Thursday 21 August 2014

အဆင့်မြင့်အရာရှိ ၁၅ ဦး ပါဝင်မည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ပြန်ဖွဲ့

Photo: အဆင့်မြင့်အရာရှိ ၁၅ ဦး ပါဝင်မည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟို အဖွဲ့ ပြန်ဖွဲ့
Thursday, August 21, 2014

ပြည်ထဲရေးဝန်ကြီး ဦး ဆောင်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ကို အ သစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။

၂၀၀၂ ခုနှစ်က ဖွဲ့စည်းခဲ့ သည့် တရားမ၀င်နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ပယ်ဖျက်၍ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အဖြစ် အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယင်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌနေရာနှင့်ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အဆင့်မြင့်အရာရှိ ၁၅ ဦး ဦးဆောင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အခု အသစ်ထွက်တဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ အဖွဲ့ဖွဲ့လိုက် တာ။ ဒါမှလည်း လုပ်ငန်းတွေကို ပိုပြီး အရှိန်အဟုန်မြှင့်ပြီး လုပ်နိုင် မှာ။ စီမံချက်တွေကတော့ အများ ကြီး လာတော့မယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ငွေကြေးခ၀ါချမှုနှင့် သက် ဆိုင်သော ဥပဒေသစ်ကို ယခုနှစ် မတ်လ ၁၄ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတို့ အပါအ၀င် ပြစ်မှု ၂၅ မျိုးနှင့်သက်ဆိုင်သော ငွေကြေးကိစ္စ များကို ငွေကြေးခ၀ါချမှုအဖြစ် ဥပဒေတွင် သတ်မှတ်ထားသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ် ဆေးရေး အဖွဲ့နှင့် သတင်းပို့အဖွဲ့တို့အား ဖွဲ့စည်းတာဝန်ပေးထားပြီး ငွေကြေးခ၀ါချမှုများနှင့် အကြမ်းဖက်မှုများတွင် ငွေကြေးထောက်ပံ့သူ တို့ကို စုံစမ်းဖော်ထုတ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက် ဖျက်ရေးအဖွဲ့ (APG)အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၆ ခုနှစ်က ၀င် ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့ (The Financial Action Tack Force) ၏ ငွေကြေးခ၀ါချမှု စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် အရှေ့တောင်အာရှ ဒေသတွင်းမှ အင်ဒိုနီးရှားနိုင်ငံနှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်း ထားဆဲဖြစ်သည်။

7Day News Journal

မြန်မာကျပ်ငွေများရေတွက်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မြန်မာကျပ်ငွေများရေတွက်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်ထဲရေးဝန်ကြီး ဦး ဆောင်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အ သစ်ပြန်လည်ဖွဲ့စည်း လိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။
၂၀၀၂ ခုနှစ်က ဖွဲ့စည်းခဲ့ သည့် တရားမ၀င်နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဗဟို အဖွဲ့ကို ပယ်ဖျက်၍ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အဖြစ် အသစ်ဖွဲ့စည်း လိုက်ခြင်းဖြစ် သည်။ ယင်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌနေရာနှင့်ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူ ကာ အဆင့်မြင့်အရာရှိ ၁၅ ဦး ဦးဆောင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှရဲအရာရှိတစ်ဦး က ပြောသည်။

‘‘အခု အသစ်ထွက်တဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ အဖွဲ့ဖွဲ့လိုက် တာ။ ဒါမှလည်း လုပ်ငန်းတွေကို ပိုပြီး အရှိန် အဟုန်မြှင့်ပြီး လုပ်နိုင် မှာ။ စီမံချက်တွေကတော့ အများ ကြီး လာတော့မယ်’’ဟု အဆိုပါ ရဲအရာရှိ က ပြော သည်။

ငွေကြေးခ၀ါချမှုနှင့် သက် ဆိုင်သော ဥပဒေသစ်ကို ယခုနှစ် မတ်လ ၁၄ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတို့ အပါအ၀င် ပြစ်မှု ၂၅ မျိုးနှင့်သက် ဆိုင်သော ငွေကြေး ကိစ္စ များကို ငွေကြေးခ၀ါချမှုအဖြစ် ဥပဒေတွင် သတ်မှတ်ထားသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေး အဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ် ဆေးရေး အဖွဲ့နှင့် သတင်းပို့အဖွဲ့တို့အား ဖွဲ့စည်းတာဝန်ပေး ထားပြီး ငွေကြေးခ၀ါချမှုများနှင့် အကြမ်းဖက်မှုများတွင် ငွေကြေးထောက်ပံ့သူ တို့ကို စုံစမ်းဖော်ထုတ် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက် ဖျက်ရေးအဖွဲ့ (APG)အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၆ ခုနှစ်က ၀င် ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့ (The Financial Action Tack Force) ၏ ငွေကြေးခ၀ါချမှု စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် အရှေ့တောင်အာရှ ဒေသတွင်းမှ အင်ဒိုနီးရှားနိုင်ငံနှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်း ထားဆဲဖြစ်သည်။

7Day News Journal

No comments:

Post a Comment