Thursday 21 August 2014

ညစ်ညမ်းပုံများ အင်တာနက်တင်သည့် စုံတွဲကို အီလက်ထရောနစ် ဥပဒေပုဒ်မများဖြင့် ထပ်မံအမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှ မိမိတို့နေထိုင်ခဲ့သည့် မဖွယ်မရာ ညစ်ညမ်းပုံများကို အင်တာနက် စာမျက်နှာများသို့ ဖြန်ဝေခဲ့သူ သမီးရည်းစား နှစ်ဦးအား တရားရုံးမှ ထောင်ဒါဏ်များချမှတ်ပြီးနောက် သက်ဆိုင်ရာရဲစခန်းမှ ထပ်မံ၍ အီလက်ထရောနစ် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်း ရရှိသည်။
၎င်းတို့နှစ်ဦးအား မြန်အောင်မြို့ဓမ္မရက္ခိတအဖွဲ့မှ ဦးမြင့်နိုင်က လူငယ်များ အတွင်း စာရိတ္တမဏ္ဍိုင် ထိန်းသိမ်း ရန်အတွက် အရေးယူပေးပါရန် မြန်အောင်မြို့မ ရဲစခန်းသို့ စတင်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မြန်အောင်မြို့နယ် တရားရုံးမှ ထောင်ဒါဏ်များချမှတ်ခဲ့ရပြီးနောက် ထပ်မံ၍ရဲတပ်ဖွဲ့မှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“ကောင်လေးက သူ့ကိုင်တဲ့ဖုန်းနဲ့ သူ့သူငယ်ချင်းတစ်ယောက်ကိုင်တဲ့ဖုန်းလဲခဲ့ တာကနေ သူတို့ နှစ်ေ ယာက် နေ ထိုင် ခဲ့တဲ့ မဖွယ်မရာညစ်ညမ်းပုံတွေက မြန်အောင်မြို့ပေါ်ရပ်ကွက်က သူတွေရဲ့ ဖုန်းတွေ တစ်လုံး က တစ်လုံး စပြန့်ပြီး အင်တာနက်ပေါ်တွေ စရောက်သွားတာလို့ ရဲစစ်ချက်မှတ်တမ်းတွေ မှာ တွေ့တယ်။”ဟု မြန်အောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

မြန်အောင်မြို့အမှတ်(၃)ရပ်ကွက်၊ ကျိတ္တန်းတာကြီးတန်းနေ ဟာဆန်(ခ)မင်းဝေအောင် (ဖုန်းအပို ပစ္စည်း ရောင် ၀ယ်ရေး လုပ်ကိုင်သူ)အား ချစ်သူရည်းစားနှင့် လင်မယားအရာပြုသည့် ညစ်ညမ်းပုံများနှင့် မိန်းခလေး၏ အ၀တ်အစားမဲ့ ပုံများအား အင်တာနက်လူမှုစာမျက်နှာတင်မှုဖြင့် ပုဒ်မ(၅-၁)စ/ဆဖြင့် သြဂုတ်လ(၁)ရက်နေ့က မြန်အောင်မြို့နယ် တရားရုံးမှထောင်ဒါဏ် (၆)လချမှတ်ခဲ့သည်။

အတူတကွပြစ်မှု ကျူးလွန်သူမြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် ကံဦးကွက် သစ်နေ မဖြိုးရတနာကျော် (ပ)နှစ် မြန်မာစာ မူလတန်းပြ(ကျောင်းပြင်ပမူလ တန်းပညာရေး)အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂က၊ ၂၉၄ကဖြင့် ထောင်ဒါဏ်(၃)လကျခံရန်မြို့နယ် တရားရုံးမှ စီရင်ချက်ချ မှတ်ပြီးဖြစ်ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်သာက ဆိုသည်။

ထို့နောက်တွင် မြန်အောင်မြို့ခံ လူထုမှ အဆိုပါ ပြစ်ဒါဏ်ချမှတ်မှုအား ကျေနပ်မှုမရှိသဖြင့် လက်မှတ်ထိုး လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ၎င်းဖြစ်ရပ်အားအစပြု၍ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ထိခိုက်မည့် အခြေ အနေ များဖြစ်ပေါ်လာသဖြင့် သြဂုတ်လ(၁)ရက်နေ့ကပင် မြန်အောင်မြို့နယ်တရားရုံးက အမျိုးသားအား (၂)နှစ် အမျိုးသမီးအား(၃)လစီ ထပ်ဆင့်အပြစ်ဒါဏ်များချမှတ်ခဲ့ ရကြောင်း မြန်အောင်မြို့ နယ်မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးညွန့်ကဆိုသည်။

"ကလေးမလေးက သမီးရည်းစားဖြစ်တယ်ဆိုတဲ့အကြောင်း လက်ထပ်ကြ မယ်ဆိုတဲ့အကြောင်းဝန်ခံထား တယ်။ ဒါပေမဲ့ ကောင်လေးက ဒီလိုပဲပြောပြီး ထားခဲ့တဲ့ မြန်မာမလေးတွေသုံးလေးဦးရှိနေတော့မြို့ခံ သံဃာတွေ လူငယ်တွေ ကတော့ မကျေနပ်ဘူးလေ။ ဆရာမမလုပ်ခင်ကောင်လေးရဲ့ ဖုန်းဆိုင်မှာ အလုပ်လုပ်ရင်း ငြိစွန်းခဲ့တာ။"ဟုအမှုဖြစ်စဉ်အား သိရှိသူမြန်အောင်မြို့ခံ တစ်ဦးကပြောသည်။

ယခုအခါထပ်မံ၍ မြန်အောင်မြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းမင်းထွန်းမှ ၎င်းတို့နှစ်ဦး အား အရေးယူပေးပါရန် တိုင်တန်းချက်အရ မြန်အောင်မြို့မရဲစခန်းမှ ပြစ်မှုအမှတ်(ပ)၉၆/၂၀၁၄ဖြင့် ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၃၃)က/၃၈ဖြင့် သြဂုတ်(၁၅)ရက်နေ့ မှ စတင်၍ ဆက်လက် အရေးယူဆောင် ရွက်လျှက်ရှိသည်။

Shwe Myitmakha Media Group

No comments:

Post a Comment