Thursday 21 August 2014

မြေနီကုန်းခုံးကျော် ရှစ်လအပြီးဆောက်မည် ဟုဆို

Photo: မြေနီကုန်းခုံးကျော် ရှစ်လအပြီးဆောက်မည် ဟုဆို
Thursday, August 21, 2014

မြေနီကုန်းခုံးကျော်တံတားကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားရန် လျာထားကြောင်း အဆိုပါတံတားကို တာဝန်ယူ တည်ဆောက်မည့် Capital Development ကုမ္ပဏီ၏ အချက်အလက်များကို ကိုးကား၍ မ.ထ.သ ဥက္ကဋ္ဌ ဦလှအောင်က ပြောကြားသည်။

Capital Development ကုမ္ပဏီသည် တံတားတည်ဆောက်မှုကို သြဂုတ်လ ၁၃ ရက်မှစ၍ မြေစမ်းသပ်မှုများ စတင်ပြုလုပ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နောက်ဆုံးထား ပြီးစီးရန် တည်ဆောက်သွားမည် ဖြစ်သည်။

မြေနီကုန်း ခုံးကျော်တံတားသည် ယာဉ်သွားလမ်း လေးလမ်းပါဝင်ပြီး ၂၃၇၆ ပေ ရှည်လျားသော အဆိုပါ တံတားတည်ဆောက်ရာတွင် အပိုင်းသုံးခု ခွဲထားပြီး အပိုင်း ၁ ကို မဟာမြိုင်မှ ဗားဂရာလမ်းအထိ၊ အပိုင်း ၂ ကို ဗားဂရာ လမ်းမှ ရှင်စောပုလမ်းအထိ၊ အပိုင်း ၃ကို ရှင်စောပုလမ်းမှ ပြည်သူ့ရင်ပြင် ဝင်ပေါက်ရှေ့အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ အချက်အလက်များအရ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက်သာ ဖြေရှင်းနိုင်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်လိုက်သည့် အချိန်မှစ၍ အဆိုပါ ခုံးတံတားမှ ဖြတ်သန်းလာသော ယာဉ်များသည် ဗားဂရာလမ်း၊ ရှင်စောပုလမ်းမှ လာသောယာဉ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်နေသောကြောင့် မြေနီကုန်း ခုံးကျော်တံတားကို တည်ဆောက်ရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် တစ်လလျှင် မော်တော်ယာဉ် အစီးရေ တစ်ရာကျော်ကို လိုင်စင် ထုတ်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(က.ည.န)က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မော်တော်ယာဉ်တင်သွင်းခွင့် ပြောင်းလဲလိုက်သည့် အချိန်မှစ၍ ရန်ကုန်တွင် မော်တော်ယာဉ်အစီးရေ တိုးတက်များ ပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development ကတာဝန်ယူတည် ဆောက်သွားမည် ဖြစ်သည်။

ဇေယျာမင်း
The Voice Weekly
မြေနီကုန်းခုံးကျော်တံတားကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားရန် လျာထားကြောင်း အဆိုပါတံတား ကို တာဝန်ယူ တည်ဆောက်မည့် Capital Development ကုမ္ပဏီ၏ အချက်အလက်များကို ကိုးကား၍ မ.ထ.သ ဥက္ကဋ္ဌ ဦလှအောင်က ပြောကြားသည်။
Capital Development ကုမ္ပဏီသည် တံတားတည်ဆောက်မှုကို သြဂုတ်လ ၁၃ ရက်မှစ၍ မြေစမ်းသပ်မှု များ စတင်ပြုလုပ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နောက်ဆုံးထား ပြီးစီးရန် တည်ဆောက် သွားမည် ဖြစ်သည်။

မြေနီကုန်း ခုံးကျော်တံတားသည် ယာဉ်သွားလမ်း လေးလမ်းပါဝင်ပြီး ၂၃၇၆ ပေ ရှည်လျားသော အဆိုပါ တံတားတည်ဆောက်ရာတွင် အပိုင်းသုံးခု ခွဲထားပြီး အပိုင်း ၁ ကို မဟာမြိုင်မှ ဗားဂရာလမ်းအထိ၊ အပိုင်း ၂ ကို ဗားဂရာ လမ်းမှ ရှင်စောပုလမ်းအထိ၊ အပိုင်း ၃ကို ရှင်စောပုလမ်းမှ ပြည်သူ့ရင်ပြင် ဝင်ပေါက်ရှေ့အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ အချက်အလက်များအရ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက်သာ ဖြေ ရှင်းနိုင် ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်လိုက်သည့် အချိန်မှစ၍ အဆိုပါ ခုံးတံတားမှ ဖြတ်သန်းလာသော ယာဉ်များသည် ဗားဂရာလမ်း၊ ရှင်စောပုလမ်းမှ လာသောယာဉ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်နေေ သာကြောင့် မြေနီကုန်း ခုံးကျော်တံတားကို တည်ဆောက်ရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် တစ်လလျှင် မော်တော်ယာဉ် အစီးရေ တစ်ရာကျော်ကို လိုင်စင် ထုတ်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(က.ည.န)က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မော်တော်ယာဉ်တင်သွင်း ခွင့် ပြောင်းလဲ လိုက်သည့် အချိန်မှစ၍ ရန်ကုန်တွင် မော်တော်ယာဉ်အစီးရေ တိုးတက်များ ပြားလာပြီး ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development ကတာဝန်ယူတည် ဆောက်သွားမည် ဖြစ်သည်။

ဇေယျာမင်း
The Voice Weekly

No comments:

Post a Comment