Thursday 21 August 2014

ပြန်ပေးဆွဲခံခဲ့ရသည့် နိုင်ဂျီးယားမိန်းကလေး ၂၀၀ ကျော်အား ကူညီရှာဖွေရန် ဗြိတိန်က တိုနေဒိုး လေယာဉ်များ စေလွှတ်မည်

ဘိုကိုဟာရမ်သူပုန်များက ပြန်ပေးဆွဲသွားပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် နိုင်ဂျီးရီးယားအမျိုးသမီး ၂၀၀ ကျော်အား ကူညီရှာဖွေပေးရန် ဗြိတိန်က တိုနေဒိုးထောက်လှမ်းရေး ဂျက်တိုက်လေယာဉ်များ စေလွှတ်ပေး သွားမည်ဟု သိရသည်။


ကိုးကွယ်သည့် ဘာသာအများအပြား ရောပြွမ်းနေသည့် နိုင်ဂျီးရီးယားနိုင်ငံတွင် သမိုင်းခေတ်လည်ကာ လက ရှိခဲ့ဖူးသည့် မွတ်စလင် ဘာရေးခေါင်းဆောင်အုပ်ချုပ်ရေးစနစ်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်း နေသည့် ဘိုကိုဟာရမ်သူပုန်များက မိန်းကလေး ၂၀၀ ကျော်ခန့်ကို ချီဗော့ ရွာရှိ ဘာသာရေး စာသင် ကျောင်း တစ်ကျောင်းမှ လွန်ခဲ့သည့် လေးလခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံက ယခုစေလွှတ်မည့် တိုနေဒို GR4 လေယာဉ်များတွင် ထောက်လှမ်းရေးကိရိယာများ ပါဝင်ပြီး သူပုန်များ လှုပ်ရှားနေ သည့် ဒေသများတွင် ပျံသန်းကာ မိန်းကလေးများကို ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဗြိတိန်နိုင်ငံက နိုင်ငံဂျီးရီးယားအစိုးရကို ပြင်သစ်၊ အမေရိကန်၊ နိုင်ဂျီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေ့နဲ့အတူ ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားသည်။

သြဂုတ်လအစောပိုင်းကလည်း အစ္စလာမ္မစ်ဘိုကိုဟာရမ်သူပုန်များက နိုင်ငံအရှေ့မြောက်ပိုင်း ရွာတစ်ရွာမှ ယောက်ျားလေးနှင့် အမျိုးသား အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင် သက်သေများက ပြော ကြားသည်။

Ref:Daily Mail
Mizzima - News in Burmese 

No comments:

Post a Comment