Thursday 21 August 2014

တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Photo: တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
Thursday, August 21, 2014

တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေအနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။

မြောက်ကိုရီးယားဆီက ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့ ရည်ရွယ်တာပါ။ လေ့ကျင့်မှု စကြောင်း အချက်ပြဖို့ တနိုင်ငံလုံး အချိန်တခုမှာ သတိပေး ဥသြသံကို ထုတ်လွှင့်ပါတယ်။

ဆိုးလ်မြို့မှာတော့ ကားမောင်းသူတွေက ကားတွေကို လမ်းပေါ် ရပ်ခဲ့ကြပြီး လမ်းသွား လမ်းလာတွေက မြေအောက်ဘူတာတွေဆီ ခိုလှုံဖို့ သွားခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေကလည်း မြို့တော်ခန်းမထဲက ထွက်လာခဲ့ကြပြီး မြေအောက်ခန်း ထဲက ခိုလှုံနေရာဆီ သွားခဲ့ကြတာပါ။

ဆိုးလ်မြို့အစိုးရအဖွဲ့ အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ကိနမ်ကတော့ အရပ်ဖက် ကာကွယ်ရေးအပေါ် ပြည်သူတွေ သတိထားမိမှု မြင့်လာအောင် ရည်ရွယ် လုပ်ဆောင်တယ်လို့ ပြောပါတယ်။ မြို့တော်ခန်းမနားက မြေအောက်ဘူတာရုံမှာတော့ လက်နက်တွေ လက်နက်ထောက်ပံ့ရေး ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ လုံခြုံရေးပြပွဲတခု ပြသထားပါတယ်။ 

ဆိုးလ်မြို့တလွှား ဒီလေ့ကျင့်မှုကို ရဲ၊ စစ်တပ်၊ မီးသတ်နဲ့ ဒေသခံအစိုးရ ၀န်ထမ်း ၃၉၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဆိုးလ်မြို့တော် အစိုးရက ပြောပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေ အနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။
မြောက်ကိုရီးယားဆီက ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့ ရည်ရွယ်တာပါ။ လေ့ကျင့်မှုစကြောင်းအချက်ပြဖို့ တနိုင်ငံလုံးအချိန်တခုမှာ သတိပေးဥသြသံကို ထုတ်လွှင့် ပါတယ်။

ဆိုးလ်မြို့မှာတော့ ကားမောင်းသူတွေက ကားတွေကို လမ်းပေါ် ရပ်ခဲ့ကြပြီး လမ်းသွား လမ်းလာတွေ က မြေအောက် ဘူတာတွေဆီ ခိုလှုံဖို့ သွားခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေကလည်း မြို့တော်ခန်းမထဲက ထွက်လာခဲ့ကြပြီး မြေအောက်ခန်း ထဲက ခိုလှုံနေရာဆီ သွားခဲ့ကြတာပါ။

ဆိုးလ်မြို့အစိုးရအဖွဲ့ အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ကိနမ်ကတော့ အရပ်ဖက် ကာကွယ်ရေးအပေါ် ပြည်သူတွေ သတိထားမိမှု မြင့်လာအောင် ရည်ရွယ် လုပ်ဆောင်တယ် လို့ ပြောပါ တယ်။ မြို့တော်ခန်းမနားက မြေအောက်ဘူတာရုံမှာတော့ လက်နက်တွေ လက်နက်ထောက်ပံ့ရေး ပစ္စည်းတွေ ကို ခင်းကျင်းထားတဲ့ လုံခြုံရေးပြပွဲတခု ပြသထားပါတယ်။

ဆိုးလ်မြို့တလွှား ဒီလေ့ကျင့်မှုကို ရဲ၊ စစ်တပ်၊ မီးသတ်နဲ့ ဒေသခံအစိုးရ ၀န်ထမ်း ၃၉၀၀ ကျော် ပါဝင်လေ့ ကျင့်ခဲ့ တယ်လို့ ဆိုးလ်မြို့တော် အစိုးရက ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment