Thursday 21 August 2014

လူစည်ကားရာ နေရာသုံးခုတွင် လူကူးခုံးကျော်တံတားသုံးစင်း ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ လူစည် ကားသည့်နေရာသုံးခု၌ လူကူးခုံး ကျော်တံတား သုံးစင်း ယခုနှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ လူကူးခုံးကျော်တံ တား သုံးစင်းကို ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်အ နီး၌ လည်း ကောင်း၊ ပန်းဆိုးတန်း-နန်းသီတာဆိပ်ကမ်းအနီးနှင့် မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်း ကျောင်း အနီး၌လည်း ကောင်း အသီးသီး ဆောက်လုပ် သွားမည်ဖြစ်သည်။

‘‘လူသွားများတဲ့ နေရာတွေ ဆိုတော့ ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ရှိတယ်။ ဒီတော့ လမ်းဖြတ်ကူးသူတွေ အနေနဲ့ အန္တရာယ် များတယ်။ ယာဉ်မတော်တဆမှု တွေ လျှော့ချဖို့အတွက်နဲ့ ခရီး သည်တွေ အန္တရာယ် ကင်းစေဖို့အ တွက် လူကူးခုံးကျော်တံတားတွေ ကို ဒီနှစ်ထဲ အပြီးဆောက်သွား မယ်’’ ဟု မြို့တော်စည်ပင် (လမ်း နှင့်တံတားဌာန) မှ လက်ထောက် ဌာနမှူး ဦးတင်ထွန်းဦးက ဆိုသည်။

လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ် နှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့တွင် ယာဉ်သွားလာမှုမှာ သုံးဆခန့်မြင့် တက်လာခဲ့ သည်ဟု လေ့လာသူ များက ဆိုထားပြီး ယင်းမြင့်တက် လာမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများနှင့်အတူ လမ်းဖြတ် ကူးသူများအတွက် အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်အန္တ ရာယ်ဖြစ်ပွားမှု လျှော့ချရန် လူ သွားများသည့်နေရာများ၌ ယခု ကဲ့သို့ လူကူးခုံးကျော်တံတားများ တည်ဆောက်ခြင်းဖြစ်သည်။

ယင်းတံတားများအနက် မင်္ဂလာဒုံ လူ ကူးခုံးကျော်တံတားမှာ ၆၀ ရာခိုင်နှုန်း၊ ပန်းဆိုးတန်း-နန်းသီတာ စက်လှေ ကားတပ် ခုံးကျော်တံတားမှာ ၄၀ ရာခိုင်နှုန်း၊ ဂမုန်းပွင့်- ကမ္ဘာအေး ခုံးကျော်တံတားမှာမူ ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ တံတားများကို ယခုနှစ် စက်တင်ဘာနှင့် နိုဝင်ဘာလများ၌ အပြီးသတ် တည်ဆောက်နိုင်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

‘‘ကလေးတွေရှိတဲ့ ကျောင်း တွေနားမှာ ဆောက်ပေးသင့် တယ်။ ဒါမှ ကလေးတွေ ဘေး အန္တရာယ် ကင်းမှာလေ။ ပြီးတော့ ဆောက်ပြီးတယ် ဆိုရင်လည်း အဲ ဒီအပေါ်ကပဲ လူတွေသွားအောင် လို့ ပေ ၁၀၀၊ ၂၀၀ လောက်ကို သံဆန်ခါခတ်ထားမှ။ နောက်ဆို မြန်အောင်လို့ အောက်ကပဲ သွား နေကြမှာပဲ’’ ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment