာနများတွင် eGovernment လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမှုများအတွက် စာရင်းစစ်ဆေးမှုများတွင် အကောင်အထည်ပြရန် မဖြစ်နိုင်သည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ကျော်ဖြတ်ရန် လိုအပ်သည့် အချက်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဦးမင်းဦးက ဆိုသည်။

၎င်းက “လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကွန်ပျူတာတစ်လုံး ၀ယ်တယ်ဆိုရင် ဘယ်လောက်ကုန်ကျတယ်ဆိုတာ အတိအကျ ပြောလို့ရတယ်။ Solution တစ်ခုကို ဘယ်လောက်ကျတယ်ဆိုတာကျတော့ ပြဖို့ အခက်အခဲဖြစ်နေတယ်။ ဒါကကျော်ဖြတ် ဖို့လိုတဲ့ အဆင့်တစ်ခုဖြစ်လာမယ်ထင်ပါတယ်”ဟု ၀န်ကြီးဌာနများ ချိတ်ဆက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အခက် အခဲကို ရှင်းပြခဲ့သည်။

နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း eGovernment လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဇူလိုင်လအတွင်းက လမ်းညွှန်ပြောကြားထားခဲ့သည်။

Mizzima - News in Burmese
မတ်လအတွင်းက MICT Park တွင် ပြုလုပ်ခဲ့သည့် ICT 4M FORUM ပညာရှင်များက eGovernment လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြစဉ်။ ဓာတ်ပုံ- MCIA
နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း  eGovernment လုပ်ငန်းစဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အခြေအနေအထိ အကောင်အထည်ဖော်ရန် မဖြစ်နီုင်ဟု Yangon Heartz Media ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ဇော်မျိုးလွင်က သုံးသပ်သည်။
ကိုဇော်ဇော်မျိုးလွင်က “လ ၂၀ ဆိုတာ ၀န်ကြီးဌာနတစ်ခုတည်းသာမက အစိုးရဌာနက လူတွေအားလုံး လည်း အပြောင်းအလဲလုပ်ရပါမယ်။ လ၂၀ အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့ လိုဦးမယ်။ ပေါ်လစီနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိနိုင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်း မှုကို “အသေးစားနဲ့ အလတ်စားလုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်နေပါတယ်။ လ ၂၀ အတွင်း ဘာတွေ ပြီးအောင်လုပ်နိုင်မလဲပေါ့။ ပြီးအောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါ တယ်”ဟု ဖြေကြား သည်။

ဆက်လက်ပြီး ၎င်းက“လ ၂၀ အတွင်း eGovernment ကြီး အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုတာ မျိုးတော့ မဟုတ်ဘူးပေါ့။ eGovernment အဆိုတာလည်း အခြားစီမံကိန်းတွေလို မဟုတ်ဘူး။ အမြဲတမ်းလုပ်နေရမယ့်ဟာမျိုးပါ။ လ ၂၀ အတွင်းမှာ အားလုံးပြီးပြည့်စုံသွားမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး”ဟု eGovernment ပုံဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းပြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် အစိုးရအဖွဲ့များနှင့် လေးကြိမ်တိုင် တွေ့ဆုံခဲ့ပြီး eGovernment လုပ်ငန်းစဉ်များအတွက် ခန့်မှန်းဘတ်ဂျက်ကို တွက်ချက်တင်ပြပြီး လုပ်ဆောင်ရန်ရှိသည်များကို အကြံပြုပေး ခဲ့ သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။

eGovernment ပုံဖော်ဆောင်ရွက်ရန် အတွက် နည်းပညာအပြင် ၀န်ကြီးဌာန အချင်းချင်း ချိတ်ဆက်ဆောင် ရွက်မှုများ၊ မူဝါဒများ အသေအချာ ချမှတ်ထားရှိရန် လိုအပ်သည်ဟုလည်း ကိုဇော်ဇော်မျိုးလွင် က ထောက်ပြခဲ့သည်။

ယင်းကဲ့သို့ ထောက်ပြမှုအပေါ် ဦးဇော်မင်းဦးက “မူဝါဒက ပြည့်စုံပါတယ်။ သမ္မတ ကိုယ်တိုင်ရော ၀န်ကြီးဌာနတွေ ပါ ပူးပေါင်း လုပ်ဆောင်ချင်တဲ့စိတ်ရှိပါတယ်။ လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်း ကိုရောက် ရင်တော့ အားနည်းတယ်။ Solution Provider သူက တွေရော အားလုံးမှာ လက်တွေ့ လုပ်ဆောင်တဲ့အပိုင်း အားနည်းတာမျိုး ရှိပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။

အစိုးရအဖွဲ့ကSolution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မဟာဗျူဟာ စီမံကိန်း (Master Plan) များရေးဆွဲရန် နိုင်ငံတကာအကြံပေး အဖွဲ့များ ဖိတ်ခေါ်ပြီး ရေးဆွဲ လျက်ရှိသည်ဟုလည်း ဦးဇော်မင်းဦးက ပြောသည်။

eGovernment လုပ်ငန်းများ အောင်မြင်နေသည့် နိုင်ငံများသည် နှစ်ပေါင်း ၃၀ ခန့် အချိန်ယူဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပြီး လ ၂၀ အတွင်းတွင် ပြည့်စုံသည့် လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးနိုင်မည် မဟုတ်သော် လည်း eService လုပ်ငန်းများ အကောင်အထည်ပေါ်လာလိမ့်မည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

eGovernment လုပ်ငန်းစဉ်များကို လ ၂၀ အတွင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘတ်ဂျက်ပမာဏကို လွှတ်တော်တွင်း တင်သွင်းပါက လွှတ်တော်က မလျှော့ချရန် လိုအပ်သည်ဟု ဦးမင်းဦးက ၎င်း၏အမြင်ကို သုံးသပ်သည်။

ဦးမင်းဦးက“ဘတ်ဂျက်ကိုလွှတ်တော် တင်တဲ့နေရာမှာ လွှတ်တော်က လျှော့ချတာမျိုး မလုပ်ဖို့လိုတယ်။ eGovernment လုပ်ငန်းတွေက စတင်လုပ်တဲ့နေရာမှာ အကုန်အကျများတယ်။ ဒါပေမဲ့ ရေရှည်မှာ သက်သာတဲ့နည်းလမ်းပါ။ ဒါကို သေသေချာချာ တင်သွင်းဖို့ လိုတယ်”ဟု ဆိုသည်။

ဝန်ကြီးဌာနများတွင် eGovernment လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမှုများအတွက် စာရင်းစစ်ဆေးမှု များတွင် အကောင်အထည်ပြရန် မဖြစ်နိုင်သည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ကျော်ဖြတ်ရန် လိုအပ်သည့် အချက်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဦးမင်းဦးက ဆိုသည်။

၎င်းက “လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကွန်ပျူတာတစ်လုံး ၀ယ်တယ်ဆိုရင် ဘယ်လောက် ကုန်ကျတယ်ဆိုတာ အတိအကျ ပြောလို့ရတယ်။ Solution တစ်ခုကို ဘယ်လောက်ကျတယ်ဆိုတာ ကျတော့ ပြဖို့ အခက်အခဲဖြစ်နေတယ်။ ဒါကကျော်ဖြတ် ဖို့လိုတဲ့ အဆင့်တစ်ခုဖြစ်လာမယ်ထင်ပါတယ်”ဟု ၀န်ကြီးဌာနများ ချိတ်ဆက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အခက် အခဲကို ရှင်းပြခဲ့သည်။

နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း eGovernment လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရွက်ရန် ဇူလိုင်လအတွင်းက လမ်းညွှန်ပြောကြားထားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment