Thursday 21 August 2014

ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်

Photo: ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်
Thursday, August 21, 2014 

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်းများ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရဲမေတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့သည် လက်နက်ကိုယ်စီဖြင့် ၎င်းနေအိမ်အတွင်း ဝင်ရောက်ကာ ပြတင်းပေါက် တံခါးများကို ရိုက်ခွဲပြီး နေအိမ်အတွင်းမှ ရွာတွင်းရှိ ရွာသူ၊ ရွာသားများကို သေနတ်များဖြင့် ပစ်ခတ်နေသည်ကို အိမ်ရှင်ဒေါ်နွဲ့ရီသည် သြဂုတ်လ ၁၄ ရက်နေ့က ဈေးမှပြန်လာစဉ် တွေ့မြင်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဘောလုံးကွင်းအနီးရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ထိမှန်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

“ရွာသားတွေ ဝိုင်းလာတဲ့အတွက် နီးစပ်ရာ လုံခြုံမယ့် နေအိမ်ထဲကို ဝင်ရောက် ပုန်းရှောင်ရတာ။ အမှုမှန်ဖြစ်စေဖို့ ရဲမှူးချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးနေတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အရာရှိတွေကို စစ်ဆေးနေပါပြီ။ ရွာသားတွေဘက်က အဖြစ်မှန်ကို ပြောဆိုခြင်း မရှိသေးတဲ့အတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားနည်းနေသေးတယ်” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ကျည် ထိမှန်ခဲ့သည့်အတွက် ရွာသူ၊ ရွာသားများက ဒေါ်နွဲ့ရီ၏ နေအိမ်ကို ဝိုင်းရံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပြင်ထွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ယင်းနောက် နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ ကျည်ဆန်ခွံ ၁၃ ခုနှင့် ကျည်နှစ်တောင့်၊ စကားပြောစက် တစ်လုံး၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် နံပတ်တုတ် နှစ်ချောင်း၊ ကုံးသီးနှစ်လုံးတို့ ကျန်ရှိခဲ့ပြီး၂၁ လက်မတီဗီ တစ်လုံး၊ အောက်စက်တစ်လုံးတို့ ကွဲအက်ပျက်စီးခဲ့သည့် အပြင် ပြတင်းပေါက်မှန်များနှင့် တံခါးရွက်များ ပျက်စီးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အရေးယူပေးရန် ဒေါ်နွဲ့ရီက လက်ပန်လှ ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းကြောင့် (ပ) ၁၆၆/၂၀၁၄ ပြစ်မှုပုဒ် မ ၄၅၁/ ၄၂၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရှိရသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့က တပ်သိမ်း လယ်မြေများပေါ်တွင် ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအရှေ့ပိုင်း လူနေအိမ်များသို့ ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ၅၀ ဦးခန့်က သေနတ်ပစ်ဖောက်မှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ရဲမှူးချုပ်ကိုယ်တိုင် ဦးဆောင်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (နေပြည်တော်) မှ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ ရဲမှူးကြီးတစ်ဦးနှင့် ဒုရဲမှူးကြီး တစ်ဦးတို့ ဦးဆောင်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

ညောင်ဝန်းကျေးရွာတွင် သေနတ်ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့တွင် ဒေသခံအချို့ကို ခေါ်ယူစစ်မေးမည် ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာရှိ ဦးမောင်အောင်က ပြောကြားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခံရန် အသင့်ရှိကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်း များ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
ရဲမေတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့သည် လက်နက်ကိုယ်စီဖြင့် ၎င်းနေအိမ်အတွင်း ဝင်ရောက် ကာ ပြတင်းပေါက် တံခါးများကို ရိုက်ခွဲပြီး နေအိမ်အတွင်းမှ ရွာတွင်းရှိ ရွာသူ၊ ရွာသားများကို သေနတ် များဖြင့် ပစ်ခတ်နေသည်ကို အိမ်ရှင်ဒေါ်နွဲ့ရီသည် သြဂုတ်လ ၁၄ ရက်နေ့က ဈေးမှပြန်လာ စဉ် တွေ့မြင်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဘောလုံးကွင်းအနီးရှိ ဒေါ်စန်းကြင်နု၏ ခြေထောက် ကို သေနတ်ထိမှန်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

“ရွာသားတွေ ဝိုင်းလာတဲ့အတွက် နီးစပ်ရာ လုံခြုံမယ့် နေအိမ်ထဲကို ဝင်ရောက် ပုန်းရှောင်ရတာ။ အမှုမှန်ဖြစ်စေဖို့ ရဲမှူးချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးနေတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အရာရှိတွေကို စစ်ဆေးနေပါပြီ။ ရွာသားတွေဘက်က အဖြစ်မှန်ကို ပြောဆိုခြင်း မရှိသေးတဲ့အတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားနည်းနေသေးတယ်” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည့် မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ကျည် ထိမှန်ခဲ့သည့်အတွက် ရွာသူ၊ ရွာသား များက ဒေါ်နွဲ့ရီ၏ နေအိမ်ကို ဝိုင်းရံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပြင်ထွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ယင်းနော က် နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ ကျည်ဆန်ခွံ ၁၃ ခုနှင့် ကျည်နှစ်တောင့်၊ စကားပြောစက် တစ်လုံး၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် နံပတ်တုတ် နှစ်ချောင်း၊ ကုံးသီးနှစ်လုံးတို့ ကျန်ရှိခဲ့ပြီး၂၁ လက်မတီဗီ တစ်လုံး၊ အောက်စက်တစ်လုံးတို့ ကွဲအက်ပျက်စီးခဲ့သည့် အပြင် ပြတင်းပေါက်မှန်များနှင့် တံခါးရွက်များ ပျက်စီးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အရေးယူပေးရန် ဒေါ်နွဲ့ရီက လက်ပန်လှ ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းကြောင့် (ပ) ၁၆၆/၂၀၁၄ ပြစ်မှုပုဒ် မ ၄၅၁/ ၄၂၇ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရှိရသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့က တပ်သိမ်း လယ်မြေများပေါ် တွင် ဒေသခံတောင်သူ များက ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအရှေ့ပိုင်း လူနေအိမ်များ သို့ ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ၅၀ ဦးခန့်က သေနတ်ပစ်ဖောက်မှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ် အမှန် ပေါ်ပေါက်စေရန် ရဲမှူးချုပ်ကိုယ်တိုင် ဦးဆောင်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ် မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (နေပြည်တော်) မှ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ ရဲမှူးကြီးတစ်ဦးနှင့် ဒုရဲမှူးကြီး တစ်ဦးတို့ ဦးဆောင်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

ညောင်ဝန်းကျေးရွာတွင် သေနတ်ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့ တွင် ဒေသခံအချို့ကို ခေါ်ယူစစ်မေးမည် ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာရှိ ဦးမောင်အောင် က ပြောကြားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခံရန် အသင့်ရှိကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment