Thursday 21 August 2014

မုံရွာမြို့ပေါ်လမ်းမကြီးတွင် ရေတင်သည်အထိ မိုးသည်းထန်စွာရွာသွန်း

Photo: မုံရွာမြို့ပေါ်လမ်းမကြီးတွင် ရေတင်သည်အထိ မိုးသည်းထန်စွာရွာသွန်း
Thursday, August 21, 2014

ဩဂုတ် ၂၀ ရက်က မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် မြို့ပေါ်လမ်းမကြီး အချို့ နေရာများ၌ မိုးရေတင်သည် အထိ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ (ဩဂုတ် ၂၀ ရက် နံနက် ၉ နာရီအထိ တိုင်းတာချက်များအရ မိုးရေချိန်လက်မ ၀ ဒသမ ၅၉ လက်မဖြစ်ပါတယ်။ နောက်ထပ်လည်း မိုးကဆက် တိုက်ရွာသွန်းနေပါတယ်။ ချင်း တွင်းမြစ်ရေအနေနဲ့ လက်ရှိရေ အမှတ်က ၉၂၇ စင်တီမီတာကို ရောက်နေပါပြီ။ နောက်ထပ် အနည်းငယ်မြင့်တက်နိုင်ပါတယ်။ မိုးဆက်မရွာရင်တော့ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်’’ဟု မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးရေများ လမ်းမပေါ်တင် ကျန်ခဲ့ရသည့် အကြောင်းရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်းအပြင်ရေစီးရေလာကောင်းမွန်သော ရေမြောင်းစနစ်များမရှိ၍ ဖြစ်ကြောင်းမုံရွာဒေသခံများက ပြောသည်။

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် ရေမြောင်း စနစ်များထားရှိသော်လည်း ရေစီးရေလာမကောင်းသည့်နေရာ အချို့၌ မိုးရေများတင်ကျန် နေသဖြင့် သန့်ရှင်းရေးဝန်ထမ်းများဖြင့် ရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက် နေရကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

 မုံရွာမြို့နယ် စည်ပင်သာ ယာရေးကော်မတီကလည်း ယခု ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာ လမ်းမကြီးတစ်လျှောက်တွင် ရေစီးရေလာ ကောင်းမွန်သော ရေမြောင်းစနစ်များ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှ သိရသည်။

7Day DAILY 

မုံရွာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
မုံရွာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ဩဂုတ် ၂၀ ရက်က မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် မြို့ပေါ်လမ်းမကြီး အချို့ နေရာများ၌ မိုးရေတင်သည် အထိ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့ (ဩဂုတ် ၂၀ ရက် နံနက် ၉ နာရီအထိ တိုင်းတာချက်များအရ မိုးရေချိန်လက်မ ၀ ဒသမ ၅၉ လက်မဖြစ်ပါတယ်။ နောက်ထပ်လည်း မိုးကဆက် တိုက်ရွာသွန်းနေပါတယ်။ ချင်း တွင်းမြစ်ရေအနေနဲ့ လက်ရှိရေ အမှတ်က ၉၂၇ စင်တီမီတာကို ရောက်နေပါပြီ။ နောက်ထပ် အနည်းငယ်မြင့်တက်နိုင်ပါတယ်။ မိုးဆက်မရွာရင်တော့ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်’’ဟု မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးရေများ လမ်းမပေါ်တင် ကျန်ခဲ့ရသည့် အကြောင်းရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်း အပြင်ရေစီးရေ လာကောင်းမွန်သော ရေမြောင်းစနစ်များမရှိ၍ ဖြစ်ကြောင်းမုံရွာဒေသခံများက ပြောသည်။

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် ရေမြောင်း စနစ်များထားရှိသော်လည်း ရေစီးရေလာ မကောင်းသည့်နေရာ အချို့၌ မိုးရေများတင်ကျန် နေသဖြင့် သန့်ရှင်းရေးဝန်ထမ်းများဖြင့် ရှင်း လင်းရေး လုပ်ငန်း များဆောင်ရွက် နေရကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ က ပြောသည်။

 မုံရွာမြို့နယ် စည်ပင်သာ ယာရေးကော်မတီကလည်း ယခု ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စု လမ်းနှင့် ကျောက္ကာ လမ်းမကြီးတစ်လျှောက်တွင် ရေစီးရေလာ ကောင်းမွန်သော ရေမြောင်းစနစ်များ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ အင်ဂျင် နီယာဌာန မှ သိရသည်။

7Day DAILY

No comments:

Post a Comment