Thursday 21 August 2014

အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ

Photo: အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ
Thursday, August 21, 2014

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ဒီလဆန်းပိုင်းကလည်း ရောဂါကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒီ ZMapp ဆေးနဲ့ပဲ ပထမဆုံး စမ်းသပ်ကုသခဲ့တာမှာလည်း ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။

အီဘိုလာရောဂါ ကာကွယ်ကုသဆေး ခုချိန်ထိမရှိသေးပေးမယ့် အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါကို အရေးပေါ်ကုသဖို့ WHO အဖွဲ့ကြီးက အရေးပေါ်ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၂၂၉ ဦးရှိသွားပါပြီ။

၁၉၇၀ နှစ်တွေက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ စီရာလီယွန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဆက်ပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် စပိန်ဘုန်းတော်ကြီးတပါးကတော့ ZMapp ဆေးနဲ့ ကုသခဲ့ပေမယ့် ပြန်နလန်မထူတော့ပဲ ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။

 By ဒီဗွီဘီ

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ဒီလဆန်းပိုင်းကလည်း ရောဂါကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒီ ZMapp ဆေးနဲ့ပဲ ပထမဆုံး စမ်းသပ်ကုသခဲ့တာမှာလည်း ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။

အီဘိုလာရောဂါ ကာကွယ်ကုသဆေး ခုချိန်ထိမရှိသေးပေးမယ့် အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာ ရောဂါကို အရေးပေါ်ကုသဖို့ WHO အဖွဲ့ကြီးက အရေးပေါ်ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း အီဘိုလာ ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၂၂၉ ဦးရှိသွားပါပြီ။

၁၉၇၀ နှစ်တွေက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ စီရာလီယွန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဆက်ပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် စပိန်ဘုန်းတော်ကြီးတပါးကတော့ ZMapp ဆေးနဲ့ ကုသခဲ့ပေမယ့် ပြန်နလန် မထူတော့ပဲ ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment