Thursday 21 August 2014

အချုပ်သားသုံးဦး အောင်ပင်လယ်အချုပ်ခန်းမှ ထွက်ပြေး၊ တစ်ဦး ပြန်လည်ဖမ်းဆီးရမိဟု ဆို

မဟာအောင်မြေမြို့နယ်၊ အောင်ပင်လယ်ရဲစခန်း အချုပ်ခန်းအတွင်းမှ တာဝန်ကျ ရဲများ၏ ပေါ့လျော့မှုကြောင့် အချုပ်သား သုံးဦးထွက်ပြေးခဲ့ရာမှ တစ်ဦး ပြန်လည် ဖမ်းဆီး ရမိခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အချုပ်ခန်းသစ်သားတိုင်ကို လွှနဲ့ ဖြတ်ပြီး ထွက်ပြေးသွားတာပါ။ ဖြစ်တာကတော့ (သြဂုတ်၂၀ ရက်) နံနက် ၅ နာရီ လောက်မှာဖြစ်တာပါ။ မူးယစ်တရားခံ တစ်ယောက် နဲ့ ခိုးမှု တရားခံနှစ်ယောက်ထွက် ပြေးရာကနေ ခိုးမှု တရားခံတစ်ယောက်ကို ပြန်လည်ဖမ်းမိခဲ့ပါတယ်”ဟု ၎င်းတာ ၀န်ရှိသူက ပြောသည်။

အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်ဖြစ်စဉ်သည် မန္တလေးခရိုင်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ် ပွားခြင်းဖြစ်ပြီး ပထမအကြိမ်တွင် မဟာအောင်မြေတရားရုံး အချုပ်ခန်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တရားခံထွက်ပြေးလွတ်မြောက်မှု မရှိဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်ကနေ ကြပ်မတ်ပြီးတော့ နေ့စဉ် အမြဲတမ်း ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ တာဝန်ပေါ့လျော့မှုကြောင့် အချို့နေရာတွေ မှာ ဖြစ်နေတာ။ ထွက်ပြေးလွတ်မြောက်ပြီဆိုတာနဲ့ ရဲစခန်းထိန်းသိမ်းရေးဥပဒေအရ တာဝန်ကျတဲ့အဖွဲ့တွေ ကို စစ်ဆေးပြီးတော့ အရေးယူ မှာပေါ့။ အနည်းဆုံးရဲတပ်ဖွဲ့ကနေ ထုတ်ပယ်တဲ့ အဆင့် ကနေ ထောင်ချတဲ့ အထိရှိနိုင်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment